လေကြောင်းခရီးသွားလာမှုဆိုင်ရာကျန်းမာရေးစင်တာ

လေယာဥ်စီးရန် သင့်လျော်သောကျန်းမာရေးအခြေအနေရှိ/ မရှိစစ်ဆေးရန်ဝန်ဆောင်မှုများ 

  • ဖျားနာခြင်း၊ ခွဲစိတ်မှုပြုလုပ်ထားခြင်း၊ မတော်တဆမှုဖြစ်ပြီး အခြေအနေများတွင် လေယာဉ်စီးရန် သင့်လျော်ခြင်းရှိ/ မရှိအတွက် စစ်ဆေးခြင်း 
    • လေယာဉ်မှူးများ
    • လေယာဥ်မောင်/မယ်များ
    • ခရီးသည်များ
    • လေယာဉ်အမှုထမ်းများ
    • လေကြောင်းနယ်ပယ်နှင့်သက်ဆိုင်သော ဝန်ထမ်းများ
    • အမြင့်ပေ အလွန်မြင့်သောခရီးစဉ်သွားမည့်သူများ/ အလည်အပတ်ခရီးသွားလာလှုပ်ရှားမှုများ ပြုလုပ်မည့်သူများ


လေယာဉ်စီးရန် သင့်လျော်သော ကျန်းမာရေးအခြေအနေရှိ/ မရှိ စစ်ဆေးခြင်း (FIT to FLY Test)

Reduced Oxygen Breathing Device (ROBD) ဖြင့် စမ်းသပ်စစ်ဆေးခြင်း (Hypoxic challenge test)



ဤစမ်းသပ်မှုသည် လေယာဉ်ပေါ်တွင် ရရှိနိုင်မည့် အောက်ဆီဂျင်ပမာဏအတိုင်း ဖန်တီးထားပြီး သင့်ခန္ဓာကိုယ်က မည်သို့ တုံ့ပြန်မည်ကို တိုင်းတာခြင်းဖြစ်သည်။ စစ်ဆေးမှုတွင် ပုံမှန်ထက်အောက်ဆီဂျင်ပါ၀င်မှုနည်းသော လေထုတွင် အသက်ရှူခြင်းနှင့် ပတ်ဝန်းကျင်ထိန်းချုပ်ထားမှုများက သင့်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မည်ကို စစ်ဆေးခြင်း ပါဝင်ပါသည်။ စမ်းသပ်မှုရလဒ်အရ သင်သည် လေယာဉ်စီးချိန်တွင် ဖြည့်စွက်အောက်ဆီဂျင် လိုအပ်နိုင်မှုရှိ/ မရှိကို သိနိုင်ပါမည်။ 

လေထဲရှိ အောက်ဆီဂျင်ပမာဏသည် အမြင့်ပေ ၈၀၀၀ အထက်တွင် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး သင့်သွေးထဲတွင် အောက်ဆီဂျင်ပမာဏကိုပါ နည်းလာစေပါသည်။
  • သင့်တွင် အဆုတ်ရောဂါ၊ နှလုံးရောဂါ သို့မဟုတ် သွေးတွင်းအောက်ဆီဂျင်အခြေအနေနှင့်ဆက်နွယ်မှုရှိသော အခြားသောရောဂါများ မရှိပါက အောက်ဆီဂျင်ပမာဏအနည်းငယ်လျော့နည်းမှုသည် သင့်တွင် ထူးခြားသော ပြောင်းလဲမှုကို ခံစားရမည်မဟုတ်ပါ။
  • သင့်တွင် အဆုတ်အခြေအနေ၊ နှလုံးရောဂါ သို့မဟုတ် သွေးတွင်းအောက်ဆီဂျင်အခြေအနေနှင့်ဆက်နွယ်မှုရှိသော အခြားသောရောဂါများရှိပါက သင့်သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းလာခြင်း သို့မဟုတ် သင့်အဆုတ်သည် ဘေးကင်းစိတ်ချရသော သွေးတွင်းအောက်ဆီဂျင်ပမာဏကို ထိန်းထားရန်  ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါ။
  • High Altitude Simulation Test (HAST) သည် လေယာဉ် ပျံသန်းသည့်အခါ သို့မဟုတ် အမြင့်ပေ အလွန်မြင့်မားသော အရပ်သို့ ခရီးသွားသည့်အခါ ဖြည့်စွက်အောက်ဆီဂျင် လိုအပ်ခြင်း ရှိ/ မရှိ ဆုံးဖြတ်ရန် စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

လေကြောင်းခရီးသွားလာမှုဆိုင်ရာကျန်းမာရေးစင်တာ

ကျန်းမာရေးစစ်ဆေးခြင်းစင်တာ၊ ပဥ္မမထပ်၊ R Building

တနလႅာနေ့မှ သောကြာနေ့ထိ မနက် ၇ နာရီ မှ ညနေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ