- မျက်စိအထူးကုဆရာဝန်နှင့် ခွဲစိတ်မှုမတိုင်ခင် မျက်လုံးကို အသေးစိတ် စမ်းသပ်စစ်ဆေးရပါမည်။ (အချိန် ၂ – ၃ နာရီခန့်မျှကြာမြင့်နိုင်ပါသည်။)
- မခွဲစိတ်မီ မျက်ကပ်မှန်ကို အချိန်ကာလတစ်ခုအတွင်း မတပ်ရပါ။ (မျက်ကပ်မှန်ပျော့ ဖြစ်ပါက အနည်းဆုံး ၃ ရက် ကြိုတင်ဖြုတ်ထားရမည်ဖြစ်ပြီး အနည်းငယ်မာသော သို့မဟုတ် မာသောမျက်ကပ်မှန်ဆိုပါက အနည်းဆုံး ၇ ရက် ကြိုတင်ဖြုတ်ထားရပါမည်။)
- မျက်စိစစ်ဆေးမှုခံယူသည့်နေ့တွင် ကိုယ်တိုင်ကားမောင်းရန် မသင့်လျော်သည့်အတွက် ကြိုပို့ကား ကြိုစီစဉ်လာခြင်း သို့မဟုတ် ဌာနမှတာဝန်ရှိသူများဆီမှ အကူအညီယူသင့်ပါသည်။ (အမြင်လွှာစစ်ဆေးမှုတွင် သူငယ်အိမ်ချဲ့ရသဖြင့် ၄ – ၅ နာရီကြာအောင် အမြင်ဝေဝါးမှုများရှိနိုင်ပါသည်။)
- ဆရာဝန်အား လက်ရှိနှင့် ယခင်ကဖြစ်ခဲ့ဖူးသော ကျန်းမာရေးအခြေအနေနှင့်မျက်လုံးအခြေအနေများအား ပြောပြထားရမည်။
- ဆရာဝန်ညွန်ကြားချက်မပါဘဲ သောက်သုံးနေသောဆေးဝါးများ၊ မိမိနှင့်မတည့်သောဆေးများ အပါအဝင် အသုံးပြုနေသောဆေးအားလုံးကို ဆရာဝန်အား ပြောပြထားရမည်။
သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
မျက်စိလေဆာကုသမှုစင်တာ
ပဥ္မမထပ်၊ ဘန်ကောက်ဆေးရုံကြီး
တနလႅာနေ့ မှ စနေနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္ဂနွေ မနက် ၈ နာရီ မှ ညနေ ၄ နာရီ