ဆီးလမ်းကြောင်းအထူးကုစင်တာ

Content Image

ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်အထူးကုတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ၊ အမျိုးသားများ၏ မျိုးပွားမှုစနစ်နှင့် သက်ဆိုင်သောကျန်းမာရေးပြဿနာများ ပါဝင်ပါသည်။ ဆီးလမ်းကြောင်းရှိအင်္ဂါများမှာ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးအိတ်၊ ဆီးလမ်းကြောင်းနှင့် အမျိုးသားမျိုးပွားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် ဝှေးစေ့၊ သုတ်ထွက်ရာလမ်းကြောင်း၊ ဆီးကျိတ်၊ လိင်တံ စသည်တို့ဖြစ်ပါသည်။ 

ဆီးလမ်းကြောင်းခွဲစိတ်မှုတွင် အောက်ပါအထူးပြုဘာသာရပ်များကို ထပ်မံခွဲခြားထားပါသည်။ 

  • ဆီးလမ်းကြောင်းကို မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးပြီး ခွဲစိတ်ခြင်း 
  • ဝမ်းဗိုက်တွင် ခွဲစိတ်ရာအသေးလေးမှတဆင့် မှန်ပြောင်းအကူအညီဖြင့် ခွဲစိတ်ခြင်း
  • အာရုံကြောဆိုင်ရာ ဆီးလမ်းကြောင်းခွဲစိတ်ခြင်း
  • ကလေးဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်ခြင်း
  • အမျိုးသားမျိုးပွားလမ်းကြောင်းဆိုင်ရာခွဲစိတ်ခြင်း
  • အမျိုးသမီးဆီးလမ်းကြောင်းခွဲစိတ်ခြင်း
  • ဆီးလမ်းကြောင်းနှင့်အမျိုးသားမျိုးပွားလမ်းကြောင်းဆိုင်ရာခွဲစိတ်ခြင်း 

ဘန်ကောက်ဆေးရုံကြီးရှိ ကျွန်ုပ်တို့၏အထူးကုဆရာဝန်များအဖွဲ့တွင် ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်များ၊ ကျောက်ကပ်အထူးကုဆရာဝန်များနှင့် အစားထိုးပြုပြင်ခွဲစိတ်အထူးကုဆရာဝန်များ ပါဝင်ပြီး အဆင့်မြင့်ရောဂါရှာဖွေရေးကိရိယာများဖြင့် သင့်လျော်သောခွဲစိတ်ကုသမှုပေးလျက်ရှိပါသည်။

  • အမျိုးသမီး ဆီးလမ်းကြောင်းဆိုင်ရာ စစ်ဆေးခြင်း 
  • ကျောက်ကပ်၊ အမျိုးသားမျိုးပွားအဂႅါနှင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုတို့ကို စစ်ဆေးကုသခြင်း
  • ကျောက်ကပ်အစားထိုးခြင်း
  • အမျိုးသားတွင် မျိုးဆက်မပွားနိုင်ခြင်းအတွက်ကုသခြင်း
  • ပန်းသေ/ပန်းညှိုးအတွက် ကုသခြင်း
  • ကလေးဆီးလမ်းကြောင်းဆိုင်ရာပြုပြင်ခွဲစိတ်ခြင်း
  • အမျိုးသားလိင်တံဆိုင်ရာ ပြုပြင်ခွဲစိတ်ခြင်း
  • ဆီးကျိတ်ကြီးခြင်းကို ကုသခြင်း
  • လိင်အဂႅါပိုင်းဆိုင်ရာ ခွဲစိတ်ခြင်း
  • ဆီးလမ်းကြောင်းနှင့် ဆီးအိမ်အတွင်း ကျောက်တည်ခြင်းကို ကုသခြင်း
  • ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါကို ခွဲစိတ်ကုသခြင်း
  • အမျိုးသားနှင့်အမျိုးသမီးများ အသက်အရွယ်မရွေး ဆီးသွားခြင်းနှင့်သက်ဆိုင်သောပြဿနာများ ကုသခြင်း                                                                                                                                   

သင့်တွင် ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ရောဂါလက္ခဏာများ ခံစားရပါက ကျွန်ုပ်တို့၏ အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေး၍ သင့်လျော်သောကုသမှုများခံယူရန် အကြံပြုအပ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ဆီးလမ်းကြောင်းအထူးကုစင်တာ

တတိယထပ်၊ C Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌‌နေ ၃ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ