လေကြောင်းခရီးသွားလာမှုဆိုင်ရာကျန်းမာရေးစင်တာ

လေကြောင်းခရီးသည်

လေယာဥ်စီးရန် သင့်လျော်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းဝန်ဆောင်မှု

ဖျားနာခြင်း၊ ခွဲစိတ်မှုပြုလုပ်ထားခြင်း၊ မတော်တဆမှုဖြစ်ပြီး အခြေအနေများတွင် လေယာဉ်စီးရန် သင့်လျော်ခြင်းရှိ/ မရှိအတွက် အကဲဖြတ်ရန်စစ်ဆေးခြင်း


  • လေယာဥ်စီးနှင်းခွင့်အတွက် အကြံပြုချက်များ
  • လေကြောင်းလိုင်းအတွက် လေယာဉ်စီးရန် သင့်လျော်ကြောင်း ဆေးလက်မှတ်၊ Medical Information Form (MEDIF) 
အထက်ပါဆေးလက်မှတ်နှင့် အကြံပြုချက်များသည် အောက်ပါခရီးသည်များအတွက် ဖြစ်ပါသည်။
  • ဖျားနာခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် လေကြောင်းခရီးလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သောခရီးသည်များ
  • လေယာဥ်ပျံသန်းစဉ်အတွင်း အသက်အန္တရာယ်ဖြစ်နိုင်သော ကျန်းမာရေးအခြေအနေရှိသည့် ခရီးသည်များ
  • လေယာဥ်ပျံသန်းနေစဥ်အတွင်း ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုလိုအပ်သည့်ခရီးသည်များ သို့မဟုတ် ဆေးဘက်ဆိုင်ရာစက်ကိရိယာ လိုအပ်သောခရီးသည်များ
  • ကူးစက်ရောဂါ ခံစားနေရသောခရီးသည်များ
  • လေယာဥ်ပျံသန်းနေစဉ်အတွင်း ၎င်းတို့၏ဘေးကင်းမှုအတွက် ဆေးဘက်ဆိုင်ရာ အထူးစောင့်ရှောက်မှု လိုအပ်နိုင်သည့် ခရီးသည်များ
  • ကိုယ်ဝန်ဆောင်ခရီးသည်တွင် မမျှော်လင့်ထားသောအန္တရာယ်များ မဖြစ်စေရန်အတွက် လေယာဉ်ခရီးမထွက်မီ စစ်ဆေးအကဲဖြတ်ရန် လိုအပ်သည့် ကိုယ်ဝန်ဆောင်ခရီးသည်များ
  • လေယာဉ်ထိုင်ခုံတွင် ပုံမှန်အတိုင်း တည့်မတ်စွာ မထိုင်နိုင်သော ခရီးသည်များ
  • လေယာဉ်ခရီးစဉ်အတွင်း တစ်ကိုယ်ရေကိစ္စရပ်များအတွက် စောင့်ရှောက်မှုလိုအပ်သော ခရီးသည်များ
  • အမြင့်ပေ အလွန်မြင့်သောနေရာမှ ပြုမူလှုပ်ရှားမှုများကို တွေ့ကြုံခံစားလိုသော ခရီးသည်များ

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

လေကြောင်းခရီးသွားလာမှုဆိုင်ရာကျန်းမာရေးစင်တာ

ကျန်းမာရေးစစ်ဆေးခြင်းစင်တာ၊ ပဥ္မမထပ်၊ R Building

တနလႅာနေ့မှ သောကြာနေ့ထိ မနက် ၇ နာရီ မှ ညနေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ