စကားပြောကုထုံး နှင့် အကြားအာရုံကုသမှုစင်တာ

Content Image

မွေးကင်းစကလေးအယောက် ၁၀၀၀ တွင် ၃ ဦးသည် မွေးရာပါ အကြားအာရုံချို့ယွင်းမှု သို့မဟုတ် အကြားအာရုံဆုံးမှုဖြင့် မွေးဖွားလာကြောင်း သင်သိပါသလား။ ၎င်းတို့သည် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် စကားအပြောအဆိုအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်ပြီး ရောဂါရှာဖွေခြင်းမရှိဘဲ ကုသမှုမထားခဲ့ပါက ဆွံ့အသွားနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများသည် ကျယ်လောင်သော အလုပ်ပတ်ဝန်းကျင်ကြောင့် သို့မဟုတ် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် မကြာခဏ ကလပ်များမှ ကျယ်လောင်သော အသံများကို နားထောင်ခြင်းတို့ကြောင့် ငယ်ရွယ်စဉ်တွင် အကြားအာရုံဆုံးရှုံးမှုကို ခံစားရနိုင်သည်။

ထို့ကြောင့် ဘန်ကောက်ဆေးရုံကြီးသည် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေးနှင့် အကြားအာရုံချို့ယွင်းသူများအား ကုသရေး၏ အရေးပါမှုကို သိရှိနားလည်သောကြောင့် စကားပြောကုထုံး နှင့် အကြားအာရုံ ကုသမှုစင်တာ (Hearing, Speech, Balance & Tinnitus Center) ကို လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားပါသည်။

ယခုအခါ ဆေးပညာများ ခေတ်မီတိုးတက်လာခြင်းကြောင့် မွေးကင်းစကလေးငယ်များတွင် အကြားအာရုံချို့ယွင်းမှုနှင့် အကြားအာရုံဆုံးရှုံးမှုများကို မွေးစမှာတွင် သိရှိနိုင်စေပါသည်။ အကြားအာရုံချို့ယွင်းမှုရှိသည်ဟု သံသယရှိပါက ပထမ ၆ လအတွင်း ရောဂါရှာဖွေခြင်းကို ပြုလုပ်သင့်ပြီး နားကြားကိရိယာနှင့် စကားပြောသင်ခန်းစာများ ပြုလုပ်ခြင်းဖြင့် ကုသမှုနှင့် ပြန်လည်ထူထောင်ရေးတို့ကို အထောက်အကူဖြစ်စေပါသည်။ အကြားအာရုံဆုံးရှုံးခြင်း သို့မဟုတ် နားမကြားခြင်းသည် စကားပြောဆိုခြင်းကို အဟန့်အတားဖြစ်စေနိုင်ခြင်း သို့မဟုတ် ဆွံ့အခြင်းကို ဖြစ်စေနိုင်ပါသည်။ အထူးကုဆရာဝန်မှ စောလျင်စွာ ရောဂါရှာဖွေတွေ့ရှိခြင်းမရှိပါက အကြားအာရုံဖွံ့ဖြိုးမှုကို ထိန်းချုပ်ထားသော ဦးနှောက်အစိတ်အပိုင်းသည် အသက် ၂ နှစ်တွင် ဆုံးရှုံးသွားလိမ့်မည်ဖြစ်သောကြောင့် ပြန်လည်နာလန်ထူရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အကြားအာရုံ ချို့ယွင်းမှုရှိသော ကလေးငယ်များကို ဦးနှောက်မှသင်ယူတိုးတက်မှုရှိနိုင်စေရန် အသက် ၁ နှစ်မတိုင်မီ ကုသမှုစတင်သင့်ပါသည်။ ကလေးအသက် ၆ နှစ်ကျော်သည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု ရပ်တန့်သွားသောကြောင့် ပြန်လည်နာလန်ထူရန် ခက်ခဲခြင်း သို့မဟုတ် ထိရောက်မှု မရှိနိုင်တော့ပါ။ ကလေးမွေးပြီးချိန်တွင် ရောဂါလက္ခဏာမပြပါက ရောဂါလက္ခဏာများကို အိမ်တွင် မိဘများက စောင့်ကြည့်နိုင်ပါသည်။ ရောဂါလက္ခဏာများမှာ ကလေးနှင့် ဆက်သွယ်ရာတွင် တုံ့ပြန်မှုမရှိပါက သို့မဟုတ် ကလေးကို ခေါ်ရာတွင် လှည့်မကြည့်ခြင်း၊ သင်ယူရန်ခက်ခဲခြင်း၊ မိဘ၏စကားပြောခြင်းကို တုပရန် မကြိုးစားခြင်း သို့မဟုတ် ရှင်းရှင်းလင်းလင်း မပြောတတ်ခြင်း တို့ဖြစ်ပါသည်။

စကားပြောကုထုံး နှင့် အကြားအာရုံ ကုသမှုစင်တာတွင် ရရှိနိုင်သောဝန်ဆောင်မှုများ

() Otoacoustic Emission Test (OAEs) ပုံမှန်နားအတွင်းမှ ထုတ်ပေးသော အသံကို တိုင်းတာခြင်းဖြင့် အတွင်းနားကျန်းမာရေးကို စစ်ဆေးပေးပါသည်။

() Auditory Brainstem Response (ABR) သမားရိုးကျ အကြားအာရုံစစ်ဆေးမှုများကို အသုံးမပြုနိုင်သည့်အခါ အကြားအာရုံကို တိုင်းတာရန်အတွက် အသုံးဝင်သော ခန္ဓာကိုယ်ပြင်ပမှ ရောဂါရှာဖွေရေးကိရိယာတစ်ခုဖြစ်သည်။

() Auditory Steady State Response (ASSR)ထိုစစ်ဆေးမှုသည် အကြားအာရုံ၊ အကြားအာရုံဆုံးရှုံးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မေးခွန်းများကို ဖြေဆိုခြင်းနှင့် နားကြားကိရိယာများ သင့်လျော်မှုရှိ/မရှိ အချက်အလက်များကို စစ်ဆေးသော နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါသည်။

() Fitting Hearing Aidsတစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျမှုရှိသော နားကြားကိရိယာ

() Cochlear Implantလုံး၀နားမကြားသူ သို့မဟုတ် ကြားရန်အလွန်ခက်ခဲသော လူတစ်ဦးအား အသံခံစားမှုကို ပေးစွမ်းသည့် ခွဲစိတ်၍ထည့်သွင်းထားသော အီလက်ထရွန်နစ်ပစ္စည်းတစ်ခု။

() Audiology and Speech Therapy in hearing impaired childrenအကြားအာရုံချို့ယွင်းသောကလေးများအတွက် အကြားအာရုံနှင့် စကားပြောကုထုံးသည် မရှိမဖြစ်လိုအပ်ပါသည်။

  • အကြားအာရုံဆုံးရှုံးခြင်းနှင့် မူးဝေခြင်း။
  • ကလေးများတွင် အကြားအာရုံဆုံးရှုံးခြင်းနှင့် နားမကြားခြင်း။
  • ချာချာလည်အောင်မူးခြင်း နှင့် ခေါင်းမူးခြင်း။

နားအူသော၊ နားမကြားသော၊ မူးဝေသော သက်ကြီးရွယ်အိုများ

အသက် 60 နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် နားအူခြင်း၊ နားမကြားခြင်း၊ သို့မဟုတ် မူးဝေခြင်းတို့ မကြာခဏဖြစ်တတ်သော်လည်း ထိုလက္ခဏာများကို လျစ်လျူရှုတတ်ပြီး ခန္ဓာကိုယ်၏ သဘာဝပျက်စီးလာမှုကြောင့်ဟု ယူဆလေ့ရှိကြသည်။ ထို့ကြောင့် ယင်းလက္ခဏာများကို ပုံမှန်ဟု ယူဆကာ ကုသမှု မပြုလုပ်ကြပါ။ ဤသည်မှာ အကြားအာရုံနှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းဖြစ်ပြီး အထူးသဖြင့် အကြားအာရုံသည် သက်ကြီးရွယ်အိုများတွင် ဟန်ချက်ညီစေရန် အထောက်အကူဖြစ်စေပါသည်။ ယခုအခါတွင် နားမကြားခြင်း၊ နားအူခြင်းနှင့် မူးဝေခြင်း ကြုံတွေ့နေရသော သက်ကြီးရွယ်အိုများကို ပို၍ ဂရုစိုက်သတိထားလာကြပါသည်။

အသက်အရွယ်ကြီးသူများတွင် ရောဂါပေါင်းများစွာ ခန္ဓာကိုယ်နေရာအနှံ့ဖြစ်နိုင်သောကြောင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းသည် အလွန်ရှုပ်ထွေးနက်နဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အသက်အရွယ်အရ ခန္ဓာကိုယ်ယိုယွင်းလာပြီး အခြားသော နာတာရှည်ရောဂါများ ဖြစ်နိုင်ချေလည်း ရှိပါသည်။ ထိုအချက်များသည် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို ပိုမိုခက်ခဲစေသောကြောင့် ကုသပေးမည့်သူသည် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးကောင်းမွန်စေသည့်အချက်များအား ကျွမ်းကျင်နားလည်ထားရန် လိုအပ်ပါသည်။

ဟန်ချက်မထိန်းနိုင်ခြင်း၊ မူးဝေခြင်းနှင့် အကြားအာရုံဆုံးရှုံးခြင်းတို့သည် သက်ကြီးရွယ်အိုများနှင့် ဆက်နွှယ်လေ့ရှိသည့် ပြဿနာများဖြစ်သည်။ သို့ရာတွင် အထက်ပါလက္ခဏာများသည် ကြိုတင်ကာကွယ်နိုင်ပြီး အပြည့်အဝ မကုသနိုင်သော်လည်း လက္ခဏာများ လျော့ပါးသွားနိုင်ပါသည်။ ထို့အပြင် မူးဝေခြင်းသည် ဦးနှောက် သို့မဟုတ် နားအတွင်းပိုင်း သွေးကြောကျဉ်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဘန်ကောက်ဆေးရုံကြီးရှိ စကားပြောကုထုံး နှင့် အကြားအာရုံ ကုသမှုစင်တာတွင် အကြားအာရုံ၊ စကားပြောခြင်း၊ ဟန်ချက်ညီမှု၊ ဟန်ချက်မညီမှု အခြေအနေများကို အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ကျွမ်းကျင်သောဆေးပညာရှင်အဖွဲ့ ရှာဖွေစစ်ဆေးကုသပေးလျက်ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ