BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာ

BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာသည် ထိုင်းနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများမှ အရေးပေါ်ကျန်းမာရေးကိစ္စရပ်ခေါ်ဆိုမှုများကို ဘန်ကောက်ဆေးရုံကြီး၏အရေးပေါ် ဆေးပညာနှင့် နှလုံးအထူးကြပ်မတ်ကုသဆောင်မှ ကျန်းမာရေးစောင့်ရှောက်သူများမှ ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းရေးနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာကျွမ်းကျင်သူများအနေဖြင့် ကူညီဆောင်ရွက်ပါသည်။ အဖွဲ့၀င်များအားလုံးသည် လေကြောင်းဆေးပညာနှင့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အထူးလေ့ကျင့်မှုများ ပြီးမြောက်ခဲ့ကြသူများဖြစ်ပါသည်။ ထိုဆရာဝန်များနှင့် သူနာပြုများသည် အဆင့်မြင့်အရေးပေါ်အသက်ကယ်နည်း၊ နှလုံးရောဂါ၊ ကလေးငယ်နှင့် မွေးကင်းစကလေးဆိုင်ရာ ကျွမ်းကျင်သူများဖြစ်ပြီး လူနာတင်ယာဉ်ယာဉ်မောင်းများသည်လည်း EMT B အရည်အချင်းပြည့်မီသူများ ဖြစ်ပါသည်။

ပြီးပြည့်စုံသောသယ်ယူပို့ဆောင်ရေးပုံစံများ

ကျွန်ုပ်တို့၏ သီးသန့် CAMTS*- အသိအမှတ်ပြု လူနာတင်ယာဉ်ကိုအသုံးပြု၍ လေကြောင်း၊ ကုန်းကြောင်း သို့မဟုတ် ရေကြောင်းဖြင့် အရေးပေါ် ရွှေ့ပြောင်းခြင်းကို လုပ်ဆောင်ပါသည်။

  • အဆင့်မြင့် မြေပြင်လူနာတင်ယာဉ် ၄၇ စီး – Mercedes Benz Sprinter သို့မဟုတ် Commuter

  • မော်တော်ဆိုင်ကယ် လူနာတင်ယာဉ်များယာဉ်အသွားအလာ ထူထပ်သောလမ်းတွင် မော်တော်ဆိုင်ကယ်ဖြင့် အရေးပေါ်အသက်ကယ်ကျွမ်းကျင်သူ ဆရာဝန် သို့မဟုတ် သူနာပြုမှ အခြေခံအရေးပေါ်အသက်ကယ်ဆေးပစ္စည်းများသယ်ဆောင်ပြီး လူနာအား အရေးပေါ်စောင့်ရှောက်မှုပေးခြင်း 


  • ကျွန်းပေါ်ရှိ လူနာများအတွက် ရေကြောင်းလူနာတင်ယာဉ်များ
  • လေကြောင်းလူနာတင်ယာဉ် ATR 72-500 (အင်ဂျင်နှစ်လုံး၊ range 825 nautical miles) တွင် လူနာ ၂ ယောက်ကို စောင့်ရှောက်ရန် နေရာအကျယ်အဝန်း၊ လုံလောက်သော လေယာဉ်တံခါးအကျယ်အဝန်း၊ ခေတ်မှီမော်တာစနစ်ဖြင့် လူနာတင်ခြင်း၊ အထူးကြပ်မတ်ကုသခြင်းနှင့် အထူးကိရိယာများအတွက်နေရာ၊ သယ်ယူပို့ဆောင်ရေးအတွက် အထူးတပ်ဆင်ထားသောပစ္စည်းကိရိယာများပါဝင်ခြင်း
  • Air ambulance Hawker 800 range 2,390 nautical miles
  • Air ambulance Cessna Citation Bravo range 1,744 nautical miles
  • ရဟတ်ယာဉ် လူနာတင်ယာဉ် Airbus H145 range 442 nautical miles
  • ရဟတ်ယာဉ် လူနာတင်ယာဉ် Eurocopter EC14 range 370 nautical miles

ကုန်းကြောင်းနှင့် လေကြောင်းလူနာတင်ယာဉ်တွင် အသုံးပြုနိုင်သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ 

  • Transport ECMO

  • IABP

  • Incubator

  • Isolation unit

အခြေခံနှင့် အဆင့်မြင့်အရေးပေါ်အသက်ကယ်စောင့်ရှောက်မှုဆိုင်ရာ ဆေးပစ္စည်းများနှင့် အထူးစောင့်ရှောက်မှု လူနာတင်ယာဉ်များတွင် ကူးစက်မှုထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို စနစ်အကျဆုံး ဆောင်ရွက်ထားပါသည်။ ကုန်းလမ်းလူနာတင်ယာဉ်ထွက်ခွာမှုသည် နှစ်မိနစ်အတွင်း ဖြစ်ပြီး ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်စနစ်ဖြင့် လူနာလာရာလမ်းကြောင်းခြေရာခံစနစ်မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထိရောက်သော လူနာကိစ္စစီမံခန့်ခွဲပါသည်။

BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာသည် ကမ္ဘာတစ်ဝှမ်းရှိ လူနာများ သီးသန့်လေယာဥ်ဖြင့်နေရပ်ပြန်ပို့ခြင်းအတွက် လွယ်ကူချောမွေ့စေရန်နှင့် အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ရန် ကျွန်ုပ်တို့၏ဆရာဝန်များနှင့် သူနာပြုများသည် သက်ဆိုင်ရာဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားထားကြပါသည်။ ယနေ့အထိ BDMS ဆေးဘက်ဆိုင်ရာကယ်ဆယ်ပို့ဆောင်ရေးစင်တာသည် သြစတြေးလျ၊ ဥရောပ၊ မြောက်အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများသို့ လူနာများဆေးကုသမှုဆောင်ရွက်ပြီး နေရပ်ပြန်ပို့ရေးကိစ္စရပ်များကို လုပ်ဆောင်ခဲ့ပါသည်။


*Commission on Accreditation of Medical Transport Systems

ကျန်းမာ

ကျန်းမာ