အမျိုးသမီးကျန်းမာရေးစင်တာ

မိခင်နို့တိုက်ကျွေးရေး‌ဆေးခန်း 

คลินิกนมแม่

မိခင်မှ ကလေးသို့ တိုက်ကျွေးသော မိခင်နို့ရည်သည် အကောင်းဆုံးအာဟာရဓာတ်အရင်းအမြစ်အဖြစ် အံ့ဖွယ် ပါရှိနေပါသည်။

မိခင်နို့ရည်တွင် မွေးကင်းစကလေးအတွက် အကောင်းဆုံးအာဟာရဓာတ်များ ပါရှိပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်ရော ကလေးများအတွက်ပါ ကြီးမားသော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်ပါသည်။မိခင်နို့သည် ပထမဦးဆုံးအနေဖြင့် ကလေးကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ ပရိုတင်းနှင့် အဆီပမာဏ မြင့်မားစွာပါဝင်ပါသည်။ မိခင်နို့တွင် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားကဲ့သို့သော ရောဂါပိုးမွှားများကိုတိုက်ထုတ်ရန်အတွက် ကူညီပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ပဋိပစ္စည်းများ လည်းပါဝင်ပါသည်။ ထို့အပြင် မိခင်နို့သည် အာရုံခံစားမှုနှင့် မှတ်ဥာဏ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သည့်အပြင် ကလေးများ ကြီးပြင်းလာချိန်တွင် နာတာရှည်ရောဂါများ (ဥပမာအ၀လွန်ခြင်း နှင့် ဆီးချိုရောဂါ)ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ 


ထို့ထက် ပိုအရေးကြီးသည်မှာ မိခင်နို့တွင် အကျိုးပြုဘက်တီးရီးယားများပါ၀င်သော  မိခင်၏ သက်ရှိဆဲလ်များသည် ကလေး၏ အစာခြေစနစ်ကို အားကောင်းစေပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ အနည်းဆုံး ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် အကြံပြုထားပြီး မွေးကင်းစကလေးများအတွက် အကောင်းဆုံး နို့တိုက်ကျွေးမှုပုံစံအဖြစ် ၂ နှစ်အထိ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။

မွေးကင်းစကလေးများအတွက် မိခင်နို့၏ အကျိုးကျေးဇူးများ

  • မိခင်နို့တွင် ကလေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရအရင်းအမြစ်အဖြစ်အာဟာရဓာတ်များစွာ ပါဝင်ပါသည်။
  • မိခင်နို့တွင်ပါရှိသော ပဋိပစ္စည်းနှင့် ပရိုတင်းဓာတ်များသည် ကူးစက်ရောဂါများကိုကာကွယ်တိုက်ထုတ်ရန်နှင့် အခြားသော နာတာရှည်ရောဂါများ၏ အန္တရာယ်များကို လျှော့ချရန်အတွက် ခုခံအားစနစ်ကို မြှင့်တင်ပေးပါသည်။
  • မိခင်နို့သည် သန့်ရှင်းပြီး အစာကြေလွယ်‌စေသည်။  အစာခြေလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို လျှော့ချပေးပါသည်။
  • မိခင်နို့တွင် ပါဝင်သော အာဟာရဓာတ်များသည် အာရုံကြောစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ပြီး ကလေးငယ်များအတွက် ဦးနှောက်ကို မြှင့်တင်ပေးစေနိုင်သည့်အရာဟု ယူဆရပါသည်။
  • နို့တိုက်ကျွေးခြင်းဖြင့် အရေပြားချင်းထိတွေ့မှုက မိခင်နှင့်ကလေးနီးကပ်စေမှုကို ဖြစ်ပေါ်စေပါသည်။ မိခင်နှင့်ကလေး သံယောဇဉ်ရင်းနှီးစေမှု၏ သိသာလှသော အပိုင်းတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မိခင်နို့တိုက်ကျွေးခြင်းကို အားပေးထောက်ခံရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအ‌နေဖြင့် ဘန်ကောက်ဆေးရုံကြီး၏ သားဖွားမီးယပ်အထူးကုဆရာ၀န်အဖွဲ့နှင့် မိခင်နို့တိုက်ကျွေးခြင်းကိုအထူးပြုသင်ကြားထားသော သူနာပြုဆရာမများသည် ကိုယ်ဝန်ဆောင်စဉ် တိုင်ပင်ဆွေးနွေးခြင်း၊ မိခင်နှင့်ကလေးများအားအကဲဖြတ်ဆုံးဖြတ်ခြင်း၊ မိခင်နို့တိုက်ကျွေးပုံနည်းလမ်းများ၊ သင်တန်းများနှင့် လေ့ကျင့်သင်ကြားမှုများအား စီစဉ်ထားရှိမှုများအပြင် ကလေး၏ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် အဓိကအချက်အနေဖြင့် လုပ်ဆောင်သည့် မှန်ကန်သင့်လျော်ပြီး အောင်မြင်စွာ နို့တိုက်ပေးခြင်းကို ပိုမိုရှိစေခြင်းများပါ၀င်သော အလုံးစုံ ပြီးပြည့်စုံသည့်မိခင်နို့‌တိုက်‌ကျွေးစောင့်ရှောက်မှုကို ပေးဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ။

คลินิกนมแม่

အောင်မြင်သော မိခင်နို့တိုက်ကျွေးမှုအတွက် အလုံးစုံသော စောင့်ရှောက်မှု

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးနှစ်ဦးစလုံးအတွက် စိန်ခေါ်မှုဖြစ်နိုင်ပါသည်။ သင့်လျှော်မှန်ကန်မှုမရှိသော စောင့်ရှောက်မှုများနှင့် လမ်းညွှန်ပြသမှုများသည် အောင်မြင်မှုမရှိသောနို့တိုက်ကျွေးခြင်းကို‌ဖြစ်ပေါ်စေနိုင်ပါသည်။  မိခင်နို့တိုက်ကျွေးရေးဆေးခန်းတွင် မိခင်နို့တိုက်ကျွေးရာတွင် ပြည့်စုံကောင်းမွန်သော အထောက်အကူပြုပစ္စည်းများအပြင် ကျွန်ုပ်တို့၏ အတွေ့အကြုံရင့်ကျက်သော ဆေးပညာရှင်များအဖွဲ့တွင် သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကလေးအထူးကုဆရာဝန်များ၊ မွေးကင်းစကလေးနှင့်သားဖွားမီးယပ်အထူးကုဆရာ၀န်များ၊ မွေးကင်းစ အထူးကြပ်မတ်ကုသရေးဌာန၊ အာဟာရပညာရှင်များနှင့် ကာယကုထုံးပညာရှင်များ ပါ၀င်ပါသည်။ 

တစ်ဦးချင်းစီအလိုက် နို့တိုက်ကျွေးရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်၊ အခြားဆက်စပ်သော ပြဿနာများကိုဖြေရှင်းနိုင်ရန်နှင့် အောင်မြင်သော နို့ချိုတိုက်ကျွေးမှုရရှိစေရန် လက်တွေ့နှင့် စာတွေ့ပံ့ပိုး‌ထောက်ပံ့မှုနှစ်ခုစလုံးကို ပေးဆောင်သွားရန် ရည်ရွယ်ထားပါသည်။

ကလေးမမွေးမီနှင့် မီးဖွားခြင်း

  • ကိုယ်ဝန် () ရင်သားနှင့် နို့သီးခေါင်းများ၏ ခန္ဓာဗေဒဆိုင်ရာ အဆင်သင့်ဖြစ်မှုကို စစ်‌ဆေးရန်နှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာအသိပညာနှင့် အခြေခံအချက်များသိရှိစေရန် သားဖွားမီးယပ်အထူးကုဆရာ၀န်များနှင့် နို့တိုက်သူနာပြုဆရာမများနှင့် ဆွေးနွေးတိုင်ပင်ရန်အကြံပြုပါသည်။
  • ကိုယ်ဝန် () သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ အာဟာရပညာရှင်များ၊ ကာယကုထုံးပညာရှင်များနှင့် နို့တိုက်သူနာပြုများမှ မျှဝေသော ကိုယ်ဝန်ဆောင်ပညာ‌ပေးရေးအစီအစဉ် (အစောပိုင်းကိုယ်ဝန်) ကို တက်ရောက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်ပညာ‌ပေးအစီအစဉ်သည် မိခင်နို့နှင့် မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ၊ သင့်လျော်သော အာဟာရနှင့် နို့ထွက်အားကောင်းစေရန် နို့တိုက်ကျွေးခြင်းဆိုင်ရာအစားအစာများအပြင် နို့တိုက်နေစဉ်အတွင်း ရှောင်ကြဉ်ရမည့် အစားအစာအချို့အ‌ကြောင်းကို ကိုယ်၀န်ဆောင်အမျိုးသမီးများအား အသိပညာပေးနိုင်ရန် ရည်ရွယ်ပါသည်။
  • ကိုယ်ဝန် () ကလေးအထူးကုနှင့် မွေးကင်းစကလေးနှင့် သားဖွားမီးယပ်အထူးကုဆရာဝန်များမှ မျှဝေသော ကိုယ်ဝန်ဆောင်နှောင်းပိုင်းအချိန် ကိုယ်ဝန်ဆောင်ပညာပေးအစီအစဉ်သည် ကျန်းမာသောကိုယ်ဝန်ကို ပိုမိုကောင်းမွန်လာ‌စေရန်အတွက် ကူညီပေးပါသည်။ လေ့ကျင့်သင်ကြားရာတွင် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ကလေးမွေးဖွားရန်အတွက် လိုအပ်သော ကြွက်သားများ၏ ကြံ့ခိုင်မှု၊ ပျော့ပျောင်းမှုနှင့် ခံနိုင်ရည်တို့ကို တိုးမြှင့်ပေးသည့် ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်ခန်းလည်း ပါဝင်ပါသည်။ထို့အပြင် မွေးကင်းစက‌လေးဆိုင်ရာသူနာပြုများ၏ လေ့ကျင့်သင်ကြားမှုတွင် မွေးကင်းစကလေးပြုစုစောင့်ရှောက်မှု၊ မွေးကင်းစကလေးငယ်ကို ချီခြင်းနှင့် ရေချိုးခြင်းအတွက် ဘေးကင်းသော အနေအထားပုံစံများ ပါဝင်ပါသည်။

မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်

  • မိခင်နှင့် မွေးကင်းစကလေးအကြား ရင်းနှီးမှုသံယောဇဉ်ဖြစ်မှုမြှင့်တင်ရန်မှာ အရေပြားချင်းထိတွေ့မှုဖြစ်ပြီးမွေးပြီး တစ်နာရီအတွင်း မိခင်နို့တိုက်ခြင်းကို ချက်ချင်းစတင်သင့်သည်။  အရေပြားချင်းထိတွေ့မှုသည်  စောစီးစွာနို့တိုက်ကျွေးမှုစတင်ခြင်းကို ကူညီပေးပြီး မိခင်နို့လုံလောက်စွာရရှိခြင်းဖြင့် မိခင်နို့တစ်မျိုးတည်းကို လုံလောက်စွာ တိုက်‌‌ကျွေးနိုင်စေပါသည်။
  • ကလေးမွေးဖွားပြီး ၂ ရက်မြောက်နေ့၌ နို့တိုက်သူနာပြုများသည် မိခင်အသစ်များအား နို့တိုက်ခြင်းဆိုင်ရာ‌‌လေ့ကျင့်မှုများကို ညွှန်ကြားပြသ‌ပေးပါသည်။ ဤကာလအတွင်း မိခင်နို့ထွက်ရှိမှုကို မြှင့်တင်ရန် ရင်သွေးငယ်အား လုံလောက်သောအာဟာရပေးစွမ်းရန် ၂ နာရီတစ်ကြိမ် မကြာခဏ နို့တိုက်ကျွေးသင့်ပါသည်။
  • မွေးကင်းစကလေးစောင့်ရှောက်ရေးသူနာပြုများသည် မိခင်အသစ်များကိုမွေးကင်းစကလေးများအား သင့်လျော်သော ကိုယ်ဟန်အနေအထားဖြင့် ဘယ်ပုံဘယ်နည်းချီရမည်နှင့် ကလေးငယ်များအား ရင်သားသို့မှန်ကန်စွာ မည်သို့ချဉ်းကပ်ရမည်ကို လေ့ကျင့်ပေးပါသည်။
  • မိခင်နို့လုံလောက်စွာ မထွက်သေးသောအခြေအနေများတွင် နို့ဗူးအသုံးပြုခြင်းသည် အောင်မြင်သော မိခင်နို့တိုက်ကျွေးခြင်းကို အဟန့်အတားဖြစ်စေပါသည်။  နို့တိုက်သူနာပြုများသည် ကလေးအား နို့ဗူးစွဲခြင်း မဖြစ်စေရန်နှင့် နို့တိုက်ကျွေးမှုအောင်မြင်စေမည့် အခွင့်အလမ်းများတိုးပွားစေရန် နို့ဗူးအစား ဇွန်းသို့မဟုတ် ဖန်ခွက်ကို အသုံးပြုတတ်စေရန် သင်ကြားပေးပါသည်။
  • ညွှန်ကြားချက်အားလုံးကို လိုက်နာပြီးနောက် မိခင်များနှင့် ကလေးငယ်များအား အထူးကုများနှင့် သူနာပြုများမှ မကြာခဏ သွားရောက်ကြည့်ရှုစစ်ဆေးမည်ဖြစ်ပါသည်။ လိုအပ်ပါက ထပ်လောင်းအကြံပြုချက်များ ညွှန်ပြပါမည်။

မိခင်အများအပြားသည် နို့တိုက်ရာတွင် ရင်သားတင်းခြင်း (နို့အလွန်ထွက်ပြီး ရင်သားအလွန်တင်းခြင်း)၊ ကလေးနို့စို့ချိန်တွင် နာကျင်ခြင်း၊ နို့သီးခေါင်းကွဲအက်ခြင်း၊ နို့ပြွန်ပိတ်ခြင်း၊ ရင်သားနာပြီးဖျားခြင်း သို့မဟုတ် ကလေးမှ မိခင်နို့စို့ရန် ငြင်းဆန်ခြင်းစသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်။ ဤပြဿနာများအားလုံးကို နို့တိုက်ကျွေးပြုစုရာတွင် အတွေ့အကြုံရင့် အထူးကုဆရာဝန်များမှ အပြည့်အဝဖြေရှင်းနိုင်ပါသည်။ မိမိတို့၏ရင်သွေးငယ်များကို ကျွမ်းကျင်ကျန်းမာရေးစောင့်ရှောက်သူများမှ အချိန်နှင့်တပြေးညီ ပြုစုစောင့်ရှောက်ပေးနိုင်ကြောင်း စိတ်ချယုံကြည်နိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အမျိုးသမီးကျန်းမာရေးစင်တာ

ဒုတိယထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌‌ ၈ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ