အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

ခွဲစိတ်ပြီး အချိန်တိုအတွင်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း

ဘန်ကောက်ဆေးရုံကြီး၏ ခွဲစိတ်စင်တာသည် ခွဲစိတ်မှုအပြီးတွင် လူနာသည် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန်  ERAS (Enhanced Recovery After Surgery) အစီအစဉ်ကို အထူးအလေးထားပါသည်။ ERAS ၏ အဓိကရည်ရွယ်ချက်မှာ ခွဲစိတ်မှုမတိုင်မီနှင့် ခွဲစိတ်မှုအပြီးတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို အနည်းဆုံးဖြစ်စေပြီး အမြန်ပြန်လည်ကောင်းမွန်လာစေရန်ဖြစ်သည်။ ဆေးရုံတက်ရက်တိုခြင်းနှင့် လှုပ်ရှားမှုအပြည့်ဖြင့် နေ့စဉ်ဘဝနှင့် လှုပ်ရှားမှုများကို အမြန်ပြန်လည်ရရှိလာစေပါသည်။

ERAS: Enhanced Recovery After Surgery


ERAS အစီအစဉ်  ခွဲစိတ်ပြီးနောက် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသော အစီအစဉ်

ခွဲစိတ်ပြီးနောက် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသောအစီအစဉ် (ERAS) သည် လူနာအတွက် အထူးအလေးထားပြီး ကျွင်းကျင်ဆရာဝန်၊ ဆရာမများအဖွဲ့သည် လူနာ၏ ခွဲစိတ်မှုဆိုင်ရာစိတ်ဖိစီးမှုကို လျှော့ချရန်၊ ခွဲစိတ်ပြီးနောက် အချိန်တိုအတွင်း လေ့ကျင့်ခန်းလှုပ်ရှားမှုပြုလုပ်ရန်၊ အစားအသောက်ကို ပုံမှန်အတိုင်း ပြန်လည်သုံးဆောင်နိုင်ရန်၊ ဇီဝကမ္မလုပ်ဆောင်မှုကို ပုံမှန်အတိုင်း ပြန်ဖြစ်လာစေရန်နှင့် နာကျင်မှုသက်သာစေရန် နည်းလမ်းများကို စနစ်တကျပြင်ဆင်ထားပါသည်။ ခွဲစိတ်ကုသခြင်းဆိုင်ရာ ခေတ်မီနည်းပညာများနှင့် သင့်လျော်သော ခွဲစိတ်မှုနည်းလမ်းများဖြင့် ပံ့ပိုးပေးထားသည့် ERAS အစီအစဉ်တွင် ခွဲစိတ်ဆရာဝန်များ၊ ပြန်လည်ထူထောင်ရေးနှင့် အာဟာရဆိုင်ရာ အထူးကုဆရာဝန်များ၊ ရူပကုထုံးပညာရှင်၊ သူနာပြုများနှင့် ဆေးဝါးကျွမ်းကျင်သူများ ပါဝင်ပါသည်။ ခွဲစိတ်မှုအစီအစဥ်ကို လူနာနှင့်မိသားစု၏ ဆန္ဒ၊ ကုသမှုလိုအပ်ချက်နှင့်အညီ အထူးကုဆရာဝန်များမှ ဆွေးနွေးစီစဉ်မည် ဖြစ်ပါသည်။

ခွဲစိတ်မှုမပြုလုပ်မီ

  • တိကျသော ကုသမှုအစီအစဉ်တစ်ခုပြုလုပ်ရန် ရောဂါဖြစ်စဉ်မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပါမည်။ လူနာနှင့် မိသားစုဝင်များအား ကုသမှုအချက်အလက်နှင့် လိုက်နာရမည့် ညွှန်ကြားချက်များကို  ခွဲစိတ်ဆရာဝန်နှင့် သူနာပြုများမှ ရှင်းပြပါမည်။
  • အထူးသတိထားရမည့်လူနာများ ဥပမာ သက်ကြီးလူနာများ သို့မဟုတ် ခွဲစိတ်မှုရလဒ်ကို ထိခိုက်စေနိုင်သော ရောဂါအခံမျိုးစုံရှိ လူနာများအတွက် အသင့်လျော်ဆုံး အကောင်းမွန်ဆုံးခွဲစိတ်ကုသမှုကို စီစဉ်နိုင်ရန် အထူးကုဆရာဝန်များမှ ထပ်မံဆွေးနွေးပါမည်။
  • ခွဲစိတ်မှုမပြုလုပ်မီ အခြေခံကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ဆေးမှုအဖြေအရ လိုအပ်သည့်ကုသမှုကို ဦးစွာပြုလုပ်ပါသည်။ ဥပမာ သွေးအားနည်းနေပါက ကုသခြင်း၊ လုံလောက်သော အာဟာရပြည့်ဝစွာ ရရှိစေရန်စီစဉ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း အစရှိသည်တို့ကို လိုအပ်သလို ဦးစွာကုသပါမည်။
  • ထို့နောက် အထွေထွေသမားတော်မှ ခွဲစိတ်မှုခံယူမည့် လူနာ၏ကျန်းမာရေးအခြေအနေကို သေချာစွာ စစ်ဆေးပါမည်။
  • မေ့ဆေးဆရာဝန်မှ မခွဲစိတ်မီ လိုအပ်သော စစ်ဆေးမှု ပြုလုပ်ပါမည်။
  • ကြွက်သားများသန်မာလာစေရန်နှင့် ခွဲစိတ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ချေကိုလျှော့ချရန် အသက်ပြင်းပြင်းရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများကို ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် ပြုလုပ်ရပါမည်။
  • ခွဲစိတ်မှုအတွင်း လူနာ၏ဘေးကင်းမှုကို ထိခိုက်စေနိုင်သော လက်ရှိသောက်နေသောဆေးဝါးများကို ဆေးဝါးပညာရှင်မှ စစ်ဆေးပါမည်။
  • ပုံမှန်ဇီဝကမ္မလုပ်ဆောင်မှုကို ထိန်းသိမ်းရန် အစာရှောင်ခြင်းအချိန် တတ်နိုင်သမျှ အနည်းဆုံးဖြစ်ရန်လိုအပ်ပါသည်။
  • အကောင်းဆုံးခွဲစိတ်မှုရလဒ်ရရှိစေရန် ခွဲစိတ်ဆရာဝန်မှ လိုက်နာရမည့်ညွှန်ကြားချက်များအားလုံးကို လူနာနှင့် မိသားစုများအား မခွဲစိတ်မီ ရှင်းပြပါမည်။

ခွဲစိတ်စဉ်

  • ကျွင်းကျင်ဆရာဝန်ကြီးများအဖွဲ့မှ စီစဉ်သော ခွဲစိတ်မှုအစီအစဉ်အတိုင်း ခွဲစိတ်မှုပြုလုပ်ပါသည်။
  • အဆင့်မြင့်နည်းပညာဖြင့် အသေးငယ်ဆုံးသော ခွဲစိတ်ရာဖြင့် ခွဲစိတ်မှုတွင် နာကျင်မှုနည်းခြင်း၊ ခွဲစိတ်ပြီး နောက်ဆက်တွဲပြဿနာများနည်းပြီး ပြန်လည်နာလန်ထချိန် ပိုမိုမြန်ဆန်စေပါသည်။
  • အဆင့်မြင့်ခွဲစိတ်ကိရိယာများနှင့် စက်ပစ္စည်းများ၊ ဥပမာ သုံးဖက်မြင်ပုံရိပ် (3D) HD vision 4K အလွန်ကြည်လင်ပြတ်သားမှုရှိသောပုံရိပ် နှင့် indocyanine green ICG fluorescence ပုံရိပ်ဖော်နည်းပညာတို့ဖြင့် မှန်ပြောင်းကို အသုံးပြု၍ ခွဲစိတ်မှုသည် ကိုယ်တွင်းအင်္ဂါများ၏ နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းကြည့်ရှုနိုင်ပြီး အနီးအနားရှိ ကောင်းသောတစ်သျှူးများကို ထိခိုက်မှုနည်းပါးစေပါသည်။
  • ခွဲစိတ်ပြီးနောက် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာနှင့် နာကျင်မှုမရှိစေရန် မေ့ဆေးဆရာဝန်မှ လူနာ၏အခြေအနေ၊ လိုအပ်ချက်နှင့်အညီ သင့်လျော်သော အနာသက်သာဆေးကို စီစဉ်ပါမည်။
  • မေ့ဆေးကြောင့် ဖြစ်သော ပျို့အန်ခြင်း အပါအဝင် အခြားသောခွဲစိတ်မှုဆိုင်ရာ ပြဿနာများရှိပါက ဆေးရည်သွင်းခြင်း၊ သောက်ခြင်းတို့ကို ဆရာဝန်၊ ဆရာမများမှ ထိရောက်စွာ စီမံခန့်ခွဲပါမည်။

ခွဲစိတ်ပြီး

  • ခွဲစိတ်ပြီး နာကျင်မှုကြောင့် စိတ်ဖိစီးမှုကို မရှိစေရန် စီစဉ်ထားပါသည်။
  • ခွဲစိတ်ပြီး ပျို့အန်ခြင်းမဖြစ်အောင် စီစဉ်ထားပါသည်။
  • အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး လျင်မြန်စွာ ပြန်လည်နာလန်ထကောင်းမွန်လာစေရန် ပါးစပ်မှအရည်သောက်ခြင်း၊ အစာစားခြင်းကို အာဟာရအထူးကုဆရာဝန်ကြီး ညွှန်ကြားချက်အတိုင်း တတ်နိုင်သမျှ မြန်မြန်စရပါမည်။
  • ပြန်လည်သန်စွမ်းကုသမှုအဖွဲ့သည် ကြွက်သားများ သန်မာလာစေရန်နှင့် သွေးခဲဖြစ်ခြင်း၊ သွေးခဲကြောင့်ဖြစ်သော သွေးပြန်ကြောပိတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ မဖြစ်စေရန် ခွဲစိတ်မှုအပြီး ပထမနေ့တွင်ပင် သင့်လျော်သော ပြန်လည်သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်စေပါသည်။
  • ခွဲစိတ်ကုသပြီးနောက် လိုက်နာရမည့် ညွှန်ကြားချက်များနှင့် ဆက်လက်သောက်ရမည့် ဆေးဝါးများကို ဆေးရုံမဆင်းမီ ညွှန်ကြားပေးပါမည်။ ခွဲစိတ်မှုရလဒ်ကို သိရှိနိုင်ရန်နှင့် ပြန်လည်ကောင်းမွန်လာမှုကို စစ်ဆေးရန် လူနာသည် ချိန်းဆိုထားသည့် ရက်ချိန်းအတိုင်း ပြန်လည်ပြသရန်လိုအပ်ပါသည်။ အကယ်၍ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်လာရောက်ပြသရပါမည်။

ERAS အစီအစဉ်သည် ခွဲစိတ်ပြီးနောက် စောစီးစွာ ပြန်လည်နာလန်ထကောင်းမွန်လာစေရန်အတွက် ပြည့်စုံသောစောင့်ရှောက်ကုသမှုဖြစ်ပါသည်။ ဘန်ကောက်ဆေးရုံကြီး၏ နိုင်ငံတကာစံနှုန်းနှင့်အညီ ERAS ၏ အဓိကကျသော အစိတ်အပိုင်းများမှာ လူနာနှင့် မိသားစုအား ပညာပေးဆွေးနွေးခြင်း၊ ခွဲစိတ်မှုမတိုင်မီ အထွေထွေကျန်းမာရေးကို ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ မခွဲစိတ်မီ ကြိုတင်လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာရှောင်ချိန် အနည်းဆုံးဖြစ်စေခြင်း၊ နာကျင်မှုမရှိစေရန် သင့်လျော်သောဆေးများ အသုံးပြုခြင်း၊ ခွဲစိတ်ပြီးနောက် စောစီးစွာ လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခြင်း၊ ဆီးပိုက်ကို ရက်တိုဖြင့် ဖြုတ်နိုင်ခြင်း၊ အစားအသောက်များ ပါးစပ်မှ စားသောက်ခြင်းကို တတ်နိုင်သမျှ မြန်မြန်စခြင်းတို့ဖြင့် အမြန် ပြန်လည်နာလန်ထစေခြင်း တို့ ပါဝင်ပါသည်။ ခွဲစိတ်ပြီးနောက် ခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများမရှိဘဲ ခွဲစိတ်မှုရလဒ်ကောင်းရရှိပြီး လူနာ၏ဘဝအရည်အသွေးနှင့် ပုံမှန်လုပ်ငန်းဆောင်တာများ အမြန်ပြန်လည်လုပ်ဆောင်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ