သွေးတိုးရောဂါကုသမှုဆေးခန်း

ဝန်ဆောင်မှုများ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Content Image

သွေးပေါင်ချိန်တက်ခြင်း တနည်းအားဖြင့် သွေးတိုးခြင်းသည် နှလုံးသွေးကြောဆိုင်ရာပြဿနာများ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်စေသော အဓိကအကြောင်းအရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အထူးကုဆရာဝန်ကြီးများသည် ထိရောက်သော ကုသမှုပေးရန် သွေးတိုးရောဂါနှင့် တွဲလျက်ရှိနိုင်သည့် ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓါတ်မြင့်မားခြင်း၊ အ၀လွန်ခြင်းနှင့် ဂေါက်ရောဂါ စသည်တို့ကိုပါ စစ်ဆေးပြီး တစ်ဦးချင်းစီနှင့် သင့်လျော်မည့် ကုသမှုပေးလျက်ရှိပါသည်။

သွေးတိုးရောဂါသည် ထင်ထားသည်ထက်ပိုအဖြစ်များပြီး အသက် ၆၀ နှင့် ၆၉ ကြားအရွယ်ရှိ အမျိုးသား‌ဦးရေ၏ တစ်၀က်ခန့်တွင် တွေ့ရပြီး အသက် ၇၀ နှင့်အထက် လူ ၄ ယောက်တွင် ၃ ယောက်မှာ တွေ့ရတတ်ပါသည်။

အ၀လွန်ခြင်း၊ အငန်ဓာတ်များသောအစားအသောက်များကို စားသုံးခြင်း၊ အသီးအရွက်များ အစားနည်းခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်း စသည်တို့သည် သွေးတိုးစေသော အကြောင်းအရင်းများဖြစ်ပါသည်။ 

သွေးတိုးစေသောအကြောင်းများ

သွေးတိုးလူနာများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ သွေးတိုးစေသောအကြောင်းရင်းကို အတိအကျမပြောနိုင်‌သော်လည်း အဓိကအချက်နှစ်ခုကြောင့် သွေးတိုးရောဂါဖြစ်နိုင်ချေ ပိုများစေပါသည်။ 

() မျိုးရိုးမိသားစုရာဇ၀င်တွင် သွေးတိုးရောဂါအခံရှိသောသူများ အထူးသဖြင့် မိဘနှစ်ပါးစလုံးတွင် သွေးတိုးရောဂါရှိလျှင် သားသမီးများတွင် သွေးတိုးရောဂါ ဖြစ်နိုင်ချေများပါသည်။ 

() ပတ်၀န်းကျင်အ၀လွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အငန်လွန်ကဲသော အစားအသောက်များ စားသုံးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စသော နေထိုင်စားသောက်မှုအလေ့အထများသည်လည်း သွေးတိုး‌ရောဂါဖြစ်စေခြင်း အကြောင်းအရင်းများဖြစ်ပါသည်။

() ပထမအဆင့်အလယ်အလတ်အဆင့်သွေးတိုးခြင်း 

များသောအားဖြင့် ဤအဆင့်တွင် ရောဂါလက္ခဏာများ တိတိကျကျ မပြသေးပါ။ သို့သော်လည်း နှလုံးအားနည်းခြင်း၊ နှလုံးကြွက်သားထူခြင်း၊ ကျောက်ကပ်ပျက်စီးစေခြင်း စသည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေနိုင်သောကြောင့် သွေးတိုးရောဂါကိုအသံတိတ်လူသတ်သမားဟု ဆိုကြပါသည်။ 

() ပြင်းထန်အဆင့်သွေးတိုးခြင်း 

ဤအဆင့်တွင် နှာခေါင်းသွေးလျှံခြင်း၊ ခဏတာအမြင်အာရုံပျောက်ဆုံးခြင်း၊ မောပန်းလွယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်း စသည့်ရောဂါလက္ခဏာများ ပိုမိုသိသာထင်ရှားလာပါသည်။ သို့သော်လည်း ထိုရောဂါလက္ခဏာများသည်  ဖျားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းကဲ့သို့ သော အခြားဖျားနာခြင်းကြောင့်လည်း ဖြစ်နိုင်သောကြောင့် အထူးကုဆရာ၀န်နှင့် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းများ ရယူရန် အရေးကြီးလှပါသည်။ သွေးတိုးရောဂါကြောင့် ဖြစ်သော ရောဂါလက္ခဏာများမှာ သွေးပေါင်ချိန်ပုံမှန်ဖြစ်သွားလျှင် သက်သာသွားမှာ ဖြစ်ပါသည်။

ဘန်ကောက်ဆေးရုံကြီး၏ သွေးတိုးရောဂါကုဆေးခန်းတွင် 

  • သွေးတိုးစေနိုင်သော ကျန်းမာရေးပြဿနာများကို ရှာဖွေစစ်ဆေးပေးခြင်း
  • သွေးတိုးစေသော အဓိကအကြောင်းများကို သိရှိရန် ဆွေးနွေးခြင်း
  • သွေးတိုးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုအခြေအနေကို စစ်ဆေးခြင်း တို့ဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပါသည်။
  • သွေးပေါင်ချိန်စံနှုန်း
    ပုံမှန်သွေးပေါင်ချိန် ၁၄၀/၉၀ အောက်  
    ဆီးချိုလူနာများတွင် ၁၃၀/၈၀ အောက် 
    ကျောက်ကပ်မကောင်းသောလူနာများတွင် ၁၂၀/၈၀ အောက် ရှိသင့်ပါသည်။

hypertension clinic

သွေးတိုးရောဂါအား ကာကွယ်ခြင်းနှင့် ရောဂါလက္ခဏာများ ပိုမဆိုးမီ ကုသခြင်း လမ်းညွှန်ချက်များ

() ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

() အသီးအရွက်များများ စားသုံးခြင်း၊ ပြည့်၀ဆီစားသုံးမှုကိုလျှော့ချခြင်း စသည့် သင့်လျော်သောအစားအသောက်ပုံစံဖြင့် စားသောက်ခြင်း

() ဆားလျှော့စားခြင်းအငန်ဓာတ်များသော အစားအစာ နှင့် အချိုမှုန့်ပါ၀င်မှုများသော အစားအစာများအား လျှော့စားခြင်း

() လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းပြင်းထန်သောလေ့ကျင့်ခန်းထက် အေရိုးဗစ်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်း

() အရက်လျှော့သောက်ခြင်းသတ်မှတ်ထားသောပမာဏ ၁ ခွက် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ခြင်း

() ဆေးလိပ်ဖြတ်ခြင်းဆေးလိပ်သောက်ခြင်းသည် ယာယီသွေးတိုးခြင်းကို ဖြစ်စေပြီး သွေးကြောကျဉ်းခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါသည်။ သွေးတိုးရောဂါကို ဆေးကုသမှု မခံယူသည့်အပြင် ဆေးလိပ်ဆက်သောက်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

() စိတ်ဖိစီးမှုကို လျှော့ချခြင်းအိမ်နှင့် အလုပ်တွင် စိတ်ဖိစီးမှုမရှိအောင် တတ်နိုင်သမျှ ကြိုးစားနေထိုင်သင့်ပါသည်။ 

() ဆရာ၀န်ညွှန်ကြားထားသည့်အတိုင်း ဆေးများကို သောက်သုံးပါ။

() သန္ဓေတားဆေးနှင့် အကိုက်အခဲပျောက်ဆေးကဲ့သို့သောဆေးများ သောက်နေပါက ဆရာ၀န်အား အသိပေးပါ။ 

(၁၀) ဆရာ၀န်ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။ 

(၁၁) ညွှန်ကြားထားသော ဆေးများသောက်သုံးနေစဉ် မအီမသာခံစားနေရပါက ဆရာ၀န်အား ချက်ချင်းအကြောင်းကြားပါ။ (ဆေးပမာဏကို ထိန်းညှိရန် လိုအပ်နိုင်သောကြောင့် ဖြစ်ပါသည်။) 

(၁၂) ဆရာ၀န်မှ ဆေးဖြတ်ရန် မပြောမချင်း ညွှန်ကြားသည့်အတိုင်း အချိန်မှန်မှန်သောက်သုံးပါ။

(၁၃) သွေးပေါင်ချိန်ပုံမှန်တိုင်းပါ။ လူနာများအနေဖြင့် နေအိမ်တွင် သွေးပေါင်ချိန်တိုင်းစက် ရှိပါက ဆရာ၀န်မှ အသုံးပြုပုံကို ညွှန်ကြားပေးပါမည်။ နေအိမ်တွင် တစ်ပတ်လျှင်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းကြည့်သင့်ပြီး ခေါင်းကိုက်လျှင်ဖြစ်စေ စိတ်ဖိစီးမှုများလျှင်ဖြစ်စေ လိုအပ်သလို သွေးပေါင်ချိန်တိုင်းကြည့်ရန် အကြံပြုပါသည်။ သွေးပေါင်ချိန်မှတ်တမ်းကို နေ့ရက်၊ အချိန်နှင့် မှတ်သားထားသင့်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ကျန်းမာ

ကျန်းမာ