သွားမြစ်တုအစားထိုးစိုက်ခြင်း

ဝန်ဆောင်မှုများ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Content Image

သွားမြစ်တုအစားထိုးခြင်းစိုက်ခြင်းသည် မရှိတော့သော သွားများကို အစားထိုးရန်အတွက် မေးရိုးထဲသို့ သွားမြစ်တုစိုက်ထည့်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် သွားမြစ်တုပေါ်တွင် သွားတုစွပ်ကုသခြင်းသည် သဘာဝသွားများနှင့် တူညီသောကြောင့် ကျိုးသွားသောသွားကို ပြန်လည်အစားထိုးရန် ဦးစားပေးကုသနည်းဖြစ်လာပြီး ထိုနည်းသည် မေးရိုးများကိုလည်း မပျက်စီးခြင်းသောကြောင့် မေးရိုးကိုလည်း ထိန်းသိမ်းရာရောက်ပါသည်။

သွားမြစ်တုအစားထိုးကုသမှုခံယူရန်အတွက် ကျန်းမာသောသွားဖုံးနှင့် စိုက်ထားသောသွားမြစ်တုကို ထိန်းပေးနိုင်ရန် သင့်တင့်သော မေးရိုးသန်စွမ်းမှုရှိရန် လိုအပ်ပါသည်။ ကုသပြီးနောက် လူနာမှ စနစ်တကျ ဂရုစိုက်ထိန်းသိမ်းရန်လည်း လိုအပ်ပါမည်။ စိုက်ထားသောသွားမြစ်တု တာရှည်ခံမှုအတွက် စနစ်ကျသော ခံတွင်းသန့်ရှင်းရေးအပြင် သွားဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသစစ်ဆေးရန် အရေးကြီးပါသည်။

ဘန်ကောက်ဆေးရုံကြီး၏ သွားဘက်ဆိုင်ရာကုသမှုစင်တာသည် သွားမြစ်တုစိုက်ခြင်းအတွက် အကောင်းဆုံးကုသမှုပေးလျက်ရှိပြီး  သွား၏လုပ်ငန်းဆောင်တာများ ပြန်လည်ရရှိစေပါသည်။ သွားမြစ်တုစိုက်ခြင်းသည် သင့်အပြုံးကို တောက်ပစေရုံသာမက သွား၏လုပ်ဆောင်နိုင်စွမ်းကို ပြန်လည်ကောင်းမွန်စေပြီး သင့်ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ကျန်းမာ

ကျန်းမာ