အတွင်းလူနာအခန်း ပြင်ဆင်ထားခြင်း
ဘန်ကောက်ဆေးရုံကြီးတွင် ဆေးရုံတက်ရသူများအတွက် လူနာ၏လိုအပ်ချက်အလိုက် အဆင်ပြေမှုရှိစေရန် အတွင်းလူနာခန်းများကို လူနာတစ်ဦးချင်းအတွက် ပုံမှန်အခန်းမှ တော်ဝင်အခန်းအထိ ရွေးချယ်တက်ရောက်နိုင်ရန် စီစဥ်ထားပါသည်။ သီးသန့်ခန်းများအားလုံးကို လူနာသက်တောင့်သက်သာရှိစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် ပြင်ဆင်ထားပါသည်။ ဘန်ကောက်ဆေးရုံကြီးရှိ အခန်းများအားလုံးတွင် အောက်ပါ ပြင်ဆင်ထားရှိမှုများ ပါဝင်ပါသည်။
- သက်တောင့်သက်သာဖြင့် အနားယူဆေးကုသနိုင်ရန် သင်ကိုယ်တိုင် ထိန်းညှိဆောင်ရွက်နိုင်သော ကုတင်
- အင်္ဂလိပ်၊ ထိုင်း၊ ဘင်္ဂလာ၊ အာရပ်ဗစ်၊ ပြင်သစ်၊ ဂျာမန်နှင့် အခြားနိုင်ငံခြားဘာသာစကား အစီအစဉ်များပါဝင်သော ရုပ်မြင်သံကြားလိုင်းများ
- လူနာများလိုအပ်သည့်အချိန်တွင် သူနာပြုများ သင့်အခန်းသို့ တိုက်ရိုက်လာရန် သို့မဟုတ် သင်စကားပြောရန်အတွက် ကျွန်ုပ်တို့၏ Intercom ခလုတ်နှိပ်စနစ်မှတစ်ဆင့် သူနာပြုခေါ်ဆိုခြင်းဝန်ဆောင်မှု
- သင့်ကိုအဖော်ပြုမည့် သင့်သူငယ်ချင်းနှင့် မိသားစုအတွက် အဆင်ပြေသက်တောင့်သက်သာရှိစေရန် ဆိုဖာကုတင်တစ်လုံး
- အခန်းတိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာခေါ်ဆိုမှုအတွက် တယ်လီဖုန်းရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပါသည်။
- လေအေးပေးစက်ကို အခန်းတိုင်းတွင် တပ်ဆင်ထားပြီး ၎င်း၏ကိုယ်ပိုင်သာမိုမီတာထိန်းချုပ်မှုဖြင့် သက်တောင့်သက်သာရှိစေသောအပူချိန်ကို သတ်မှတ်နိုင်ပါသည်။
- မိုက်ခရိုဝေ့
- ရေခဲသေတ္တာ
- အရည်အသွေးမြင့် ရေချိုးခန်းသုံး အသုံးအဆောင်များ
- မီးခံသေတ္တာ
- အခမဲ့အင်တာနက်အသုံးပြုခွင့်
- အခမဲ့ အင်္ဂလိပ်ဘာသာ သတင်းစာ
- အတွင်းလူနာများအသုံးပြုနိုင်သော စာကြည့်တိုက်