ကလေးဖွံ့ဖြိုးမှုနှင့်အာရုံကြောဆိုင်ရာစိတ်ရောဂါအထူးကုဆေးခန်း

Content Image

ရင်သွေးငယ်များ ဖွံ့ဖြိုးမှုနှင့် အာရုံကြောဆိုင်ရာစိတ်ရောဂါအထူးကုစင်တာတွင် ကလေးငယ်များ၏ဖွံ့ဖြိုးမှုနှင့် ပြုစုစောင့်ရှောက်မှုအတွက် ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ ကျွမ်းကျင်သော ကလေးအထူးကုဆရာဝန်ကြီးများမှ ဦးဆောင်ကုသမှုပေးလျက်ရှိပါသည်။


ကျွန်ုပ်တို့၏ ဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ ကလေးအထူးကုဆရာဝန်များသည် စစ်ဆေးဆန်းစစ်ခြင်း၊ ဆွေးနွေးအကြံဉာဏ်ပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနှင့် အပြုအမူဆိုင်ရာ အောက်ပါအခြေအနေများနှင့် အခက်အခဲများရှိနေသည့် ကလေးများအတွက် ကုသပေးလျက်ရှိပါသည်။

စင်တာ၌ ရောဂါရှာဖွေစောင့်ရှောက်မှုပေးလျက်ရှိသော ရောဂါအခြေအနေများ 

  • အရေး၊ အဖတ်၊ အတွက်အချက်စသည့် သင်ကြားနိုင်မှုနှောင့်နှေးခြင်းနှင့် အခြားသောကျောင်းသင်ခန်းစာပိုင်းဆိုင်ရာ သင်ယူမှုနှောင့်နှေးခြင်းများ
  • ADHD ဟုခေါ်သော အာရုံစူးစိုက်မှုလျော့နည်း၍ အလွန်အမင်းတက်ကြွသောရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုအလွန်များခြင်း နှင့် အခြားအမူအကျင့်မူမမှန်ခြင်းများ
  • အကြောလိုက်ခြင်း၊ အကြောဆွဲခြင်းနှင့် အခြား အလားတူ မူမမှန်အကျင့်ဖြစ်ခြင်းအခြေအနေများ
  • နိစ္စဓူဝပုံမှန်လုပ်ဆောင်ချက်များဖြစ်သော အိပ်ခြင်း၊ စားခြင်း၊ အပေါ့အလေးသွားခြင်းဆိုင်ရာ အလေ့အကျင့်များ သင်ကြားပေးရန်ခက်ခဲခြင်း (ဥပမာ အိပ်ရာထဲတွင် အရွယ်လွန် အပေါ့အလေးစွန့်ခြင်း)
  • ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းဆိုင်ရာ အခြေအနေများ (ဥပမာ ဦးနှောက်အကြောသေရောဂါ၊ ဉာဏ်ရည်နိမ့်ခြင်း၊ အော်တစ်ဇင်ရောဂါ၊ အမြင်နှင့်အကြားအာရုံအားနည်းခြင်း)
  • စကားပြောခြင်း၊ ဘာသာစကားတတ်မြောက်ခြင်း၊ လှုပ်ရှားသွားလာမှုဆိုင်ရာ ကျွမ်းကျင်မှုနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတို့တွင် ရွယ်တူကလေးများထက် တတ်မြောက်သင်ယူရန်နှောင့်နှေးခြင်း
  • အမူအကျင့်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာရောဂါများနှင့်ဆက်နွယ်သော နာတာရှည်ရောဂါများ (ဥပမာ မျိုးရိုးဗီဇချို့ယွင်းမှုများ၊ အတက်ရောဂါ၊ လမစေ့မွေးဖွားသောကလေးများ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ)

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ