နိုင်ငံတကာကော်မရှင် ရွှေတံဆိပ်အတည်ပြုချက်™

Award Image

လူနာများအနေဖြင့် ပြည်ပမှ ဆေးကုသမှုဝန်ဆောင်မှုများကို ရှာဖွေရယူသူများ စဉ်ဆက်မပြတ်တိုးတက်လာသည်နှင့် အမျှ၊ ဆေးရုံကြီးများသည်လည်း လူနာများအား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် တင်းကြပ်သောစီစစ်မှုများလုပ်ဆောင်ရန်လိုအပ်လာပါသည်။ ယနေ့အချိန်မှာတော့ ကမ္ဘာတဝှမ်းရှိ ကျန်းမာရေးဝန်ဆောင်မှုများအတွက် ထိပ်တန်းစံတစ်ခုအနေနှင့် တရားဝင်အသိအမှတ်ပြု သတ်မှတ်ခြင်းထားသော အဖွဲ့အစည်းမှာ Joint Commission International (JCI)ဟုခေါ်သော အမေရီကန်အခြေစိုက်အဖွဲ့အစည်းဖြစ်ပါသည်။ 

JCI အသိအမှတ်ပြုမှုကို ရယူဖို့အတွက် ဆေးရုံများအနေဖြင့် စံနှုန်းပေါင်း၃၀၀ကျော်ကို အခြေပြု၍ ဆေးရုံတွင်း ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆေးရုံဝန်ထမ်းများအား စမ်းစစ်ခြင်းများအပါအဝင် တင်းကြပ်သောလုပ်ထုံးလုပ်စဉ်များဖြင့် သုံးသပ်မှုခံယူရပါသည်။ လူနာများ၏လုံခြုံစိတ်ချမှုအတွက် ရည်မှန်းချက်ထား၍ ဝန်ဆောင်မှုအရည်အသွေးကို စဉ်ဆက်မပြတ်တိုးတက်စေရန် ထဲထဲဝင်ဝင်ဆောင်ရွက်နေသော ဆေးရုံများသာ ဤဂုဏ်ထူးဆောင်မှုကို ချီးမြှင့်ခြင်းခံရမှာဖြစ်ပါသည်။ ထိုမျှမက၊ နိုင်ငံတကာစံချိန်စံနှုန်းများ၏ရည်ရွယ်ချက်သည် အလုံးစုံသော ဝန်ဆောင်မှုများနှင့် ဖြစ်ပေါ်လာသော ရလဒ်များအား စနစ်တကျ စဉ်ဆက်မပြတ်၊ အဖွဲ့အစည်းတစ်ခုလုံးအနေနှင့် တိုးတက်စေရန် လှုံ့ဆော်ပေးရန်သာဖြစ်သည်။

JCI အသိအမှတ်ပြုမှုကို ရရှိအောင်မြင်ခြင်းသည်၊ မိမိတို့အဖွဲ့အစည်းအသိုင်းအဝိုင်းအတွက်သာမက ထိုင်းနိုင်ငံအနေနှင့် ကောင်းမွန်သောကျန်းမာရေးဝန်ဆောင်မှုဌာနတစ်ခုအဖြစ်ပါ မှတ်ကျောက်တင်ထားနိုင်ခြင်းဖြစ်ပါသည်။ ဤသည်မှာ ဘန်ကောက်ဆေးရုံကြီးရှိ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးအကူဝန်ထမ်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသင်းအဖွဲ့များ၏ ကျန်းမာရေးဆောင်ရွက်ချက်များသည် အမေရိကန်ရှိ ကျန်းမာရေးဝန်ဆောင်မှုများ၏စံနှုန်းများနှင့် ကိုက်ညီကြောင်း သို့မဟုတ် သာလွန်ကြောင်း တရားဝင် အသိအမှတ်ပြုထားခြင်းဖြစ်သည်။

 ကမ္ဘာတဝှမ်းတွင် ရွေးချယ်အသိအမှတ်ပြုခံထားရသော ဆေးရုံများအသိုင်းအဝိုင်းကို ဝင်ရောက်ပေါင်းစည်းခွင့်ရသော ဘန်ကောက်ဆေးရုံကြီးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်သည်သာမက ယင်းအသိုင်းအဝိုင်း၏ လူနာများ၏ ဘဝအရည်အသွေး၊ လုံခြုံစိတ်ချမှုနှင့် ကျန်းမာရေးကို စိတ်ရောကိုယ်ပါ၊ထဲထဲဝင်ဝင် အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးသည့် အစဉ်အလာကို အပြည့်အဝ ကျင့်ကြံဝန်းရံပေးနေမှာပဲဖြစ်ပါသည်။

Joint Commission International (JCI) မှ လူနာများ၏ (အခြေအနေ သို့မဟုတ် ရောဂါ) တစ်ခုချင်းစီအတွက် အသိအမှတ်ပြုမှုများ

၂၀၀၂ခုနှစ်တွင်၊ JCIမှ ရောဂါကုသစီမံရေး အစီအစဉ်ပရိုဂရမ်များကို အသိအမှတ်ပြုသတ်မှတ်ရန်အလို့ငှာ၊ ၎င်း၏ ပထမဆုံးသော နိုင်ငံတကာ အစီအစဉ်ပရိုဂရမ်ဖြစ်သော Disease or Condition-Specific Certification (DCSC) လူနာများ၏ (အခြေအနေ သို့မဟုတ် ရောဂါ) တစ်ခုချင်းစီအတွက် အသိအမှတ်ပြုမှုပရိုဂရမ်ကို စတင်ကြေငြာခဲ့ပါသည်။ ထိုဂုဏ်ထူးဆောင်မှုကို ချီးမြှင့်ခြင်းခံရစေရန်အတွက်၊ JCIမှ စမ်းသပ်စစ်ဆေးသူများအသင်းသည် ဆေးရုံ၏ရောဂါကုသစီမံရေး အစီအစဉ်ပရိုဂရမ်တစ်ခုကို ကွင်းဆင်းလေ့လာစမ်းစစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှုများ ပြုလုပ်ရပါသည်။ JCI၏ လူနာအခြေအနေ သို့မဟုတ် ရောဂါ တစ်ခုချင်းစီအတွက် အသိအမှတ်ပြုမှုအတွက် စမ်းစစ်မှုများသည် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုအရည်အသွေးနှင့် လုပ်ငန်းခွင်လုံခြုံရေးများ တိုးတက်စေရန်အလို့ငှာ စီမံထားသော ပြီးပြည့်စုံသည့် စမ်းသပ်စစ်ဆေးမှုအစီအစဉ်သာဖြစ်သည်။

ဘန်ကောက်ဆေးရုံ၌ အောက်ပါနယ်ပယ်များတွင် DCSCအသိအမှတ်ပြုမှတ်တမ်းများ ရရှိထားပါသည်။

ကနဦးလေဖြတ်ခြင်း ကုသရေးပရိုဂရမ်

ခါးနာခြင်း ကုသရေးပရိုဂရမ် 

အမျိုးအစား၂ ဆီးချို ကုသရေးပရိုဂရမ်

ဦးနှောက်ထိခိုက်ဒဏ်ရာ ကုသရေးပရိုဂရမ်

အလုံးစုံ ဒူးအစားထိုး ခွဲစိတ်ကုသရေးပရိုဂရမ်

နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ကုသရေးပရိုဂရမ်

ရင်သားကင်ဆာ ကုသရေးပရိုဂရမ်