ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

ကျွန်ုပ်တို့၏ဆရာဝန်များ

BASEM ရှိ ကျွန်ုပ်တို့၏ဆရာဝန်များသည် အားကစားဆိုင်ရာဆေးပညာသမားတော်များ၊ အရိုးခွဲစိတ်ဆရာဝန်များနှင့် ကာယဆရာဝန်များ (ကာယဆေးပညာနှင့် အားကစားဆိုင်ရာဆေးပညာအထူးပြု ပြန်လည်ထူထောင်ရေးဆိုင်ရာသမားတော်များ) ပါဝင်ပါသည်။ ကျယ်ပြန့်နက်နဲသော ကျန်းမာရေးဆိုင်ရာအခြေအနေများကြောင့် အခြားသောအထူးကုဆရာဝန်ကြီးများတွင် နှလုံးအထူးကုဆရာဝန်များ၊ အဆုတ်အထူးကုဆရာဝန်များ၊ ၊ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအထူးကုဆရာဝန်များ၊ ဟော်မုန်းဆိုင်ရာဆရာဝန်များ၊ နား၊နှာခေါင်း၊လည်ချောင်းဆိုင်ရာဆရာဝန်များ နှင့် မျက်စိအထူးကုဆရာဝန်များအပြင် သွားဆရာဝန်များနှင့် စိတ်ရောဂါအထူးကုဆရာဝန်များလည်း ပါဝင်ပါသည်။ကျွန်ုပ်တို့၏ အတွေ့အကြုံရင့်ကျက်သော အားကစားဆိုင်ရာဆေးပညာသမားတော်များသည် ပရော်ဖက်ရှင်နယ်အားကစားအသင်းအဖွဲ့များနှင့် အပျော်တမ်းအားကစားအသင်းအဖွဲ့များစွာတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရည်အချင်းပြည့်မီစွာဖြင့် အကောင်းမွန်ဆုံးကုသပေးလျက်ရှိပါသည်။ 

ပြန်လည်နေကောင်းကျန်းမာလာခြင်းနှင့်အတူ ကစားပွဲများသို့အမြန်ပြန်ကစားနိုင်စေရန် ပြန်လည်ထူထောင်ရေး စောင့်ရှောက်မှုများနှင့် အားကစားဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှုများမှ ကာကွယ်ရေးအစီအစဉ်များကို ကျွမ်းကျင်သော အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာ ဆရာဝန်များ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် အားကစားသိပ္ပံကျွမ်းကျင်သူများမှ အားကစားသမားများအား ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများနှင့် စွမ်းဆောင်ရည်တို့အပေါ်အခြေခံ၍ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စောင့်ရှောက်မှုများသည် ၎င်းတို့၏ကိုယ်ကာယကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်တို့ကို ပိုမိုတိုးတက်စေပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ဘန်ကောက်အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာကျန်းမာရေးအကယ်ဒမီ

ပဉ္စမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဥ် မနက် ၈ နာရီ မှ ည‌‌နေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ