ဒီဂျစ်တယ်နည်းပညာဖြင့်လှပသောအပြုံးဖန်တီးခြင်း

ဝန်ဆောင်မှုများ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Content Image

ယနေ့ခေတ်တွင် သွားနှင့်ခံတွင်းဆိုင်ရာနှင့်ပတ်သက်လျှင် သွားဘက်ဆိုင်ရာကျန်းမာရေးပြဿနာများသာမက လူနာများ၏ လိုအပ်ချက်မှာ ပြောင်းလဲလာပါသည်။ 

ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်နှင့် ခံစားမှုပိုင်းဆိုင်ရာ ပေါင်းစပ်ထားသည့် လှပသောအပြုံးများကို ပိုင်ဆိုင်လိုလာကြပါသည်။ အောင်မြင်သော ကုသမှုရလဒ်ကိုရရှိရန် သွားဘက်ဆိုင်ရာအထူးကုဆရာဝန်များသည် ခေတ်မီ အဆင့်မြင့်ကုသမှုနည်းပညာများဖြင့် ကုသပေးလျက်ရှိပါသည်။ သင့်အပြုံးကို သက်ဝင်လှပစေရန် သင့်မျက်နှာ သင့်အပြုံးအတွက် ဒီဇိုင်းဆွဲပေးခြင်းသည် သွားဘက်ဆိုင်ရာကုသမှုအတွက် အရေးပါ ပါသည်။

လူနာများသည် ဒီဂျစ်တယ်နည်းပညာ၏အကူအညီဖြင့် သက်ဝင်လှပသောအပြုံးကို ဖန်တီးနိုင်ပြီး လူမှုဆက်ဆံရေးတွင် မိမိကိုယ်ကိုယုံကြည်ချက်ရှိစွာဖြင့် လျှောက်လမ်းနိုင်ပါသည်။

ဒီဂျစ်တယ်နည်းပညာဆော့ဖ်ဝဲလ်ဖြင့် မိမိမျက်နှာနှင့်လိုက်ဖက်သော 2D အပြုံးဒီဇိုင်းမှ 3D အပြုံးဒီဇိုင်းအထိ ရုပ်ပုံများဖန်တီးကြည့်ပြီး လိုအပ်သော သွားဘက်ဆိုင်ရာ ခွဲစိတ်ခန်းလမ်းညွှန်အစီအစဉ်များကို ကျွမ်းကျင်ပညာရှင်များမှ အသေးစိတ်တိုင်ပင်ဆွေးနွေးပေးပါသည်။  ဤနည်းပညာသည် သွားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်နှင့် လူနာတို့ အကောင်းဆုံးဆွေးနွေးတိုင်ပင်ကုသခြင်းဖြင့် လူနာအတွက် ယုံကြည်မှုရှိပြီး လှပသောအပြုံးကို ဖန်တီးပေးနိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ