အဆင့်မြင့်ဒဏ်ရာကုသမှုစင်တာ

Content Image

အဆင့်မြင့်အနာများကုသမှုစင်တာ

ဘန်ကောက်ဆေးရုံကြီး၏ အဆင့်မြင့်အနာများကုသမှုစင်တာသည် ဆေးဘက်ဆိုင်ရာအခြေအနေအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာအမျိုးအစားအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ကုသပေးနိုင်သော အထူးကုစင်တာတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့်

() ဆီးချိုကြောင့်ဖြစ်သောအနာများ၊ အာရုံကြောထိခိုက်ပျက်စီးပြီးဖြစ်သော အနာများ

() အိပ်ရာ သို့မဟုတ် ဘီးတပ်ကုလားထိုင် ရေရှည်အသုံးပြုရသောကြောင့် ဖြစ်သော အိပ်ရာနာများ

() သွေးကြောဆိုင်ရာပြဿနာများကြောင့် အရေပြားပေါက်ပြဲနေသော နာတာရှည် သွေးကြောအနာများ

() အာရုံကြောဆိုင်ရာခွဲစိတ်ဒဏ်ရာများ

() ဓာတ်ရောင်ခြည်သင့်ခြင်း နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်လာသော အနာများ

() မီး သို့မဟုတ် ရေနွေးပူလောင်ခြင်းကြောင့်ဖြစ်သော အပူလောင်ဒဏ်ရာများ နှင့်

() ၄ ပတ်အတွင်းမပျောက်ကင်းဘဲ နာတာရှည်ဖြစ်နေသော ဒဏ်ရာများ

ထိခိုက်ဒဏ်ရာကို သိအောင်အလျင်လုပ်ပါ။

အရေပြား စုတ်ပြဲ ပြတ်တောက်၊ ထိုးဖောက်ခံရခြင်းကြောင့်ဖြစ်သောဒဏ်ရာကို အပွင့်ဒဏ်ရာ (open wound) ဟုခေါ်သည်။ အရေပြားထိခိုက်ဒဏ်ရာရသောအခါ ခန္ဓာကိုယ်တွင် အလိုအလျောက်တုန့်ပြန်မှုအနေဖြင့် အနာကျက်ဖြစ်စဉ် ဖြစ်လာပါသည်။

အနာကျက်ခြင်းဖြစ်စဉ်သည် ဒဏ်ရာရပြီးနောက် အရေပြားနှင့်ပျက်စီးသွားသောတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးသည့် ရှုပ်ထွေးသောဇီဝဖြစ်စဉ်တစ်ခုဖြစ်သည်။ သွေးတိတ်စေခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်များ ပွားပြီး တစ်သျှူးသစ်ဖြစ်လာခြင်း၊ ဆဲလ်များ ကြီးထွားရင့်သန်လာခြင်း စသည့်အဆင့် ၄ ဆင့်ဖြင့် အနာကျက်စေပြီး ပုံမှန်အတိုင်းပြန်ဖြစ်လာစေပါသည်။

012

အနာကျက်ခြင်းဖြစ်စဉ်

အနာကျက်ခြင်းဖြစ်စဉ်သည် လူနာအခြေအနေပေါ်မူတည်၍ ကောင်းလာသည်ရှိသလို ဆိုးသွားနိုင်သည်လည်း ရှိနိုင်ပါသည်။ အနာကျက်ခြင်းတွင် အဆင့် ၄ ဆင့် ရှိပါသည်။

() သွေးတိတ်စေခြင်း

အနာကျက်ခြင်း၏ ပထမလုပ်ငန်းစဉ်မှာ သွေးတိတ်စေခြင်း ဖြစ်သည်။ သွေးခဲခြင်းဖြင့် ဒဏ်ရာကို လျင်မြန်စွာပိတ်သွားစေသည်။ အရေပြားဒဏ်ရာရရှိပြီးနောက် ခန္ဓာကိုယ်အတွင်းမှ သွေးများယိုစိမ့်လာသောအခါတွင် သွေးခဲခြင်းစတင်သည်။ သွေးထွက်နည်းသွားအောင် သွေးကြောကိုကျုံ့စေပြီး ထိခိုက်မိသွားသော သွေးကြောကို ပြန်ဖာထေးနိုင်အောင် သွေးဥမွှားများစုလာပါသည်။ သွေးဥမွှားအစုအဝေးမှတဆင့် အမျှင် (fibrin) ကွန်ယက်များဖြစ်လာပြီး သွေးတိတ်စေပါသည်။

() ရောင်ရမ်းခြင်း

ဒဏ်ရာရသောသွေးကြောမှ transudate ခေါ် အရည်များထွက်လာသောအခါ အနာဝန်းကျင်မှာ ရောင်ရမ်းလာပါသည်။ ရောင်ရမ်းခြင်းသည် သွေးထွက်ခြင်းနှင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးပါသည်။  ရောင်ရမ်းသည့်အဆင့်တွင် ပျက်စီးနေသောဆဲလ်များနှင့် ရောဂါပိုးမွှားများကို သွေးဖြူဥများနှင့် macrophage တို့က ဖယ်ရှားပေးပါသည်။ ဤအဆင့်တွင် ရောင်ရမ်းခြင်း၊ ပူခြင်း၊ နာခြင်း၊ နီခြင်းတို့ကို တွေ့ရတတ်သည်။  ရောင်ရမ်းခြင်းသည် အနာကျက်ခြင်းလုပ်ငန်းစဉ်၏ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကြာရှည်ပါက သို့မဟုတ် အလွန်အမင်းရောင်ရမ်းပါက ပြဿနာဖြစ်လာနိုင်ပါသည်။

() ဆဲလ်ပွားပြီး တစ်သျှူးသစ်ပြန်ဖြစ်လာခြင်း

ဤအဆင့်တွင် ဒဏ်ရာပြန်ကောင်းစေရန် ဆဲလ်များ ပွားပြီး တစ်သျှူးအသစ်ဖြစ်လာစေခြင်းဖြစ်သည်။ တစ်သျှူးအသစ်များဖြစ်လာသည်နှင့်အမျှ ဒဏ်ရာကျုံ့သွားပါသည်။ သွေးကြောကွန်ရက်သစ်များဖြစ်လာပြီး အသားနုကို အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ လုံလောက်စွာရရှိစေပါသည်။ အသားနုတက်ပြီး အနာပြန်ကျက်လာစေရန် ဆဲလ် တစ်သျှူးများပွားခြင်း၊ ဒဏ်ရာ၏အစွန်းဘက်တွင် အနာကိုဆွဲကျုံ့ပေးနိုင်စွမ်းရှိသော ဆဲလ်များပွားခြင်းတို့ ဖြစ်လာပါသည်။ အနာကောင်းစွာကျက်ခြင်းတွင် အသားနုသည် ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်ပြီး အလွယ်တကူ သွေးထွက်ခြင်းမရှိပါ။  အရောင်ရင့်မှောင်နေသော အသားနုဖြစ်နေပါက ပိုးဝင်ခြင်း၊သို့မဟုတ် သွေးစီးဆင်းမှုမကောင်းခြင်းတို့ဖြစ်နိုင်ပါသည်။ အနာ၏အစိုဓာတ်နှင့် ရေဓာတ်ကို ထိန်းထားပါက ဆဲလ်ပွားခြင်း၏နောက်ဆုံးအဆင့်ဖြစ်သော အရေပြားမျက်နှာပြင်ကို ပြန်လည်ကောင်းမွန်စေသည့်အဆင့်သည် ပိုမြန်စေပါသည်။ ကော်လာဂျင်ဓာတ်သည်လည်း ဒဏ်ရာအနာကျက်ခြင်းကို အားဖြည့်ပေးပါသည်။

() ဆဲလ် တစ်သျှူးများ ဖွံ့ဖြိုးလာခြင်း

အနာပိတ်သွားသောအခါ ဆဲလ် တစ်သျှူးများ ဖွံ့ဖြိုးရင့်သန်သောအဆင့်ဖြစ်လာပါသည်။  ဆဲလ်ပွားမှုအဆင့်တွင် ရှိခဲ့သော ကော်လာဂျင်သည် ပုံပန်းမကျသောကြောင့် အနာဖေးထူလာပြီး ဤအဆင့်တွင် မလိုတော့သော ဆဲလ်အသေများကို ဖယ်ရှားပါသည်။  ဆဲလ် တစ်သျှူးများ ဖွံ့ဖြိုးရင့်သန်လာသည့်အဆင့်တွင် ကော်လာဂျင်များ ညီညာစွာပေါင်းစပ်လာပြီး အမာရွတ်အထူကိုပါးလာစေကာ အနာဝန်းကျင်ရှိ အရေပြားကို တောင့်တင်းသန်မာလာစေပါသည်။ ယင်းသို့ချိတ်ဆက်အားဖြည့်ထားသော်လည်း အနာကျက်ထားသောအရေပြားသည် ဒဏ်ရာမရှိသောအရေပြားထက် သန်မာမှုအားနည်းနေသေးပါသည်။

အနာကျက်ခြင်းအဆင့်များသည် ရှုပ်ထွေးသောကြောင့် အနာကောင်းစွာမကျက်ပါက နာတာရှည်အနာ ဖြစ်စေနိုင်ပါသည်။ နာတာရှည်အနာဖြစ်စေသော အကြောင်းရင်းများမှာ သွေးပြန်ကြောရောဂါ၊ အနာပိုးဝင်ခြင်း၊ ဆီးချိုရောဂါနှင့် သက်ကြီးရွယ်အိုများတွင် ဇီဝဖြစ်စဉ် ချို့ယွင်းမှု တို့ဖြစ်ပါသည်။

ရုတ်တရက်ဖြစ်သောအနာနှင့် နာတာရှည်အနာ ကွာခြားချက်များ

ရုတ်တရက်ဖြစ်သောအနာသည် ပုံမှန်အနာကျက်ဖြစ်စဉ်ဖြစ်သော သွေးတိတ်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်ပွားခြင်းနှင့် ဆဲလ် တစ်သျှူးဖွံ့ဖြိုးရင့်သန်လာခြင်းဖြင့် အနာကျက်ပြီး ပြန်ကောင်းသွားပါသည်။ သို့သော် ယင်းအနာကျက်ဖြစ်စဉ် ချို့ယွင်းချက်ရှိပါက နာတာရှည်အနာအဖြစ်ပြောင်းသွားပြီး အနာပြန်ကောင်းရန် အချိန်ကာလကြာမြင့်ပါသည်။ နာတာရှည်အနာဆိုသည်မှာ လေးပတ်အတွင်း မပျောက်နိုင်သောအနာကို ရည်ညွှန်းပါသည်။

အဆင့်မြင့်အနာကို စောင့်ရှောက်မှု ဝန်ဆောင်မှုများ

အောက်ပါအနာများအတွက် ပြီးပြည့်စုံသောစောင့်ရှောက်မှု ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

  • ခွဲစိတ်ဒဏ်ရာများမှလွဲ၍ ၄ ပတ်အတွင်း ကောင်းစွာမပျောက်သော နာတာရှည်အနာအမျိုးအစားအားလုံး
  • ကုသမှုမအောင်မြင်ခဲ့သော အနာများ

LINE CENTER ID: @BHQSurgery


 

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အဆင့်မြင့်ဒဏ်ရာကုသမှုစင်တာ

ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ