နိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုဌာနသည် နိုင်ငံတကာမှ လာရောက်သော ကျန်းမာရေးစစ်ဆေးသူများအတွက် ဝန်ဆောင်မှုပေးသောဌာနဖြစ်ပါသည်။ ကျွန်ုပ်တို့ဘန်ကောက်ဆေးရုံကြီးမှ စကားပြန်အဖွဲ့ သည် နိုင်ငံရပ်ခြားတွင် ဆေးကုသနေစဉ် ဘာသာစကားနှင့် အခြားသောအခက်အခဲများရှိပါက ကူညီရန် အသင့်ရှိနေပါသည်။ နိုင်ငံတကာကျန်းမာရေး ဝန်ဆောင်မှုဌာနတွင် ဆရာဝန်များ၊ သူနာပြုများသည် ကမ္ဘာတစ်ဝှမ်းမှ လူနာများအား အကောင်းဆုံးသော ဝန်ဆောင်မှုပေးနေပါသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၁၆၀ ကျော်မှလူနာများသည် အကောင်းဆုံးသော နိုင်ငံတကာဆေးဘက်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အတူ တစ်ဦးချင်းစီ လိုအပ်ချက်အလိုက် စောင့်ရှောက်ကုသမှုများ ရယူလျက်ရှိပါသည်။
ထို့အပြင် နိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုဌာနတွင်
- ဘာသာစကား ၂၆ မျိုးဖြင့် ဘာသာပြန်ဝန်ဆောင်မှုရှိခြင်း
- ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ ကျန်းမာရေးအာမခံများအတွက် အကူအညီပေးခြင်း
- သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခြင်း
- ဘန်ကောက်မြို့ရှိ ဟိုတယ်များတွင် သင့်တင့်သောအခန်းခနှုန်းထားများနှင့် တည်းခိုနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း
- ဆေးရုံတက်စဉ် အစားအသောက်အတွက် အနောက်တိုင်းအစားအစာ၊ ဂျပန်အစားအစာ၊ အိန္ဒိယအစားအစာ စသည်ဖြင့် ရွေးချယ်နိုင်အောင် စီစဉ်ထားခြင်း
- ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ လူနာများအတွက် ဘန်ကောက်ဆေးရုံကြီး၏ အရေးပေါ်ဆေးကုသမှုအဖွဲ့မှ လူနာသွားရောက်လိုသော ဆေးရုံဆီသို့ သွားရာခရီးလမ်းတလျှောက်တွင် လိုအပ်သော အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- နိုင်ငံတကာအဆင့် အရည်အချင်းပြည့်မီသော လေကြောင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များအဖွဲ့မှ ဦးဆောင်သော နေရပ်ပြန်ပို့ခြင်း ဝန်ဆောင်မှု ရရှိနိုင်ခြင်း
- အင်တာနက်မှတဆင့် သိရှိလိုသည့် ဆေးဘက်ဆိုင်ရာအချက်အလက်များကို အခမဲ့ဆွေးနွေးခြင်းနှင့် အကြံဥာဏ်များရယူနိုင်ခြင်း
- စသည့်ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
ဘာသာပြန်ဝန်ဆောင်မှုများ
- Amharic ဘာသာစကား
- အာရပ်ဘာသာစကား (Arabic)
- ဘင်ဂါလီဘာသာစကား (Bengali)
- မြန်မာဘာသာစကား (Burmese)
- စီပူအာနိုဘာသာစကား (Cebuano)
- Chaozhou တရုတ်ဘာသာစကား
- ဒိန်းမတ်ဘာသာစကား (Danish)
- ဒတ်ချ်ဘာသာစကား (Dutch)
- အဂႅလိပ်ဘာသာစကား (English)
- Flemish ဘာသာစကား
- ပြင်သစ်ဘာသာစကား (French)
- ဂျာမန်ဘာသာစကား (German)
- ဟင်ဒီဘာသာစကား (Hindi)
- အီတလီဘာသာစကား (Italian)
- ဂျပန်ဘာသာစကား (Japanese)
- ကန်နာဒါဘာသာစကား (Kannada)
- ခမာဘာသာစကား (Khmer)
- လာအိုဘာသာစကား (Laos)
- မန်ဒရင်းတရုတ်ဘာသာစကား (Mandarin)
- နီပေါဘာသာစကား (Nepalese)
- နော်ဝေဘာသာစကား (Norwegian)
- စပိန်ဘာသာစကား (Spanish)
- ဆွီဒင်ဘာသာစကား (Swedish)
- တဂ္ဂလော့ ဘာသာစကား (Tagalog)
- တမီးလ်ဘာသာစကား (Tamil)
- အူရ်ဒူဘာသာစကား (Urdu)
- ဗီယက်နမ်ဘာသာစကား (Vietnamese)
စသည့်ဘာသာစကားများစွာဖြင့် ဝန်ဆောင်မှုရရှိနိုင်ပါသည်။