ရေယုံကာကွယ်ဆေးဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရနိုင်ခြေကို လျော့ချနိုင်ပါသည်ရေယုံသည် အာရုံကြောစနစ်ကို ရောင်ရမ်းစေပြီး အရေပြားတွင် အလွန်နာကျင်သော အနာများဖြစ်စေပါသည်။ ပူစပ်ပူလောင်ဝေဒနာကို ခံစားရနိုင်ပြီး လူတစ်ယောက်၏ မိမိကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေနိုင်ပါသည်။ အသက် (၅၀)ကျော်လူနာများတွင် ဖြစ်ပွားလေ့ရှိပြီး နောက်ဆက်တွဲဆိုးကျိုးများဖြင့် ဒုက္ခပေးလေ့ရှိပါသည်။ အာရုံကြောစနစ်တစ်လျှောက် နာကျင်ရုံသာမက ဦးနှောက်နှင့် အဆုတ်များကို အလွန်အမင်းရောင်ရမ်း စေနိုင်ပါသည်။ ဒါကြောင့် ရေယုံကာကွယ်ဆေးကို ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်သည့်အနေဖြင့် သော်လည်းကောင်း၊ ဖြစ်ပွားလာခဲ့ပါက ကြီးကြီးမားမားမဖြစ်စေရန်အတွက်သော်လည်းကောင်း ကြိုတင်ထိုးနှံထားသင့်ပါသည်။