မျှော်မှန်းချက်နှင့် ရည်မှန်းချက်

အတွေးအမြင်အယူအဆ

ဘန်ကောက်ဆေးရုံကြီးသည် ဆေးဘက်ဆိုင်ရာ တိုးတက်မှုများအား စာနာကရုဏာစိတ်များနှင့်အတူ ကိုက်ညီသော နေရာဖြစ်သည်။

မျှော်မှန်းချက်များ

အာရှပစိဖိတ်၌ အဆင့်မြင့်ဝန်းဆောင်မှုပေးနိုင်သော ကျန်းမာရေးစောင့်‌ရှောက်သည့်အုပ်စုဖြစ်လာရန်

မစ်ရှင်/ ကျွန်ုပ်တို့၏ခံယူချက်

ထူးခြားကောင်းမွန်သောဆေးကုသမှုအတွေ့အကြုံရရှိရေးအတွက် အဆင့်မြင့်နည်းပညာနှင့် ထိုင်းဧည့်ဝတ်ပြုငှါမှုဖြင့်ပေါင်းစပ်ထားသောပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများအစဉ်တစိုက်ပေးစွမ်းရန် ကျွန်ုပ်တို့ကတိပြုပါသည်။

အရည်အသွေးမူဝါဒ

.ဘန်ကောက်ဆေးရုံကြီးသည် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများကို အကောင်အထည်ဖော်ထားသောကြောင့် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများကိုရရှိနိုင်သည်ကို ယုံကြည်စိတ်ချထားနိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်၏ အရည်အသွေးစံနှုန်းများအရ နိုင်ငံတော်နှင့်/သို့မဟုတ် နိုင်ငံတကာလိုအပ်ချက်များကို အကောင်အထည်ဖော်နိုင်အောင် ရည်ရွယ်ပါသည်။ နှစ်ကာလကြာရှည်စွာတည်ဆောက်ထားသော အတွေ့အကြုံများ, အရှိန်အဟုန်နှင့် အစဉ်အလာများသည် ကျွန်ုပ်တို့၏ အတွင်းလူနာစောင့်ရှောက်မှုအရည်အသွေး သဘောတရားများကို ပုံဖော်နေပါသည်။

ကျွန်ုပ်တို့သည် ဆေးဘက်ဆိုင်ရာရလဒ်များ၊ လူနာဘေးကင်းရေးနှင့် လူနာစိတ်ကျေနပ်မှုတို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် တိုးမြှင့်ပေးဆောင်ရန် ကတိပြုပါသည်။

ဘေးကင်းလုံခြုံရေးမူဝါဒ

ဘန်ကောက်ဆေးရုံကြီးသည် ဧည့်သည်များ၊ ဆေးရုံဝန်ထမ်းများ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများအပေါ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းရေးတို့ကိုလည်း ထိန်းသိမ်းကာ စဉ်ဆက်မပြတ်အောင် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။