(၁) ထိုးဆေးမသုံးဘဲ ရောဂါရှာဖွေရေးဓာတ်မှန်ရိုက်ခြင်း
ဥပမာ ဝမ်းဗိုက်အပေါ်ပိုင်း အာထရာဆောင်းရိုက်ခြင်း
(၂) ဆေးရည်သုံး၍ ရောဂါရှာဖွေရေးဓာတ်မှန်ရိုက်ခြင်း
- Barium ဆေးရည်မျိုချ၍ အစာရေမျိုလမ်းကြောင်း ဓာတ်မှန်ရိုက်ခြင်း
- အပေါ်ပိုင်းအစာအိမ် အူလမ်းကြောင်းစစ်ဆေးခြင်း
- အူမကြီးလမ်းကြောင်းတလျှောက်စစ်ဆေးခြင်း
- Barium ဆေးရည်ဖြင့် ဝမ်းချူကာ အူမကြီးဓာတ်မှန်ရိုက်ခြင်း
(၃) ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (ပုံမှန်ရိုက်နေကျ CT scan များထက် ပုံရိပ်ထွတ်ပိုမိုတိကျရှင်းလင်းသော Spiral CT scan ရိုက်ခြင်း) နှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း
(၄) အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်စစ်ဆေးခြင်း
- အစာအိမ်မှန်ပြောင်းကြည့်ခြင်း
- အူမကြီးမှန်ပြောင်းကြည့်ခြင်း
- အူမကြီးအောက်ပိုင်းမှန်ပြောင်းကြည့်ခြင်း
- အသားပိုဖြတ်ထုတ်ခြင်း
- မှန်ပြောင်းဖြင့် အစာအိမ်သွေးကြောထုံးများဆေးထိုးခြင်း၊ အစာရေမျိုသွေးကြောထုံးကို သားရေကွင်းပစ်ခြင်း
- မှန်ပြောင်းဖြင့် ဝမ်းဗိုက်မှတဆင့် အစာလမ်းကြောင်းပိုက်ထည့်ခြင်း
- သည်းခြေလမ်းကြောင်းမှန်ပြောင်း (ERCP scope) ကြည့်ခြင်း
- ERCP scope ကြည့်၍ သည်းခြေလမ်းကြောင်းချဲ့ခြင်း၊ သည်းခြေကျောက်ထုတ်ခြင်း
(၅) အစာအိမ်အူလမ်းကြောင်းအသားစ ဓာတ်ခွဲစစ်ဆေးခြင်း
(၆) ဓာတ်မှန်စက်အသုံးပြု၍ ရောဂါကုသခြင်း
- သွေးကြောမှတဆင့် ပြွန်ကြောင်းရှည်ထည့်၍ ကင်ဆာအလုံးများကိုဆေးထိုးကုသခြင်း (Transcatheter oily chemo-embolization TOCE)
- ဆေးထိုးအပ်ဖြင့် အသည်းအသားစယူခြင်း
(၇) အစာအိမ်ပိုး လေမှုတ်ထုတ်စစ်ဆေးခြင်း