အသက် (၅၀)၀န်းကျင် အမျိုးသားအရွယ်တွေမှာ ၅၀%<br />
Benign Prostatic Hyperplasia-poster

အသက် (၅၀)၀န်းကျင် အမျိုးသားအရွယ်တွေမှာ ၅၀%
Benign Prostatic Hyperplasia

အသက် (၅၀)၀န်းကျင် အမျိုးသားအရွယ်တွေမှာ ၅၀% Benign Prostatic Hyperplasia ဆိုတဲ့ ဆီးကျိတ်ကြီးတဲ့ ရောဂါ ဖြစ်နိုင်ပါတယ်။ အသက်( ၇၀)အထက်ဆိုရင် ၈၀ % ထိ ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းလူနာ၃ ယောက်မှာ ၁ ယောက် ဆီးကျိတ်ကြီးခြင်းဝေဒနာ ကိုခံစားနေရပြီး ဆရာဝန်တွေနဲ့ ကုသနေရပါတယ်။

ထို့ကြောင့် နေ့စဥ် လုပ်ငန်းဆောင်တာထိခိုက်မှုဖြစ်တဲ့ထိမစောင့်ပဲဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး  ကုသမှုများ၊ လိုအပ်ပါက ဆေးရုံ၊ဆေးခန်းမှာပြသဖို့ သတိပေးပါရစေ။

Free consultation

သင့်မှာ ဒီရောဂါလက္ခဏာများ ခံစားနေရပြီလား။?

အမျိုးသားတွေမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ခံစားနေရသူများ ရှိပါသလား?

ဒီလို လက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင်ဖြင့် အမြန်ဆုံးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး  ကုသမှုများ ခံယူသင့်ပါတယ်။

ဆီးကျိတ်ကြီးခြင်းအတွက် ကုသနည်း ၃ မျိုး ရှိပါတယ် ။

မကုသမှီစစ်ဆေးခြင်းအနေဖြင့်

  • ယေဘုယျအားဖြင့် စအိုမှတဆင့် ဆရာဝန်မှလက်ဖြင့်ဆီးကျိတ်သွင်ပြင်ကိုစစ်ဆေးခြင်း,Digital rectal စစ်ဆေးခြင်းလို့သိကြပါတယ်  
  • ဆီးကျိတ်အရွယ်အစားတိုင်းတာခြင်းကို အာထွာဆောင်းဖြင့် တိုင်းတာပြီး ဆီးကျိတ်ကင်ဆာ ဇီဝအမှတ်အသား (PSA)ကို သွေး ကနေတဆင့် စစ်ဆေးခြင်း
  • ဆီးပြင်းအားနှင့်ဆီးသွားနှုန်းကိုစက်ဖြင့်တိုင်းတာခြင်း စသဖြင့်အချက်အလက်ကိုအရင်ရှာဖွေ ပါတယ်

ကျွန်ုပ် တို့အနေဖြင့် ဆီးကျိတ်ကြီးခြင်းအတွက်ကုသမှုကို ဝန်ဆောင်မှု ပေးရန် အဆင်သင့်ပါပဲ

 

 

သောက်ဆေးဖြင့်ကုသခြင်း

သောက်ဆေးများသည် ဆီးကျိတ်ရောဂါကို ရောဂါ အလယ်အလတ်အဆင့်တို့တွင် အသုံးပြုပါတယ် ဆီးကျိတ်ကြီးစေသာကြွက်သားတစ်ရှူးကိုဖြေလျော့ပေးခြင်းဖြင့် ဆေးကအဓိကကူညီပါတယ်

Free consultation Read more

 

 

ခွဲစိတ်ကုသခြင်း

သေးငယ်သော မှန်ပြောင်းကို ဆီးလမ်းကြောင်းမှတဆင့်ထည့်သွင်းကာ bipolar electrode သို့မဟုတ် လေဆာ ရောင်ခြည်ဖြင့် ဆီးသွားရာလမ်းကြောင်းတွင်ပိတ်ဆို့နေသည့် ဆီးကျိတ်အပို တစ်ရှူးများကို ဖယ်ရှား ခြင်းဖြစ်ပါတယ်အားသာချက်များမှာ သွေးဆုံးရှုံးခြင်းနည်းပြီး နာလန်ထမြန်ဆန်ခြင်းတို့ပဲပါတယ်။

Free consultation Read more

 

 

ရေနွေးငွေ့ကုထုံး

ဆီးလမ်းကြောင်းမှတစ်ဆင့်မှန်ပြောင်းထည့်၍ ဆီးလမ်းကြောင်းကိုပိတ်ဆို့နေသောဆီးကျိတ်ကိုရေနွေးငွေ့ကိုအသုံးပြု၍ကုသခြင်းဖြစ်ပါတယ်။ အချိန် ၁၀ – ၁၅မိနစ်ခန့်သာပေးရန်လိုအပ်ပြီး ထိခိုက်မှုမရှိစေသော‌အကျိုးကျေးဇူးများလည်းရရှိနိုင်ပါတယ်။

Free consultation Read more

 

🌟 ထပ် ‌ေလာင်းဖြည့်စွက်ချက်အရ အထက်ပါ ရောဂါလက္ခဏာများသည် ဆီးကျိတ်ကင်ဆာနှင့်လည်း ဆက်စပ်မှုရှိနိုင်သည်။ဆီးကျိတ်ကင်ဆာဖြစ်ခဲ့မည်ဆိုပါက Da Vinci Xi စက်ရုပ်အကူအညီဖြင့်ကျွမ်းကျင်သော အထူးကု ဆရာဝန်ကြီးများက တိကျသေချာစွာ ဆောင်ရွက်ပေးနေပါတယ်။

ကုသမှုရာတွင် အရေးပါသော အကြောင်းအရာက ဘာလဲဆိုတာ သင်သိပါသလား ?

ဆရာဝန်နှင့်ပြန်လည်ပြသခြင်းက အရေးကြီးဆုံး အပိုင်းပါပဲ

ဆရာဝန်တွေရဲ့ ကျွမ်းကျင် ကုသမှု အပိုင်းအပြီးပုံမှန်ပြန်လည်ပြသခြင်းသည် လူနာကို မြန်မြန်နာလန်ထ စေနိုင်ပါတယ် ။

Free consultation


For more information, please contact

Men’s Health & Prostate Center
3rd Floor, Building C, Bangkok Hospital
Tel. +662 2310 3000 or Local call 1719
Email: [email protected] 
Open every day from 8.00 – 15.00 hrs.