အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းအထူးကုစင်တာ

Content Image

ယနေ့ခေတ်တွင် အစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါများ အဖြစ်များလာကြပြီး စစ်ဆေးကုသမှုမယူလျှင် ပိုမိုဆိုးရွားသော နောက်ဆက်တွဲပြဿနာများထိ ဖြစ်ပေါ်စေနိုင်ပါသည်။

ထိုကဲ့သို့ အဖြစ်များလာခြင်းမှာ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇ၊ ကျွန်ုပ်တို့စားသုံးသည့်အစားအသောက်၊ နေထိုင်မှုပုံစံ စသည့်အကြောင်းများကြောင့် ဖြစ်နိုင်ပါသည်။

ဝန်ဆောင်မှုများ

  • အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါများအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း
  • အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပြဿနာများအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
  • အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ဌာန
  • သေးငယ်သောခွဲစိတ်ရာမှတဆင့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
  • အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပြဿနာများအတွက် တိကျသောကုသမှုများ အကြံဥာဏ်ပေးခြင်း၊ အသည်းရောင်ရောဂါကာကွယ်ရန် အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း

ဘန်ကောက်ဆေးရုံကြီး၏ အစာအိမ်အူလမ်းကြောင်းနှင့်အသည်းအထူးကုစင်တာသည် ကိုယ်ခံအားကျဆင်းနေသူများ၊ မိသားစုထဲတွင် အသည်းရောဂါရှိသူများ၊ အသည်းရောင်ရောဂါရနိုင်ချေများသော လုပ်ငန်းခွင်တွင် အလုပ်လုပ်သူများ နှင့် ကျောက်ကပ်ဆေးနေသော လူနာများအတွက် အသည်းရောင်ရောဂါ အေပိုး ဘီပိုးကာကွယ်ဆေးများထိုးနှံပေးပါသည်။

သင့်တွင် အောက်ဖော်ပြပါအခြေအနေများအတွက် ဘန်ကောက်ဆေးရုံကြီး၏ အစာအိမ်အူလမ်းကြောင်းနှင့်အသည်းအထူးကုစင်တာသို့ လာရောက်ရန် အကြံပြုအပ်ပါသည်။

  • အသည်း သို့မဟုတ် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ သတိထားမိခြင်း
  • အစာအိမ်အူလမ်းကြောင်းနှင့် အသည်းလုပ်ဆောင်ချက်များကို စစ်ဆေးလိုခြင်း
  • ယခင်ဖြစ်ဖူးသော အစာအိမ်အူလမ်းကြောင်းနှင့်အသည်းပြဿနာများ ပြန်ဖြစ်ခြင်း
  • ရောဂါရှာဖွေခြင်း၊ ကုသခြင်းနည်းလမ်းများနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ဆွေးနွေးလိုခြင်း
  • အထူးလေ့ကျင့်ထားသော ကျွမ်းကျင်သူများဦးဆောင်မှုဖြင့် မှန်ပြောင်းကြည့်ရှုစစ်ဆေးလိုခြင်း
  • အစာအိမ်အူလမ်းကြောင်းနှင့်အသည်းဆိုင်ရာပြဿနာများမဖြစ်အောင် ကာကွယ်ခြင်း၊ တိကျသောကုသခြင်းများနှင့်ပက်သတ်၍ ဆွေးနွေးတိုင်ပင်လိုခြင်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အစာအိမ်အူလမ်း‌ကြောင်းနှင့်အသည်းအထူးကုစင်တာ

ဒုတိယထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

တနလႅာ၊ အင်္ဂါ၊ ကြာသပတေး၊‌ စနေ၊ တနင်္ဂနွေ မနက် ၇ နာရီ မှ ညနေ ၄ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ