မျက်စိဆိုင်ရာ ခေတ်မီကုသမှု
ဘန်ကောက်ဆေးရုံ၏ လေဆာကုသမှုစင်တာ (Lasik Center) သည် မျက်စိပိုင်းဆိုင်ရာကုသမှုများအတွက် ကျွမ်းကျင်မျက်စိအထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့မှ မျက်မှန်နှင့်မျက်ကပ်မှန်မှစပြီး နောက်ဆုံးပေါ်နည်းပညာစက်ပစ္စည်းများဖြင့် ရှုပ်ထွေးအနုစိတ်သော မျက်စိခွဲစိတ်မှုများအထိ တစ်နေရာထဲတွင် သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာဖြင့် အကောင်းဆုံးစောင့်ရှောက်မှုများကိုပေးလျက်ရှိသောကြောင့် ထိုင်းနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါ အသိအမှတ်ပြုခြင်းခံရသောဌာနဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီသမားတော်ကြီးများ၊ စက်ကိရိယာများ၊ နည်းပညာများနှင့် ကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် မျက်စိဆိုင်ရာစောင့်ရှောက်ကုသမှု အစီအစဉ်များသည် ကမ္ဘာ့အသိအမှတ်ပြု JCI မှ စံချိန်စံနှုန်းအတိုင်း အသိအမှတ်ပြုထားခြင်း ရှိထားပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့၏မျက်စိအထူးကုဆရာဝန်ကြီးများသည် လူနာများအတွက် ဆွေးနွေးတိုင်ပင်ခြင်းနှင့် လိုအပ်သောကုသမှုများအတွက် အသင့်ရှိနေပါသည်။ တစ်ဦးချင်းစီ၏ လိုအပ်ချက်မျာအလိုက် အသင့်လျော်ဆုံး အမြင်အာရုံခွဲစိတ်ပြုပြင်ခြင်းအတွက် ခေတ်မီသောကုသမှုနည်းလမ်းများကို ဆွေးနွေးနိုင်ပါသည်။
အနည်းငယ်သောဘေးထွက်ဆိုးကျိုးများ
မျက်စိအလင်းယိုင်ခွဲစိတ်မှု (Refractive surgery) သည် မိမိနေ့စဉ်ဘဝပြောင်းလဲစေနိုင်သော ဆုံးဖြတ်ချက်မျိုးဖြစ်သည့်အတွက် ရရှိနိုင်သောကောင်းကျိုးများနှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို သေချာစွာနားလည်သိရှိပြီးမှ ဆုံးဖြတ်ချက်ချရပါသည်။
အမြင်အာရုံပြန်လည်ကောင်းမွန်စေရန် လေဆာနည်းဖြင့်ကုသခြင်းသည် စိတ်ချရပြီး ထိရောက်အကျိုးရှိသော နည်းပညာဖြစ်ပါသည်။ အတွေ့အကြုံရှိသော မျက်စိဆရာဝန်ကြီးများကိုယ်တိုင် စစ်ဆေးကုသပေးသည့်အတွက် ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ခွဲစိတ်ပြုပြင်ရန်လိုအပ်ခြင်း နှင့် အမြင်အာရုံဆုံးရှုံးခြင်း စသည်တို့ ဖြစ်နိုင်ချေ အလွန်နည်းပါးလှပါသည်။
အနည်းငယ်သောပြဿနာများမှာ
- ရောဂါပိုးဝင်နိုင်ခြင်း
- မျက်ကြည်လွှာကို လိုသလောက်မပြုပြင်နိုင်ခြင်း သို့မဟုတ် လိုအပ်သည်ထပ်ပိုပုံသွင်းမိခြင်း
- အမှောင်ထဲတွင် မြင်နိုင်စွမ်းလျော့နည်းခြင်း၊ အလင်းရောင်ကိုခံနိုင်ရည်မရှိခြင်းနှင့် အမြင်အာရုံမပြတ်သားခြင်း၊ အလင်းစက်များ၊ အလင်းရောင်အဝိုင်းများ နှင့် အလင်းရောင်နားတဝိုက်တွင် အလင်းစုများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခြင်းများကြောင့် ညဘက်ကားမောင်းရာတွင် အနှောင့်အယှက်အခက်အခဲများရှိနိုင်ခြင်း
- အစပိုင်းတွင် အမြင်အာရုံမကြည်လင်ခြင်း
- မျက်သားခြောက်ခြင်း တို့ဖြစ်တတ်ပါသည်။