BDMS အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ (BES)

ရရှိနိုင်သောဝန်ဆောင်မှုများ

() အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ

အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သော ကလေးနှင့် လူကြီးလူနာများကို  ထိခိုက်ဒဏ်ရာရရှိသော အခင်းဖြစ်ပွားနေရာ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေသောနေရာတွင် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

မိမိတို့ ဝန်ဆောင်မှုသည် အခင်းဖြစ်ပွားနေရာတွင် အခြေခံအသက်ကယ်ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်ခြင်းကဲ့သို့သော အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်အပြင် လိုအပ်သော လူနာများအား သင့်တော်သော ကျန်းမာရေးစင်တာ သို့ ဆေးရုံများသို့ အရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်ခြင်းများပါ ဝန်ဆောင်မှု ပေးပါသည်။ 

() လူနာအား ကျန်းမာရေးဌာနတစ်ခုမှ အခြားတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်း

လူနာအား ကျန်းမာရေးဌာနတစ်ခုမှ အခြားကျန်းမာရေးဌာနတစ်ခုသို့ သယ်ယူပို့ဆောင်ပေးသော ကျန်းမာရေးဝန်ဆောင်မှုဖြစ်သည်။

မွေးကင်းစလူနာဖြစ်စေ၊ ကလေးလူနာဖြစ်စေ၊ သက်ကြီးပိုင်းလူနာဖြစ်စေ လူနာ၏ ရောဂါအနေအထား၊ ပထဝီမြေအနေအထား၊ ရာသီဥတုအနေအထား၊ လူနာအပေါ်  အထောက်အကူပေးနိုင်ရေးပေါ် မူတည်၍ အရေးပေါ်လူနာတင်ကားဖြင့် ဖြစ်စေ၊ အရေးပေါ်လူနာတင်ရေယာဉ်ဖြင့် ဖြစ်စေ၊ အရေးပေါ်လူနာတင်လေယာဉ်ဖြင့် ဖြစ်စေ၊  အရေးပေါ်လူနာတင် ဟယ်ရီကော်ပတာဖြင့် ဖြစ်စေ အတွေ့အကြုံရင့်ကျက်သော အရေးပေါ်ကျန်းမာရေးစောင့်ရှောက်သူများမှ ကိုယ်တိုင်လိုက်ပါပြီး အခြေခံအသက်ကယ်ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်ခြင်း သို့မဟုတ် အထူးကြပ်မတ်ကုသစောင့်ရှောက်ခြင်းဖြစ်စေ၊ အထူးပြုရောဂါအလိုက်ကုသစောင့်ရှောက်ခြင်းဖြစ်စေ လိုအပ်သလို ကုသမှုပေးပြီး သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်။


ဝန်ဆောင်မှုအချိန် 

လူနာပို့ဆောင်ရေးစင်တာအနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးဌာနတစ်ခုမှ အခြားဌာနတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်းတို့ကို နေ့ညမရွေး ပိတ်ရက်မရှိ တစ်နှစ်ပတ်လုံး အချိန်နှင့် တပြေးညီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။


ဝန်ဆောင်မှုပေးနေသော နေရာများ 

အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ

အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများကို ထိုင်းနိုင်ငံအချက်အချာနေရာများ၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းတို့ကို အရေးပေါ်လူနာတင်ကား (၁၃) စီးဖြင့် အခင်းဖြစ်ပွားသောနေရာများကို စတင်ခေါ်ဆိုသည့်အချိန်မှစ၍ မိနစ် (၃၀)အတွင်း သွားရောက်ပြီး အခင်းဖြစ်ပွားသောနေရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူနာအား သယ်ယူပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။

BES

ကျန်းမာရေးဌာနတစ်ခုမှ အခြားဌာနတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်း

  •  မြေပြင်တွင် လူနာအား သယ်ယူပို့ဆောင်ခြင်း
    မြေပြင်တွင် လူနာအား သယ်ယူပို့ဆောင်ခြင်းအနေဖြင့် ထိုင်းနိုင်ငံတွင်ရှိသော ကျန်းမာရေးဌာနတစ်ခုမှ အခြားဌာနတစ်ခု သို့မဟုတ် ဆေးရုံတစ်ရုံသို့ ပထဝီမြေအနေအထားပေါ်မူတည်ပြီး သယ်ပို့ချိန် (၁၂) နာရီအတွင်း လူနာအားရွှေ့ပြောင်း သယ်ယူ ပို့ဆောင်ပေးပါသည်။
  • ရေကြောင်းခရီးဖြင့် လူနာအား သယ်ယူပို့ဆောင်ခြင်း
    ရေကြောင်းခရီးဖြင့် လူနာအား သယ်ယူပို့ဆောင်ခြင်းကို စူရက်ထာနီပြည်နယ်ရှိ Samui island, Pha-ngan island, Koh Tao island စသည့် ကျွန်းများရှိ လူနာအား ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်း သယ်ယူ ပို့ဆောင်ပေးပါသည်။
  • လေကြောင်းခရီးဖြင့် လူနာအား သယ်ယူပို့ဆောင်ခြင်း
    • လူနာတင်လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်း
      လေယာဉ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုသယ်ယူပို့ဆောင်ခြင်းသည် လူနာ၏ နေရာ၊ လေဆိပ်ရှိမှု၊ လေကြောင်းပျံသန်းမှု ခွင့်ပြုချက်အပေါ်မူတည်၍ ပျံသန်းချိန် ၄၁၀ နာရီမကျော်စေဘဲ အာရှပစိဖိတ်ဒေသများတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဟယ်လီကော်တရာလေယာဉ်ဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
      ဟယ်လီကော်တရာဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လူနာ၏ နေရာ၊ လေယာဉ်နားရာ နေရာဘေးကင်းလုံခြုံ၊ လေကြောင်းပျံသန်းမှု ခွင့်ပြုချက်အပေါ်မူတည်၍ ပျံသန်းချိန် မိနစ် ၉၀၂၀၀ မကျော်စေဘဲ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

      ထိုကဲ့သို ကျန်းမာစောင့်ရှောက်မှုပေးနေသော နေရာများမှာ သက်ဆိုင်ရာအစိုးရမှ ခွင့်ပြုချက်ပေးထားသော နိုင်ငံရပ်ခြားဒေသများသို့ပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်