စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ

Content Image

စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ (BMRC) သည် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုရောဂါဝေဒနာရှင်များအတွက် ကုသစောင့်ရှောက်ပေးသောစင်တာဖြစ်ပါသည်။ စိတ်ကျရောဂါ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာစွဲလမ်းခြင်းများသည် အပျော့စား စိုးရိမ်ပူပန်မှုများခြင်း၊ စွဲလမ်းခြင်းမှ ပိုမိုပြင်းထန်သော စိတ်ပိုင်းဆိုင်ရာရောဂါများအထိ ဖြစ်နိုင်ပြီး ကျွန်ုပ်တို့သည် အကောင်းဆုံးစောင့်ရှောက်မှုများအတွက် ခေတ်မီဆန်းသစ်သော Recovery Oriented Services (ROS) ကို အသုံးပြုပါသည်။ ROS အယူအဆသည် လူနာအတွက် ပြီးပြည့်စုံသော စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရရှိစေရန် အတွေ့အကြုံရှိကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လူနာ၊ လူနာမိသားစုနှင့်အတူ ဆွေးနွေးတိုင်ပင်ပြီး စောင့်ရှောက်ကုသပေးပါသည်။ 

BMRC သည် လူတိုင်း စိတ်ပိုင်းဆိုင်ရာပြဿနာများမှကင်းဝေးစေပြီး မိမိတို့ကိုယ်တိုင် တန်ဖိုးရှိသောဘဝကို ပျော်ရွှင်စွာနေထိုင်ရန် ပံ့ပိုးပေးလျက်ရှိပါသည်။ 

နှလုံးသားဖြင့် အခြေခံသောကျန်းမာရေးဝန်ဆောင်မှု

BMRC သည် စိတ်ကျန်းမာရေးစောင့်‌ရှောက်မှုအတွက် ဘေးကင်းလုံခြုံစေသော ထိပ်တန်းနိုင်ငံတကာဒီဇိုင်းစံနှုန်းများနှင့်အညီ ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဒီဇိုင်းနှင့်အလှဆင်မှုသည် လူနာ၏လိုအပ်ချက်များ၊ ဆေးရုံထက် မိမိနေအိမ်နှင့်တူသော နွေးထွေးမှုတို့ကိုရရှိစေရန် အခန်းအရောင်များမှအစ ပရိဘောဂများအထိ စီစဥ်ထားပါသည်။ BMRC တွင် ပြင်ပလူနာအခန်း၊ လူနာခုနစ်ဦးအထိ ထားရှိနိုင်သော အတွင်းလူနာအခန်း၊ အနီးကပ်စောင့်ကြည့်မှု လိုအပ်နေသူများအတွက် အထူးစောင့်ရှောက်မှုယူနစ် (SCU)၊ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်ရန် နေရာ၊ အပန်းဖြေလှုပ်ရှားမှုများနှင့် စိတ်ပိုင်းဆိုင်ရာအားနည်းချက်များအတွက် ကုထုံးဆိုင်ရာ အတတ်ပညာများသင်ယူခြင်း တို့ပါဝင်ပါသည်။

ဘန်ကောက်စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ (BMRC)       

ကျွန်ုပ်တို့သည် အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာလာရန်အတွက် ကမ္ဘာ့အဆင့် စောင့်ရှောက်မှုများဖြင့် ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကုထုံးများတွင် အဖွဲ့လိုက်ကုထုံး၊ တစ်ဦးချင်းစိတ်ပိုင်းဆိုင်ရာကုထုံး၊ အပြုအမူပိုင်းဆိုင်ရာကုထုံး၊ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးဆိုင်ရာကုထုံးများ ပါဝင်ပါသည်။ စင်တာတွင် ဂီတကုထုံး၊ အနုပညာကုထုံး၊ ယောဂနှင့် ဟင်းချက်ကုထုံးများ ကဲ့သို့သော ကုထုံးအမျိုးအစားများစွာကို လူအများနှင့်လိုက်လျောညီထွေဖြစ်စေရန်အတွက် စီစဥ်ထားပါသည်။ 

စိတ်ကျန်းမာရေးပြဿနာများအတွက် ပြန်လည်ထူထောင်ရေး 

ခန္ဓာကိုယ်ကျန်းမာခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းနှင့် စတင်သည် 

 

ဆိုသည့်စကားအတိုင်း BMRC ၏တန်ဖိုးမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာမှုများအတွက် အကောင်းဆုံးစောင့်ရှောက်မှုပေးနေခြင်းဖြစ်ပါသည်။ 

ကျွန်ုပ်တို့သည် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများရှိနေသောကင်ဆာရောဂါဝေဒနာရှင်များ ကဲ့သို့သော ဆေးဘက်ဆိုင်ရာရှုပ်ထွေးသောပြဿနာများရှိနေသည့် လူနာများအား ပြုစုစောင့်ရှောက်ပေးနေပါသည်။ ဤလူနာများသည် မကြာခဏဆိုသလို စိတ်ဓာတ်ကျခြင်း သို့မဟုတ် ၎င်းတို့၏ ပြန်လည်နေကောင်းမွန်လာမှုကို ထိခိုက်စေနိုင်သည့် အပြုအမူဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေပိုများပြီး ကျွန်ုပ်တို့၏ ဘက်စုံကျွမ်းကျင်ပြုစု စောင့်ရှောက်သူများအဖွဲ့၏ ပြစုစောင့်ရှောက်မှုများကြောင့် ကောင်းမွန်သော အကျိုး‌ကျေးဇူးများရရှိစေမှာ ဖြစ်ပါသည်။

BMRC သည် ကျွမ်းကျင်သောကျန်းမာရေးစောင့်ရှောက်သူများဖြင့်ဖွဲ့စည်းထားပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းကို မြှင့်တင်ရန်ကူညီပေးနေပါသည်။ 

စာနာစိတ်နှင့် အတွေ့အကြုံရှိသော ကျန်းမာရေးစောင့်ရှောက်သူများအဖွဲ့ 

BMRC သည် ဘန်ကောက်ဆေးရုံကြီး၏ စိတ်ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ အတွေ့အကြုံများစွာရှိသည့် ထိပ်တန်းစိတ်ရောဂါကုဆရာဝန်များ၊ စိတ်ပညာရှင်များ၊ စိတ်ရောဂါကုထုံးကျွမ်းကျင်သူများ၊ လုပ်ငန်းခွင်စိတ်ပိုင်းဆိုင်ရာကုထုံးကျွမ်းကျင်သူများ၊ စိတ်ရောဂါပိုင်းဆိုင်ရာ အထူးသူနာပြုများနှင့် ဆေးဝါးပညာရှင်များပူးပေါင်း၍ လူနာများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာများကို ကျွန်ုပ်တို့၏မိသားစုဝင်တစ်ဦးကဲ့သို့ စောင့်ရှောက်ကုသပေးနေပါသည်။ 

ထို့ပြင် ဆရာဝန်များနှင့် စိတ်ရောဂါဝေဒနာရှင်များကြား ခိုင်မာသော ဆက်သွယ်မှုကွန်ရက်ရှိရန်ကိုလည်း ကျွန်ုပ်တို့မှပံ့ပိုးကူညီပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူနာများနှင့် စောင့်ရှောက်ပေးသူများအား အကြံဉာဏ်များပေးခြင်းနှင့် လူမှုအသိုင်းအဝိုင်းနှင့် မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဥ်များမှတစ်ဆင့် မိသားစုဝင်များနှင့် ပြုစုစောင့်ရှောက်သူများကို ပညာပေးရန်အတွက် ဦးစားပေးလုပ်ဆောင်ပေးပါသည်။ 

ဤလုပ်ဆောင်ချက်သည် လူနာများ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာချမ်းမြေ့မှုများ တိုးတက်ကောင်းမွန်ရန်အတွက် အရေးကြီးပြီး ဆန်းသစ်သောကုသမှုတစ်ခုအနေဖြင့် ၎င်းတို့၏မိသားစုများထံသို့ အောင်မြင်စွာပြန်လာနိုင်ရန် နှင့် ၎င်းတို့၏ကိုယ်ပိုင်တန်ဖိုးများကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ကမ္ဘာကြီးတွင် ပျော်ရွှင်စွာနေထိုင်နိုင်စေရန် ရည်ရွယ်ပါသည်။ 

ထိုင်းလူမျိုးငါးဦးတွင် တစ်ဦးသည် စိတ်ရောဂါဝေဒနာကို ခံစားနေရပါသည်။ 

  • သင်ဟာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူတစ်ယောက် ဖြစ်နေပါလား။
  • စိတ်ကျရောဂါ၊ စိုးရိမ်သောကရောဂါ သို့မဟုတ် စိတ်ကြွရောဂါကို ခံစားနေရပါသလား။                                                                                                              
  • ဘဝ၏စိတ်ဖိစီးမှုများကိုဖြေရှင်းရန် ကြိုးစားရာတွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါးများကို သုံးစွဲနေရပါသလား။
  • ရုပ်ပိုင်းဆိုင်ရာနာမကျန်းမှုများ အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်ပါသလား။                                                                                                                   
  • မပျော်မရွှင်ဖြစ်ပြီး ဘဝရဲ့ အောင်မြင်မှုအဓိပ္ပာယ်ကို ရှာဖွေနေပါသလား။                                                                                                                                                
  • စိတ်ပျက်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးပြဿနာ သို့မဟုတ် အခြားအခက်အခဲများကြောင့် စိတ်ဖိစီးမှုများလွှမ်းမိုးနေပါသလား။

သင် သို့မဟုတ် သင့်မိသားစု မိတ်ဆွေသူငယ်ချင်းသည် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာဒုက္ခမျိုး ကြုံနေရပါက ကျွန်ုပ်တို့ထံမှ အကူအညီ၊ အကြံဉာဏ်ရယူနိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ

ပဥ္မမထပ်၊ C Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌နေ ၆ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ