အဆစ်အမြစ်ရောင်ရောဂါသည် အလိုအလျောက် ကိုယ်တွင်းတုန့်ပြန်မှုရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အဆစ်အမြစ်များ ကြာရှည်စွာရောင်ရမ်းနာကျင်ခြင်းတို့ကိုဖြစ်စေပါသည်။
အဆစ်အမြစ်ရောင်ရောဂါသည် ခန္ဓာကိုယ်အဆစ်အမြစ်များကြာရှည်စွာရောင်ရမ်းမှုကိုဖြစ်စေပြီး အရိုးနု၊ အရိုးနှင့် အရွတ်များကိုပျက်စီးစေကာ ခန္ဓာကိုယ်အဆစ်များ၏ပုံသဏ္ဍန်ပျက်ပြားခြင်းတို့ကို ဦးတည်စေပါသည်။
မည်သူတွေက အဆစ်အမြစ်ရောင်ရောဂါဖြစ်နိုင်ပါသလဲ။
အဆစ်အမြစ်ရောင်ရောဂါသည် ကလေးအရွယ်မှသည် သက်ကြီးပိုင်းအထိ အသက်အရွယ်မရွေးအားလုံးတွင် ဖြစ်ပွားနိုင်ပါသည်။ သို့သော် လူလတ်ပိုင်းအရွယ်တွင် အများဆုံးတွေ့ရတတ်ပြီး အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များပါသည်။
အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားစေသောအကြောင်းရင်းများ
အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုအတိအကျမသိရသော်လည်း မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်ခြင်းနှင့် အရိုးတွင်အပေါက်ငယ်လေးများရှိနေခြင်းတို့နှင့် ဆက်စပ်မှုရှိပါသည်။
အဆစ်အမြစ်ရောင်ရောဂါလက္ခဏာများ
အထူးသဖြင့် လူနာများသည်နံနက်ပိုင်းတွင် ၁ နာရီမှ ၂ နာရီအထိ သို့မဟုတ် တစ်နေ့တာလုံး အဆစ်အမြစ်များနာကျင်ရောင်ရမ်းခြင်း နှင့် မလှုပ်ရှားနိုင်ခြင်း တို့ကိုခံစားရနိုင်ပါသည်။ နံနက်ခင်းတွင် အဆစ်အမြစ်များကိုက်ခဲခြင်းသည် အဆစ်အမြစ်ရောင်ရောဂါ၏ အရေးကြီးသောလက္ခဏာရပ်တစ်ခုဖြစ်ပြီး အခြားသောအခြေအနေများနှင့်ကွဲပြားနေတတ်ပါသည်။ နာကျင်မှုဝေဒနာသည် လက်နှင့်ခြေဖဝါးများတွင် အပြင်းထန်ဆုံးဖြစ်သော်လည်း အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း နာကျင်မှုရှိနိုင်ပါသည်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၏ အခြားလက္ခဏာများမှာ အားနည်းခြင်း၊ အဖျားငွေ့ငွေ့ဖျားခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ မျက်ခမ်းခြောက်ခြင်းနှင့် ခံတွင်းလည်ချောင်းခြောက်ခြင်းများ၊ အရေပြားအောက် သို့မဟုတ် တံတောင်ဆစ်/လက်ချောင်းများတစ်ဝိုက်တွင် အဖုများရှိနေခြင်း တို့ဖြစ်ပြီး ကုသမှုခံယူပြီးပါက ရာသက်ပန် သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
အဆစ်အမြစ်ရောင်ရောဂါရှာဖွေခြင်း
၎င်း၏အစောပိုင်းအဆင့်များတွင် အဆစ်အမြစ်ရောင်ရောဂါသည် အထူးကုဆရာဝန်မှအကဲဖြတ်ရန်လိုအပ်ပြီး ရောဂါ၏သဘောသဘာဝအရ နှေးကွေးနေသောကြောင့် ရောဂါအခြေနေရှာဖွေရန်ခက်ခဲနိုင်ပါသည်။ ရောဂါရှာဖွေခြင်းတွင် လူနာ၏အခြေအနေကိုအကဲဖြတ်ခြင်းနှင့် အပူ၊ ရောင်ရမ်းခြင်း နှင့် နာကျင်ခြင်းစသည့် ရောဂါဝေဒနာခံစားရသည့်နေရာကိုစစ်ဆေးကြည့်ရှုခြင်းတို့ပါဝင်ပါသည်။ Anti CCP နှင့် ESR ကဲ့သို့ အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားမှုအကြောင်းခြင်းရာတို့ကို ဆုံးဖြတ်ရန်အတွက် သွေးစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ပြင် ဓာတ်မှန်ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည့်စစ်ဆေးမှုများဖြင့်ပျောက်ဆုံးနေသောအရိုးပမာဏကို စစ်ဆေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းနေခြင်းကို မြင်သာစေသောပုံရိပ်ကိုပေးစွမ်းနိုင်သည့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်မည်ဖြစ်ပါသည်။ သို့သော် ပထမဆုံး ၆ လတွင် အဆစ်အမြစ်ရောင်ရောဂါအတွက် သီးခြားရောဂါရှာဖွေရေးနည်းလမ်းမရှိနိုင်ပါ။
ကုသမှု
(၁) ဆေးဝါး– လက်ရှိတွင်အဆစ်အမြစ်ရောင်ရမ်းခြင်းကို ထိန်းချုပ်ရန်နှင့် ကုသရန် ဆေးဝါးအများအပြားရှိနေပါသည်။ ၎င်းတို့တွင် ရောဂါဖြစ်ပွားမှုကိုကုသပေးသောဆေးဝါးများနှင့် စတီးရွိုက်မပါသော ရောင်ရမ်းမှုကိုလျော့ကျစေသော ဆေးဝါးများပါဝင်ပါသည်။
(၂) အနားယူပြီး လေ့ကျင့်ခန်းများပြုလုပ်ပါ။
(၃) နောက်ထပ်မံမဖြစ်စေရန် ကာကွယ်ပါ။
(၄) ခွဲစိတ်ခြင်းသည် ပျက်စီးနေသောနေရာကို ဖယ်ရှားရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။