စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ

နေ့ပိုင်းလူနာစောင့်ရှောက်မှု

နေ့ပိုင်းလူနာစောင့်ရှောက်မှုသည် ဘန်ကောက်မြို့တွင်းနေထိုင်သူများအတွက်ဖြစ်ပြီး ရက်သတ္တပတ်တာအတွင်း စိတ်ကျန်းမာရေးဆိုင်ရာ ကုသရေးအစီအစဉ်ကို ရယူနိုင်ပါသည်။ ထိုအစီအစဉ်သည် ယေဘုယျအားဖြင့် အတွင်းလူနာအနေဖြင့် ကုသသောအစီအစဥ်နှင့် ဆင်တူပါသည်။

ပြင်ပလူနာဝန်ဆောင်မှု

စိတ်ပိုင်းဆိုင်ရာ အထူးကုများအဖွဲ့သည် ပြင်ပလူနာများအတွက် အောက်ပါ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

  • စိတ်ရောဂါကုဝန်ဆောင်မှုများကျွန်ုပ်တို့၏ စိတ်ရောဂါအထူးကုဆရာဝန်များသည် စိတ်ရောဂါဆိုင်ရာ အကဲဖြတ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် လူကြီး၊ ဆယ်ကျော်သက်နှင့် ကလေးများ၏စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများအားလုံးကို ကူညီလျက်ရှိပါသည်။
  • စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ
    ကျွန်ုပ်တို့၏ စိတ်ကုထုံးပညာရှင်များနှင့် စိတ်ပညာရှင်များသည် စိတ်ကုထုံးဆိုင်ရာ အကဲဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ ပြဇာတ်ကုထုံးနှင့် ဂီတကုထုံးများဖြင့် ဆောင်ရွက်ပါသည်။
    • စိတ်ပိုင်းဆိုင်ရာကုထုံးဆိုတာဘာလဲ?                                                                                                                                                                         ပြဇာတ်ကုထုံးသည် စိတ်ပိုင်းဆိုင်ရာကုထုံးပုံစံတစ်ခုဖြစ်ပြီး အနုပညာနှင့် ဇာတ်လမ်းပုံစံဖန်တီးမှုဖြင့် ကုသခြင်းဖြစ်ပါသည်။ ထိုကုထုံးသည် တီထွင်ဖန်တီးမှုများပြုရန် စိတ်ကူးစိတ်သန်းဉာဏ်ကို အသုံးချခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ပြဿနာများနှင့် ခံစားချက်များကို ကိုယ်တိုင်ပြောင်းလဲပြီး လုံခြုံစိတ်ချမှု၊ ပျော်ရွှင်မှုများနှင့် အဓိပ္ပာယ်ရှိသောဘဝအသစ်တစ်ခုကို ကိုယ်တိုင် ပြောင်းလဲရရှိရန်ရည်ရွယ်ပါသည်။
    • ဂီတကုထုံးဆိုတာဘာလဲ?                                                                                                                                                                                           ဂီတကုထုံးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ် ကျန်းမာခြင်းများကို ပံ့ပိုးပေးရန်အတွက် လူနာများနှင့် စိတ်ပိုင်းဆိုင်ရာကုထုံးပညာရှင်တို့ကြားတွင် ဆက်ဆံရေးတစ်ခုအဖြစ် အသံများနှင့် ဂီတကို အသုံးပြုခြင်းဖြစ်ပါသည်။ ၎င်းသည်ပြဇာတ်ကုထုံးနှင့်ဆင်တူပြီး ယခင်က ဂီတတူရိယာနှင့်ပတ်သက်ပြီး အတွေ့အကြုံများမလိုအပ်ပါ။
  • လုပ်ငန်းခွင်ကုထုံးဝန်ဆောင်မှုမျာ
    လုပ်ငန်းခွင်ကုထုံးသည် နေ့စဉ်လုပ်ငန်းဆောင်တာများမှတစ်ဆင့် သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုမြှင့်တင်ရန် ရည်ရွယ်ပါသည်။ လုပ်ငန်းခွင်ကုထုံးပညာရှင်သည် အဝတ်အစားဝတ်ခြင်း သို့မဟုတ် စတိုးဆိုင်သို့သွားခြင်းကဲ့သို့သော သင်နေ့စဉ်ဘဝတွင်ရှိနိုင်သည့် ပြဿနာများကို ခွဲခြားသတ်မှတ်နိုင်ပြီး လက်တွေ့ကျသောဖြေရှင်းနည်းများဖြင့် ကူညီအဖြေရှာနိုင်မည် ဖြစ်ပါသည်။ မတူညီသောနည်းပညာများကိုအသုံးပြုခြင်း၊ သင့်ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းနှင့် စက်ကိရိယာအသစ်များကိုအသုံးပြုခြင်းဖြင့် လုပ်ငန်းခွင်ကုထုံးပညာရှင်မှ သင့်လွတ်လပ်မှုကို ပြန်လည်ရရှိရန် နှင့် အောင်မြင်မှုတစ်ဖန်ပြန်လည်ရရှိရန် ကူညီပေးနိုင်ပါသည်။

ဘန်ကောက်ကိုယ်စိတ်နှလုံးကျန်းမာရေးဆေးခန်း

ကျွန်ုပ်တို့၏ ဘန်ကောက်ကိုယ်စိတ်နှလုံးကျန်းမာရေးဆေးခန်းသည် လူနာများ ကျန်းမာသောလူနေမှုဘဝပုံစံနှင့် ကျန်းမာစေသောအစီအစဉ်များရရှိစေရန်အတွက် ကူညီပေးပါသည်။ အဆိုပါအစီအစဥ်များတွင် လူမှုဆက်ဆံရေးနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ပေါင်းသင်းဆက်ဆံနိုင်ရေး ကဲ့သို့သော ကဏ္ဍပေါင်းစုံပါဝင်ပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် အထောက်အပံ့ပေးပါသည်။ နေ့စဉ်လူနေမှု၊ လှုပ်ရှားမှုကဏ္ဍအားလုံးကို တိုးတက်စေရန်ရည်ရွယ်သော အစီအစဉ်များ ပါဝင်ပြီး ဥပမာအားဖြင့် အချိန်စီမံခန့်ခွဲမှု၊ ပိုမိုကောင်းမွန်သော စားသောက်ခြင်း၊ ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းနှင့် ပြည့်စုံစွာစီစဉ်ထားသော ဆေးလိပ်ဖြတ်ခြင်းအစီအစဉ် တို့ဖြစ်ပါသည်။ ထို့အပြင် သီးခြားဖန်တီးရေးဆွဲရသော အထူးကုအစီအစဉ်များ ဥပမာအားဖြင့် လူနာနှင့် ပြုစုစောင့်ရှောက်ပေးသူနှစ်ဦးလုံး ကင်ဆာရောဂါရှိပါက မည်ကဲ့သို့ ကောင်းမွန်စွာ အသက်ရှင်နေထိုင်ကြမည့်အစီအစဉ် စသည်တို့ဖြင့် ကူညီစောင့်ရှောက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာ

ပဥ္မမထပ်၊ C Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌နေ ၆ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ