အပူလောင်ဒဏ်ရာကုသမှုစင်တာ

ဝန်ဆောင်မှုများ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
Content Image

အပူလောင်ခြင်းကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများ ပြုစုစောင့်ရှောက်ရာ ယူနစ်

အပူလောင်ခြင်းကြောင့်ရရှိလာသောဒဏ်ရာ၏ပြင်းထန်မှုကို တတ်နိုင်သမျှမြန်ဆန်စွာ လျှော့ချရန်အတွက် ဂရုစိုက်ကုသရန်လိုအပ်ပါသည်။

အထူးကုဆရာ၀န်ကြီးများ နှင့် ဆေးပညာနယ်ပယ်ပေါင်းစုံမှ အတူတကွပူး‌ပေါင်းဆောင်ရွက်သော ဆေးအဖွဲ့သည်စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီးဆန်းသစ်သောထိခိုက်ဒဏ်ရာစောင့်ရှောက်မှုတို့နှင့်အတူ အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်ပေါ်သောအပူလောင်နာများကို ဂရုစိုက်ကုသပေးပါသည်။

() မီးနှင့် မီးတောက်များကြောင့်အပူလောင်ရခြင်း

() ရေနွေးပူလောင်ခြင်း

() လျှပ်စစ်ရှော့ခ်နှင့် လျှပ်စီး၊ မိုးကြိုးကြောင့် ဖြစ်ပွားရခြင်း

() မီးခိုးငွေ့ပူပူများကို ရှူရှိုက်ခြင်း၏ အန္တရာယ်များ

() ဓာတုပစ္စည်းအန္တရာယ်များကြောင့် အပူလောင်ရခြင်းတို့ပါ၀င်ပါသည်။


အပူလောင်ခြင်း (Burns)

အပူလောင်ခြင်းဆိုသည်မှာ ပြင်းထန်သောအပူ၊ လျှပ်စီးကြောင်း၊ ဓါတ်ရောင်ခြည်နှင့် ဓါတုပစ္စည်းများကြောင့်အရေပြား သို့မဟုတ် ခန္ဓာကိုယ်၏အပေါ်ယံ တစ်သျှူးများ ပျက်စီးခြင်းကို ဆိုလိုပါသည်။

ဒဏ်ရာ၏ပြင်းထန်မှုအပေါ် မူတည်နေသော အချက်များမှာ 

၁၊ အပူချိန်~ အပူချိန်မြင့်လေ ထိခိုက်မှု ပြင်းထန်လေ ဖြစ်သည်။

၂၊ တူညီသော အပူချိန်တွင် ထိတွေ့ရချိန်~ ထိတွေ့ရမှုကြာချိန်မတူလျှင် ထိခိုက်မှုပြင်းထန်နှုန်းသည်လည်း တူမည်မဟုတ်ပါ။ 



အပူလောင်ခြင်း၏ ပြင်းထန်မှု အဆင့်များ 

  • ပထမအဆင့်ထိတွေ့မှုအနည်းဆုံးဖြစ်ပြီး အရေပြား၏ အပေါ်ယံအလွှာ (Epidermis) တွင်သာ ထိခိုက်ပျက်စီးမှုတွေ့ရတတ်ပါသည်။ အရေပြားသည် နီရဲကာ အထိမခံချင်အောင်နာကျင်နေမှာဖြစ်ပြီး အရည်ကြည်ဖုတော့ ဖြစ်ပေါ်မည်မဟုတ်ပါ။ ထိုအဆင့်ရှိသောဒဏ်ရာများသည် အမာရွတ်မဖြစ်ပေါ်ဘဲ ၃၅ ရက်အတွင်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
  • ဒုတိယအဆင့်အရေပြား၏အစိတ်အပိုင်းများမပျက်စီးဘဲ ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။ အမျိုးအစား ၂ မျိုး ခွဲခြားထားပါသည်။
    • အရေပြားအထူအနေဖြင့် အရေပြားအပေါ်ယံလွှာတစ်စိတ်တစ်ပိုင်း (Superficial partial – Thickness )  ဒုတိယအဆင့်ကို အရေပြား၏အပေါ်ယံအလွှာ (Epidermis)နှင့် (Dermis) အလွှာ၏ အပေါ်ပိုင်းတွင်တွေ့ရတတ်ပါသည်။ နီရဲပြီး စိုစွတ်ကာ ထိမိလျှင်နာကျင်စေသော အရည်ကြည်ဖုများကို ဖြစ်ပေါ်စေပါသည်။ ပျောက်ကင်းရန် နှစ်ပတ်ခန့်အချိန်ကြာပြီး များသောအားဖြင့် အမာရွတ်ကျန်ခြင်းမဖြစ်ပေါ်စေနိုင်ပါ။
    • အရေပြားအနက်ပိုင်း၏ တစ်စိတ်တစ်ပိုင်း (Deep Partial – Thickness) ထိခိုက်မှုသည်အရေပြား၏အရေပြား၏ အတွင်းပိုင်းအလွှာ (reticular dermis) အထိ နက်ရှိုင်းပြီး အရေပြားသည် ထူထဲလာကာ အရည်ကြည်ဖုများ ထလာပြီး ကွဲထွက်လွယ်ကာ အမာရွတ်ဖြစ်နိုင်ခြေရှိသော်လည်း များများစားစားမရှိပါ။  ရောဂါပိုးမ၀င်လျှင် ၃၆ ပတ်အတွင်း အနာသက်သာလာပါသည်။
  • တတိယအဆင့် (Full Thickness) အပေါ်ယံအရေပြား (Epidermis)၊ အရေပြားအတွင်းပိုင်း (Dermis)နှင့် အရေပြားအတွင်းပိုင်းရှိ ဆံချည်မျှည် သွေးကြောများ ပျက်စီးသွားကာ ဒဏ်ရာသည်ဖြူဖျော့လာပြီး အနည်းငယ်နာကျင်လာပါသည်။ ၁ စင်တီမီတာအထူထက်နည်းသောဒဏ်ရာများမှလွဲ၍ အရေပြားအစားထိုး ခွဲစိတ်မှုဖြင့် ကုသပါသည်။
  • စတုတ္ထအဆင့်ထိခိုက်မှုသည် အရေပြားအောက်အလွှာနှင့် ကြွက်သားများအထိ နက်ရှိုင်းပြီး အနာအားဆေးကြောခြင်း ပျက်စီးသွားသောအပိုင်းများအားဖယ်ရှားခြင်းနှင့် အနာများကို ပြန်လည်ပြုပြင်‌ပေးခြင်းတို့လိုအပ်ပါသည်။
    ပြီးနောက် အရေပြားအောက်ရှိ ပုံမှန်မဟုတ်တော့သောအရာများကို ပြုပြင် ပြင်ဆင်ပေးပါသည်။
  • ပဉ္စမအဆင့်ဒဏ်ရာသည် အရေပြားအောက်အရိုးအလွှာထိ နက်ပါသည်။ အနာအား ဆေးကြောရမည်ဖြစ်ပြီးပျက်စီးသွားသောအပိုင်းများအား ဖြတ်တောက်ဖယ်ရှားကာ ပြုပြင်ခြင်းနှင့် အရေပြားအောက်ရှိ ပုံမှန်မဟုတ်တော့သောအရာများကို ပြုပြင် ပြင်ဆင်ခြင်းများ ပြုလုပ်ရပါမည်။


အပူလောင်ခြင်း၏ အတိမ်နက်ကို အကဲဖြတ်ခြင်း

() အသေးစားအပူလောင်ဒဏ်ရာ

မျက်နှာ၊ ခြေ၊ လက်၊ တင်ပါး၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါများတွင် မဟုတ်ဘဲ ခန္ဓာကိုယ် မျက်နှာပြင်ဧရိယာ၏ ၅၁၀%အောက်သာ လောင်ကျွမ်းသည်။ ဒူးနှင့် တင်ပါးဆုံရိုးကဲ့သို့သော ခန္ဓာကိုယ်၏ ကြီးမားသောအဆစ်များ နေရာတွင် မပါဝင်ပါ။ အရေးကြီးသည်မှာ လက်မောင်းတဝိုက် ဒါမှမဟုတ် လက်မောင်းတဝိုက်ရှိ အင်္ဂါအစိတ်အပိုင်း အမျိုးမျိုးကို မီးလောင်ဒဏ်ရာ မဖြစ်စေရပါဘူး။ ပြင်ပလူနာအဖြစ်ကုသနိုင်ပါသည်။ဒဏ်ရာကိုပြင်းထန်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်ဖြင့် ပျောက်ကင်းသည်အထိ ကုသပေးပါ။

() ကြီးမားသောအပူလောင်ဒဏ်ရာ

ခန္ဓာကိုယ်မျက်နှာပြင်၏ ၁၀၂၀% ထက်ပိုကြီးသောအပူလောင်ဒဏ်ရာများ သို့မဟုတ် ကလေးများတွင် ၂% ထက်ပိုမိုနက်ရှိုင်းသောဒဏ်ရာများ 

အသက် ၁၀ နှစ်အောက်နှင့် ၅၀ အထက်ရှိသော လူကြီးများတွင် ၁၀% နှင့်အထက်အပူ‌လောင်ခြင်းကို ပြင်းထန်သောမီးလောင်ဒဏ်ရာဟုသတ်မှတ်သည်။ အသက် ၁၀ နှစ်မှ ၅၀ နှစ်ကြားရှိသူများအတွက် ၃၀% ထက်ပိုပါကပြင်းထန်သော မီးလောင်မှုဟု ယူဆပါသည်။ မျက်နှာ၊ ခြေ၊ လက်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်တစ်ဝိုက်မှာအပူလောင်ရာ၊ မီးလောင်ရာများဖြစ်ပေါပြီး အများကြီးမဟုတ်သော်လည်း ပြင်းထန်‌သော မီးလောင်ဒဏ်ရာ၊အပူလောင်ခြင်းဟု ယူဆပါသည်။ ကုသမှုကို ဒဏ်ရာ၊ အနာကျက်သည်အထိ ကုသခြင်းနှင့် အထူးကုဆရာဝန်၏စစ်ဆေးမှုအရ အရေပြားကို ပတ်တီးစည်း၍ဖုံးအုပ်ခြင်းများဖြင့် ကုသပါသည်။

အပြင်းထန်ဆုံး မီးလောင်ဒဏ်ရာများမှာ ခန္ဓာကိုယ် မျက်နှာပြင်၏ ၂၀% ကျော်ကို လောင်ကျွမ်းခြင်းဖြစ်ပါသည်။

  • အဆိပ်အတောက်အခိုး၊အငွေ့များကို ရှူရှိုက်ခြင်း။
  • မြင့်မားသောဗို့အား သို့မဟုတ် ၅၀၀ ထက်ပိုသော ဗို့အားဖြင့် ထိတွေ့မိခြင်း
  • ဓါတုပစ္စည်းများကြောင့် ပြင်းထန်သော ဒဏ်ရာများရရှိခြင်း
  • အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ

မီးလောင်နာ၊ အပူလောင်နာ

() အသေးစားမီးလောင်ဒဏ်ရာ (Minor Burns) ဒဏ်ရာမှာ နီရဲနေပြီး၊ အရည်ကြည်ဖုများမရှိဘဲ နာကျင်ခြင်းသို့မဟုတ် ပူလောင်ခြင်းကဲ့ခံစားရပါသည်။  အနာကိုရောဂါပိုးမ၀င်အောင် ဂရုစိုက်ရပါမည်။

() အရေပြားအတွင်းပိုင်းထိ အပူလောင်ခြင်း (Major Burns) အနာမှာဖြူဖျော့နေပြီး ဒဏ်ရာသည် အရေပြားအောက်ရှိ အဆီလွှာနှင့် ကြွက်သားများအထိနက်ရှိုင်းနိုင်ပါသည်။ နာကျင်မှုကို ရံဖန်ရံခါသာ ခံစားရပါသည်။အဘယ်ကြောင့်ဆိုသော် နာကျင်မှုအာရုံကြောများသည် အရေပြားအောက်တွင် တည်ရှိနေသောကြောင့် အရေပြားပျက်စီးသောအခါ  နာကျင်မှုအာရုံခံအာရုံကြောများ ဖျက်စီးခံရပြီး နာကျင်မှု မခံစားရခြင်းဖြစ်ပါသည်။


ကုသမှုပန်းတိုင်

  • သွေးစီးဆင်းမှုကို ထိန်းချုပ်ပါ။
  • ရောဂါပိုး၀င်စေနိုင်သော ခန္ဓာကိုယ်တွင်းမှမဟုတ်သော ပြင်ပပစ္စည်းများကို ဖယ်ထုတ်ပါ။
  • ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာသော ဆဲလ်သေများ (necrosis)နှင့် ပြည် (pus) များအား ဖယ်ရှားပါ။
  • ဒဏ်ရာကို ကုသရန်အတွက် ပတ်ဝန်းကျင်ရှိ အခန်းအပူချိန်၊ စိုထိုင်းဆ၊ pH တို့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါ။
  • အသားစ တစ်သျှူးအသစ် (granulation tissue)နှင့် အရေပြားအသစ်ဖြစ်ပေါ်အောင် နှိုးဆွပေးပါ။
  • အနာကို တိုက်မိခြင်းနှင့် ရောဂါပိုးများ၀င်ရောက်ခြင်းကဲ့သို့သော အန္တရာယ်များမှ ကာကွယ်ပေးပါ။

 

ဒဏ်ရာကို ဆေးထည့်ခြင်း (Wound dressing care)

ပထမ အပတ် 

  • အထူးကုဆရာဝန်မှ နေ့စဉ် အနီးကပ် ဒဏ်ရာအားစစ်ဆေးကာအကဲဖြတ်ပါသည်။
  • ဒဏ်ရာကို silver sulfadiazine ကဲ့သို့သော လိမ်းဆေးဖြစ်သောပိုးသတ်ဆေးများဖြင့် ကုသပါသည်။Silversulfadiazine Cream သည် အပေါ်ယံ မီးလောင်ဒဏ်ရာ၊
  • အပူလောင်ဒဏ်ရာ ပိုးဝင်ခြင်းကို ကာကွယ်ကုသပေးပါသည်။

ဒုတိယ အပတ် မှ

  • ၄ ရက်တိုင်း အထူးကုဆရာဝန်မှ ဒဏ်ရာအားအနီးကပ် စစ်ဆေးအကဲဖြတ်ပါတယ်။
  • ရောဂါပိုး၀င်ထားသောအနာများတွက် ငွေဖြင့်ပြုလုပ်ထားသောရေမြုပ်ပါသောပတ်တီးစများ၊alginate dressings သို့မဟုတ်  dressings Hydrofiber များဖြင့်ပတ်တီးစည်းခြင်း
  • ရောဂါပိုးမ၀င်သော (မကူးစက်နိုင်သော)အနာများအား ရေမြုပ် (foam)၊ ပိတ်ကျဲများဖြစ်သောပတ်တီးစများနှင့် အရေပြားသို့စေးကပ်မှုနည်းသော တိတ်များဖြင့်ကုသခြင်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အပူလောင်ဒဏ်ရာကုသမှုစင်တာ

ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်