မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာန

Content Image

မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနသည် မြန်မာလူနာများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေသောဌာနတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့ဘန်ကောက်ဆေးရုံကြီးမှ စကားပြန်အဖွဲ့ သည် နိုင်ငံရပ်ခြားတွင် ဆေးကုသနေစဉ် ဘာသာစကားနှင့် အခြားသောအခက်အခဲများရှိပါက ကူညီရန် အသင့်ရှိနေပါသည်။

ထို့အပြင် မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနတွင်

  • မြန်မာဘာသာဖြင့် ဘာသာပြန်ခြင်းဝန်ဆောင်မှု
  • ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ ကျန်းမာရေးအာမခံများအတွက် အကူအညီပေးခြင်း
  • သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခြင်း
  • ဘန်ကောက်မြို့ရှိ ဟိုတယ်များတွင် သင့်တင့်သောအခန်းခနှုန်းထားများနှင့် တည်းခိုနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း
  • ဆေးရုံတက်စဉ် အစားအသောက်အတွက် မြန်မာအစားအစာ၊ အနောက်တိုင်းအစားအစာ၊ ဂျပန်အစားအစာ စသည်ဖြင့် ရွေးချယ်နိုင်အောင် စီစဉ်ထားခြင်း
  • ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ လူနာများအတွက် ဘန်ကောက်ဆေးရုံကြီး၏ အရေးပေါ်ဆေးကုသမှုအဖွဲ့မှ လူနာသွားရောက်လိုသော ဆေးရုံဆီသို့ သွားရာခရီးလမ်းတလျှောက်တွင် လိုအပ်သော အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
  • နိုင်ငံတကာအဆင့် အရည်အချင်းပြည့်မီသော လေကြောင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များအဖွဲ့မှ ဦးဆောင်သော နေရပ်ပြန်ပို့ခြင်း ဝန်ဆောင်မှု ရရှိနိုင်ခြင်း
  • အင်တာနက်မှတဆင့် သိရှိလိုသည့် ဆေးဘက်ဆိုင်ရာအချက်အလက်များကို အခမဲ့ဆွေးနွေးခြင်းနှင့် အကြံဥာဏ်များရယူနိုင်ခြင်း စသည့်ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်