လေကြောင်းလိုင်းများ
လေကြောင်းဆေးဘက်ဆိုင်ရာစာမေးပွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
ထိုင်းနိုင်ငံဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလေယာဥ်မှူးအတန်းများ 1-4
- ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလေယာဥ်မှူးအတန်း 1-ATPL၊ CPL
- ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလေယာဥ်မှူးအတန်း 2-PPL
- ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလေယာဥ်မှူးအတန်း 3-ATC
- ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုလေယာဥ်မှူးအတန်း 4-UPL
လေကြောင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးရန် ပြင်ဆင်ခြင်း
လေယာဉ်မှူးများ ကနဦးကျန်းမာရေးစစ်ဆေးမှုအတွက် ညွှန်ကြားချက်များ
- စမ်းသပ်မှုမပြုမီ ၈–၁၂ နာရီအတွင်း အစာစားခြင်းကို ရှောင်ကြဉ်ရမည်။ ရိုးရိုးရေ အနည်းငယ်သောက်နိုင်ပါသည်။
- ၁ လက်မပတ်လည် ဓာတ်ပုံ ၂ ပုံ ယူလာရမည်။ ဓာတ်ပုံများသည် သင်၏လက်ရှိအသွင်အပြင်ကို ထင်ဟပ်စေရန်အတွက် လွန်ခဲ့သော ၆ လအတွင်း ရိုက်ကူးထားသောပုံဖြစ်ရပါမည်။
- မိမိမှတ်ပုံတင်ကတ်/ မိမိအချက်အလက်နှင့်ပတ်သက်သော အထောက်အထားစာရွက်စာတမ်းကို ယူဆောင်လာပါ။
- ဆေးရုံတွင် ပထမဆုံးပြသသော လူနာဖြစ်ပါက ဆေးရုံသို့ရောက်ရှိပြီးနောက် လူနာစာရင်းပေးသွင်းရန် စာရင်းပေးသွင်းခြင်းကောင်တာသို့ ဆက်သွယ်ပါ။
- သင့်လျော်သော ၀တ်စားဆင်ယင်မှု ဝတ်ဆင်လာပါ။(သင့်လျော်သော အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်ဝတ်ဆင်ခြင်းနှင့် ခြေထောက်ကို အပြည့်ဖုံးထားသော သားရေဖိနပ်စီးခြင်း)
- မျက်မှန်တပ်ထားပါက မျက်စိစစ်ဆေးမှုခံယူရပါမည်။
- မျက်စိပါဝါကိုလေဆာဖြင့်ပြုပြင်ထားခြင်း LASIK သို့မဟုတ် PRK (Photorefractive Keratectomy) ရှိပါက လွန်ခဲ့သည့် ၆ လအတွင်းက LASIK သို့မဟုတ် PRK စစ်ဆေးကုသမှုဆေးလက်မှတ်နှင့် မျက်စိပါဝါမပြုပြင်မီ စစ်ဆေးထားသော မျက်စိကျန်းမာရေးမှတ်တမ်းတို့ကို ယူဆောင်လာရပါမည်။
* မှတ်ချက် – အမျိုးသမီးများကျန်းမာရေးစစ်ဆေးခြင်းအတွက် ဓမ္မတာလာပြီး အနည်းဆုံး ၇ ရက်အကြာတွင် ဆေးစစ်ရပါမည်။
သက်တမ်းတိုးစစ်ဆေးခြင်းအတွက် ညွှန်ကြားချက်များ
- စမ်းသပ်မှုမပြုမီ ၈–၁၂ နာရီအတွင်း အစာစားခြင်းကို ရှောင်ကြဉ်ရမည်။ ရိုးရိုးရေ အနည်းငယ်သောက်နိုင်ပါသည်။
- မိမိမှတ်ပုံတင်ကတ်/ မိမိအချက်အလက်နှင့်ပတ်သက်သော အထောက်အထားစာရွက်စာတမ်းကို ယူဆောင်လာပါ။
- ဆေးရုံတွင် ပထမဆုံးပြသသော လူနာဖြစ်ပါက ဆေးရုံသို့ရောက်ရှိပြီးနောက် လူနာစာရင်းပေးသွင်းရန် စာရင်းပေးသွင်းခြင်းကောင်တာသို့ ဆက်သွယ်ပါ။
- သင့်လျော်သော ၀တ်စားဆင်ယင်မှု ဝတ်ဆင်လာပါ။(သင့်လျော်သော အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်ဝတ်ဆင်ခြင်းနှင့် ခြေထောက်ကို အပြည့်ဖုံးထားသော သားရေဖိနပ်စီးခြင်း)
- မျက်မှန်တပ်ထားပါက မျက်စိစစ်ဆေးမှုခံယူရပါမည်။
- ယခင်ဆေးမှတ်တမ်းများ ယူဆောင်လာပါ။
- လေယာဉ်မောင်းလိုင်စင် ယူဆောင်လာပါ။
* မှတ်ချက် – အမျိုးသမီးများကျန်းမာရေးစစ်ဆေးခြင်းအတွက် ဓမ္မတာလာပြီး အနည်းဆုံး ၇ ရက်အကြာတွင် ဆေးစစ်ရပါမည်။
နိုင်ငံတကာ လေယာဉ်မှူးများအတွက် ဆေးလက်မှတ်များ
- Federal Aviation Administration (FAA) – USA.
- Transport Canada – Canada.
- Civil Aviation Safety Authority (CASA) – Australia.
- Secretariat Of Civil Aviation (SSCA) – Cambodia.
လေယာဉ်မောင်/မယ်များအတွက် လုပ်ငန်းခွင်မဝင်ရောက်မီနှင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်း