ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

ကျွန်ုပ်တို့၏ အားကစားသိပ္ပံနှင့် လေ့ကျင့်ရေးဝန်ဆောင်မှုများ     

  • အားကစားလုပ်ခြင်းကြောင့်ရရှိလာသော ဒဏ်ရာများအတွက် အဆင့်မြင့်နည်းပညာအသုံးပြု၍ သေးငယ်သောခွဲစိတ်ရာဖြင့် ခွဲစိတ်မှုအဆင့်မြင့်နည်းပညာဖြင့် အသေးစားခွဲစိတ်မှုသည် အားကစားနှင့် လေ့ကျင့်ရေးများကြောင့်ရရှိလာသော ဒဏ်ရာများကိုကုသရာတွင် သာလွန်ကောင်းမွန်သော အကျိုးကျေးဇူးများရရှိစေပါသည်။ သမာရိုးကျခွဲစိတ်မှုအစား အသေးစားခွဲစိတ်မှုသည် သေးငယ်သောခွဲစိတ်ဒဏ်ရာသာရှိခြင်း၊ ပတ်ဝန်းကျင်ရှိတစ်ရှူးများနှင့် ကြွက်သားများထိခိုက်ဒဏ်ရာရမှုနည်းပါးစေခြင်း၊ ခွဲစိတ်ပြီး နောက်ဆက်တွဲပြဿနာဖြစ်သော ပိုးဝင်နှုန်းနည်းခြင်းနှင့် ခွဲစိတ်ချိန်တွင် သွေးထွက်နှုန်းနည်းခြင်း စသည့်အားသာချက်များရရှိစေပါသည်။ ခွဲစိတ်မှုပြီးနောက် ပြန်လည်ကျန်းမာသန်စွမ်းရေး စောင့်ရှောက်မှုများနှင့်အတူ လူနာများသည်၎င်းတို့၏နေ့စဉ်ဘဝနှင့် အားကစားလှုပ်ရှားမှုများကို ဆေးရုံတက်နေစဥ်အချိန်တိုတွင်းမှာပင် လျင်မြန်စွာပြန်လည်ရရှိလာစေနိုင်ပါသည်။
  • အားကစားပြန်လည်ပြုလုပ်နိုင်‌ရေးအစီအစဉ်အားကစားဒဏ်ရာများရရှိပြီးနောက် အားကစားလေ့ကျင့်ရေးများ ပြန်လည်မပြုလုပ်မီ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများ အသင့်ရှိရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင်သည် ဒဏ်ရာများကို အလုံးစုံကုစားရန်အတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့၏ အားကစားသမားများ ၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရန်နှင့် အားကစားစွမ်းဆောင်ရည်မြှင့်တင်ရန်တို့ အတွက်ပါ ရည်ရွယ်ပါသည်။ ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်မှုများသည် တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးဖြစ်နေစေရန်နှင့် ထိခိုက်ဒဏ်ရာရပြီးနောက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအကဲဖြတ်ခြင်း၊ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်း၊ ကြွက်သားသန်မာရေးနှင့် အားကစားဆေးဝါးများနှင့် ပြန်လည်ထူထောင်ရေးကိရိယာများကိုအသုံးပြု၍ အဆင့်မြင့်လေ့ကျင့်ရေး စသည့်အစီအစဉ်များပါဝင်ပါသည်။
  • ဘောလုံးပြိုင်ပွဲမတိုင်မီ ကျန်းမာရေးအခြေအနေဆန်းစစ်ခြင်း FIFA Pre-Precompetition Medical Assessment (PCMA) – ဘောလုံးကစားသမားများသည် ပြိုင်ပွဲတစ်ခုခုတွင် မပါဝင်မီ လေ့ကျင့်မှုများအတွက် ၎င်းတို့၏ ကိုယ်ကာယကြံ့ခိုင်မှုအား စစ်ဆေးပါသည်။ FIFA ၏ အကြံပြုချက်များအတိုင်း ကစားသမားများ၏ ကျန်းမာရေးနှင့် သက်လုံကောင်းမှုတို့ကို ထိခိုက်စေနိုင်သော အလားအလာရှိသည့် ဆေးဘက်ဆိုင်ရာ အခြေအနေများကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ PCMA တွင် ယေဘူယျအားဖြင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းများ ပါ၀င်ပါသည်။ ဥပမာ သွေးစစ်ဆေးခြင်း၊ နှလုံးစစ်ဆေးခြင်း၊ ကြွက်သားနှင့်အရိုးပိုင်းဆိုင်ရာစစ်ဆေးခြင်း စသည့်အထွေထွေကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပါသည်။ PCMA သည် ဘောလုံးကစားသမားများအား ပြိုင်ပွဲတစ်ခုတွင်မပါဝင်မီ သို့မဟုတ် ဘောလုံးအသင်းအဖွဲ့အသစ်များသို့မ၀င်မီတွင် အထက်ပါစစ်ဆေးမှုများကို ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။ 
  • Fit-for-performance အစီအစဉ် – Fit-for-performance အစီအစဥ်တွင် ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်း အားကစားသမား နှစ်မျိုးလုံးအတွက် ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ အကဲဖြတ်မှု ပါဝင်ပါသည်။ အဆိုပါအစီအစဥ်သည် လေ့ကျင့်ခန်းမလုပ်မီ သို့မဟုတ် အားကစားတစ်ခုခုတွင် ပါဝင်ခြင်းမပြုမီ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ကြွက်သားကြံ့ခိုင်မှုတို့ကို အကဲဖြတ်ရန် ကူညီပေးပါသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များအား မြှင့်တင်ပေးခြင်းအပြင် လေ့ကျင့်ရေး သို့မဟုတ် အားကစားပြုလုပ်နေစဉ်အတွင်း ဖြစ်ပွားနိုင်သည့် ထိခိုက်ဒဏ်ရာရမှုများကို ကာကွယ်ရန်အတွက် အားကစားသမားများအား ကူညီပေးပါသည်။                            
  • အားကစားစွမ်းဆောင်ရည်အစီအစဉ် – BASEM ရှိ အားကစားအထူးပြုဆေးဘက်ဆိုင်ရာပညာရှင်များမှ အားကစားများအတွက် သီးသန့်စီစဥ်ထားသော Fit-to-Play အစီအစဥ်များဖြင့် မကစားမီ သင်၏ကြံ့ခိုင်မှုကို သေချာစေခြင်း၊ပါဝင်နိုင်မှုရှိ/မရှိ ကြိုတင်အကဲဖြတ်ခြင်းနှင့် ကြံ့ခိုင်မှုအကဲဖြတ်ခြင်းတို့သည် အားကစားဆိုင်ရာ ထိခိုက်ဒဏ်ရာရနိုင်ချေများကို နည်းပါးစေပြီး တစ်ဦးချင်းစီ အကြံပြုချက်များနှင့် လေ့ကျင့်ရေးအစီအစဉ်များနှင့်အတူ အားကစားစွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်ပါသည်။ အားကစားအမျိုးအစားအမျိုးမျိုးအပေါ်အခြေခံ၍ ရရှိနိုင်သော အားကစားစွမ်းဆောင်ရည် အစီအစဉ်များမှာ 
    • ဘောလုံးအားကစားစွမ်းဆောင်ရည်အစီအစဉ် 
    • ဂေါက်ရိုက်အားကစားစွမ်းဆောင်ရည်အစီအစဉ် 
    • တင်းနစ်အားကစားစွမ်းဆောင်ရည်အစီအစဉ် 
    • ကြက်တောင်အားကစားစွမ်းဆောင်ရည်အစီအစဉ် တို့ဖြစ်ပါသည်။

Package: Sports Performance Packages By BASEM

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

ပဉ္စမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌‌နေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ