Brochure Download “Woman & Child Guru”
အမျိုးသမီးကျန်းမာရေးစင်တာသည် ကမ္ဘာ့အဆင့်မီ ဆရာဝန်များ၊ သူနာပြုများ၊ နည်းပညာရှင်များနှင့် ခေတ်မီသော ရောဂါရှာဖွေရေး၊ ကုသရေးနည်းပညာများဖြင့် သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ပြီးပြည့်စုံသော သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
စင်တာသည် အမျိုးသမီးများ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင့်တိုင်းအတွက် နောက်ဆုံးပေါ် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း အစရှိသဖြင့် ပြည့်စုံသောဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အခြားရရှိနိုင်သောအဆင့်မြင့်နည်းပညာများမှာ Voluson E8 နှင့် သုံးဖက်မြင် အဆင့်မြင့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Advanced 3D Laparoscopic Surgery) တို့ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတကာမှ လေ့ကျင့်သင်ကြားထားသော သမားတော်များသည် ခွဲစိတ်ရာအသေးငယ်ဆုံးသောမှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းနှင့် အခြားသော ခွဲစိတ်မှုနည်းလမ်းသစ်များတွင် ရှေ့ဆုံးမှ ရပ်တည်နေပါသည်။
ဘန်ကောက်ဆေးရုံကြီး၏ အထူးကုစင်တာပေါင်း ၆၀ ဖြင့် ချိတ်ဆက်ထားသော အမျိုးသမီးကျန်းမာရေးစင်တာသည် မိသားစုစီမံကိန်းအတွက်ဆွေးနွေးတိုင်ပင်ခြင်း၊ မီးဖွားခြင်း၊ သက်လတ်ပိုင်းအမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ သွေးဆုံးခြင်းနှင့် သွေးဆုံးပြီးနောက် ကျန်းမာရေးဆိုင်ရာဆွေးနွေးခြင်း၊ သားအိမ်ခေါင်းကင်ဆာနှင့် အရိုးပွရောဂါကဲ့သို့သော ရောဂါများကို ကာကွယ်ခြင်း၊ ကင်ဆာအကျိတ်နှင့် ကင်ဆာမဟုတ်သော အကျိတ်များအတွက် ရောဂါစစ်ဆေးရှာဖွေခြင်းတို့ကို အသက်အရွယ်အလိုက် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အကောင်းဆုံး၀န်ဆောင်မှုပေးနေပါသည်။