ကျွန်ုပ်တို့၏ အဖွဲ့
အခြေခံအသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
- ဝန်ထမ်းများ
အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများနှင့် သူနာပြုများ - ဝန်ဆောင်မှု
အရေးပေါ်လူနာတင်ယာဉ်ဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ပျံသန်းသောခရီးစဉ်တွင် ကျန်းမာရေးအစောင့်အရှောက်ဖြင့်ဖြစ်စေ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ ဘေးကင်းလုံခြုံစွာ လူနာရွှေ့ပြောင်းပေးခြင်း - ဆေးပစ္စည်းကိရိယာများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများ စောင့်ကြည့်သည့်စက်များ၊ အလိုအလျောက်နှလုံးနှိုးစက်များ၊ ရွှေ့ပြောင်းသယ်ယူနိုင်သော ချွဲစုက်စက်များ၊ ဆေးသွင်းသည့် စက်များ - ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ ရောဂါအခြေအနေအား ဆန်းစစ်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းကုသမှုပေးခြင်း၊ အောက်စီဂျင်နှင့် အသက်ကယ်ဆေးဝါးများပေးခြင်း၊
အနာသန့်စင်ပေးခြင်းနှင့် ပတ်တီးစည်းပေးခြင်း၊ ခြေလက်များအား ကျပ်စည်းပေးခြင်း၊ ခါးဘုတ်ပြားထည့်၍ လူနာသယ်ပို့ခြင်း၊ အလိုအလျောက်နှလုံးနှိုးစက်အသုံးပြု၍ ကျန်းမာရေးဝန်ထမ်းများမှ အသက်ကယ်နှလုံးနှိုးပေးခြင်း
အဆင့်မြင့်အသက်ကယ်စောင့်ရှောက်မှုအဖွဲ့
- ဝန်ထမ်းများ
အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုများနှင့် ဆရာဝန်များ - ဝန်ဆောင်မှုများ
မြေပြင်အရေးပေါ်လူနာတင်ယာဉ်ဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း - ဆေးပစ္စည်းကိရိယာများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်သည့်အဆင့်မြင့်စက်များ၊ အသက်ကယ်နှလုံးနှိုးစက်များ၊ ရွှေ့ပြောင်းသယ်ယူနိုင်သော အသက်ရှူစက်များ၊ ချွဲစုပ်စက်များ၊ ဆေးသွင်းသည့်စက်များ - ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းအား အသက်ရှူပိုက်ထည့်ခြင်းကဲ့သို့သော အဆင့်မြင့်ကုသမှုပေးခြင်း၊ အသက်ရှူစက်များဖြင့် ကုသမှုပေးခြင်း၊ နှလုံးစောင့်ကြည်ခြင်းနှင့် အသက်ကယ်နှလုံးနှိုးစက်ဖြင့် ကုသမှုပေးခြင်း၊ အသက်ကယ်ဆေးဝါးများပေးခြင်း။
အထူးကြပ်မတ်ကုသမှုများ
- ဝန်ထမ်းများ
အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုများနှင့် အထူးကြပ်မတ်ကုသမှုအတွေ့အကြုံရှိသော သူနာပြုနှင့် အရေးပေါ်အထူးကုဆရာဝန်များ - ဝန်ဆောင်မှုများ
ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း - ဆေးပစ္စည်းကိရိယာများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်သည့်အဆင့်မြင့်စက်များ၊ အသက်ကယ်နှလုံးနှိုးစက်များ၊ နှလုံးထိန်းစက်၊ ရွှေ့ပြောင်းသယ်ယူနိုင်သော အသက်ရှူစက်များ၊ ချွဲစုပ်စက်များ၊ ဆေးသွင်းသည့် စက်များ - ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
ခန္ဓာကိုယ်အရေးကြီးလက္ခဏာများစောင့်ကြည့်ပေးခြင်း၊ လူနာ၏ အသက်ရှူလမ်းကြောင်းအား အဆင့်မြင့်ကုသမှုပေးခြင်း၊ အဆင့်မြင့်အသက်ရှူစက်များဖြင့် ကုသမှုပေးခြင်း၊ နှလုံးစောင့်ကြည့်ခြင်းနှင့် အသက်ကယ်နှလုံးနှိုးစက်ဖြင့် ကုသမှုပေးခြင်း၊ အသက်ကယ်ဆေးဝါးများပေးခြင်း။
ရောဂါအထူးပြု ကျန်းမာရေးဝန်ဆောင်မှု
- ဝန်ထမ်းများ
အရေးပေါ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၊ အရေးပေါ်သူနာပြုတစ်ဦး၊ ရောဂါအထူးပြု သူနာပြု တစ်ဦးနှင့် အထူးကုဆရာဝန်များ –- နှလုံးရောဂါသည်များကို သယ်ပို့ရန်အတွက် နှလုံးဆရာဝန်များ
- မွေးကင်းစကလေးများ သယ်ပို့ရန်အတွက် မွေးကင်းစအထူးကုဆရာဝန်များ
- ကလေးလူနာများ သယ်ပို့ရန်အတွက် ကလေးအထူးကြပ်မတ်ကုသအထူးကုဆရာဝန်များ
- ECMO လိုအပ်သော လူနာများအတွက် အဆုတ်နှင့်နှလုံးခွဲစိတ်ဆရာဝန်နှင့် အဆုတ်သွေးလည်ပတ်မှုဆိုင်ရာအထူးကုဆရာဝန်
- ဝန်ဆောင်မှုများ
ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ လေယာဉ်ဖြင့် ဖြစ်စေ၊ ရေကြောင်းခရီးလူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ မြေပြင်လူနာတင်ယာဉ်ဖြင့် ဖြစ်စေ လူနာအား သယ်ယူပို့ဆောင်ပေးခြင်း - ဆေးပစ္စည်းကိရိယာများ
အထူးကြပ်မတ်ကုသမှုများဖြင့် သယ်ယူပို့ဆောင်အပြင် အဆင့်မြင့်စက်များဖြစ်သော Transport incubator စက်များ၊ IABP and ECMO စက်များပါဝင်သည်။ - ပြုစုကုသမှုပေးနိုင်သော ဝန်ဆောင်မှုများ
အဆင့်မြင့်အသက်ကယ်စက်များဖြင့် အဆင့်မြင့်အသက်ကယ်ခြင်းများလုပ်ဆောင်နိုင်သည့်အပြင် အဖွဲ့အနေဖြင့် လူနာရောဂါအပေါ်လိုက်၍ ကုသမှုပေးနိုင်သော အတွေ့အကြုံရှိသော သက်ဆိုင်ရာအထူးကုဆရာဝန်များမှ ကုသမှုပေးခြင်း
လူနာများ သယ်ယူပို့ဆောင်ရာတွင် ပါရှိသည့် စက်ပစ္စည်းများ
- လူနာ၏ အောက်စီဂျင်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်တိုင်းသည့် အခြေခံစောင့်ကြည့်သည့် စက်များဖြစ်သည့်
- Propag LT
- Philip MP2
- Mindray Bene Vision N1
အဆင့်မြင့်စက်များနှင့် နှလုံးနှိုးသည့်စက်များမှာ
- Advance Monitor and Defibrillator
- Hearstart MRX
- Zoll X series
အလွယ်တကူသယ်ယူနိုင်သော အသက်ရှူစက်များ
- Transport Volume Ventilator
- Hamilton T1
- Monnal T60
အလွယ်တကူသယ်ယူနိုင်သော ချွဲစုတ်စက်
- ဆေးသွင်းသည့် စက်များ
- အလိုအလျောက်နှလုံးနှိုးစက်
- သယ်ယူနိုင်ပြီး ရောဂါကူးစက်မှုကာကွယ်ပေးနိုင်သော ချိန်ဘာအကန့်
- သယ်ယူနိုင်သော Intra aortic Balloon Pump (Cardiosave IABP Hybrid စက်)
- သယ်ယူနိုင်သော ECMO (Cardiohelp System)