ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

Content Image

ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာ‌ရေးအကယ်ဒမီ (BASEM) သည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြီးပြည့်စုံသောကျန်းမာ‌ရေးစင်တာတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပါသည်။ အသက်အရွယ်မရွေး အားကစားသမားများအားလုံး၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားစောင့်ရှောက်မှုတွင် ပါဝင်သောအရာများအားလုံးအတွက် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာအထူးကုများနှင့်အတူ ကျန်းမာရေးနှင့်အားကစားပညာရပ်ဆိုင်ရာ စောင့်ရှောက်မှုများအားလုံးကို ပံ့ပိုးကူညီပေးပါသည်။ အဆိုပါဝန်ဆောင်မှုများတွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုအကဲဖြတ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ထိရောက်သောကုသမှုများ၊ ပြန်လည်ကျန်းမာထူထောင်ရေးအစီအစဉ်များနှင့် ထိခိုက်ဒဏ်ရာရရှိမှုများမှကာကွယ်ရေးနှင့် အားကစားစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များအထိ ပါဝင်ပါသည်။ အားကစားသမားများအား ပြိုင်ပွဲများသို့ အမြန်ပြန်လည်ကစားလာနိုင်စေရန်နှင့် ပိုမိုကောင်းမွန်သောခွဲစိတ်ကုသမှုများနှင့်အတူ အချိန်တိုတွင်းပြန်လည် နေကောင်းလာနိုင်စေရန်အတွက် ခွဲစိတ်ကုသမှုနည်းပညာများနှင့် အဆင့်မြင့်နည်းပညာများကိုလည်း အသုံးပြုထားပါသည်။

BASEM ရှိ ကျွန်ုပ်တို့၏ကျန်းမာရေးနှင့်အားကစားဆေးပညာကျွမ်းကျင်သူများမှ လူနာတစ်ဦးချင်းစီအတွက် အားကစားပြန်လည်မပြုလုပ်မီ မိမိတို့၏ကိုယ်ကာယကြံ့ခိုင်မှုကို သေချာသိရှိစေရန် ကိုယ်ခန္ဓာကြံ့ခိုင်မှု အကဲဖြတ်ခြင်းများကို သေချာစိစစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာပြုစုစောင့်ရှောက်ရုံသာမက ကျွမ်းကျင်အားကစားသမားများအတွက် ကိုယ်ခန္ဓာအာဟာရနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာကဏ္ဍတို့ကိုပါ အလေးထား စောင့်ရှောက်လျက်ရှိပါသည်။ ထို့ပြင် အဆိုပါဝန်ဆောင်မှုများကို အပျော်တမ်းအားကစားသမားများ၊  လူငယ်များနှင့် သက်ကြီးရွယ်အိုများအပြင် ရောဂါအခံရှိသူများ ဥပမာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အဝလွန်ခြင်းပြဿနာရှိသူများပါ ဝန်ဆောင်မှုရယူနိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

ပဉ္စမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌‌နေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ