အမျိုးသမီးကျန်းမာရေးစင်တာ
ကိုယ်၀န်ဆောင်အမျိုးသမီးများအား စောင့်ရှောက်ခြင်း
ကိုယ်၀န်မဆောင်မီ
- ကိုယ်ဝန်မဆောင်မီ ကြိုတင်စီမံခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း။
- ကိုယ်ဝန်မရနိုင်ပါက လိုအပ်သော ကုသမှုယူခြင်း။
ကိုယ်၀န်ဆောင်နေစဉ်
- မိခင်နှင့်ကလေးနှစ်ဦးစလုံးတွင် ပုံမမှန်ခြင်းရှိ/မရှိ စစ်ဆေးခြင်း။
- မိခင်နှင့်ကလေးဆေးပညာအထူးကုများမှ ဦးဆောင်၍ ခရိုမိုဆုန်းပြဿနာ (သို့) သာလာဆီးမီးယားသွေးရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေးခြင်း။
- မျိုးရိုးဗီဇချို့ယွင်းမှုဖြစ်သော Down’s syndrome စစ်ဆေးခြင်း။
- ကလေးမွေးခြင်း နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခြင်း (ဥပမာ မွေးလမ်းကြောင်းမှ ရိုးရိုးမွေးခြင်း၊ ခွဲမွေးခြင်း (သို့) ခွဲမွေးခြင်းနှင့်အတူ သားကြောဖြတ်ခြင်းနှင့် အူအတက်ထုတ်ခြင်း)။
- မီးမဖွားမီ ကိုယ်၀န်ဆောင်ပညာပေးအစီအစဉ်များ၊ သင်တန်းများပေးခြင်း။
မီးဖွားခြင်း
- အဆင့်မြင့်နည်းပညာနှင့် မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးပစ္စည်းအပြည့်အစုံဖြင့် မီးဖွားခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း။
- အန္တရာယ်များသော ကိုယ်ဝန်သည်အား အနီးကပ်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုသခြင်း။
- နို့ချိုတိုက်ကျွေးခြင်းနှင့် ပြုစုစောင့်ရှောက်မှု ညွှန်ကြားချက်များအတွက် ပြင်ဆင်ခြင်း။
- သွေးမဆုံးမီ၊ သွေးဆုံးနေချိန်ကာလအတွင်း၊ သွေးဆုံးပြီးနောက် အမျိုးသမီးများအား ဘက်စုံစောင့်ရှောက်ခြင်း။
- ဟော်မုန်းအပြောင်းအလဲနှင့်ဆက်စပ်သော လက္ခဏာများအား ကုသခြင်း။
- သွေးဆုံးပြီးအမျိုးသမီးများတွင် အရိုးပွခြင်းကို ကာကွယ်ခြင်း။