လိပ်ခေါင်းရောဂါကုသမှုနည်းလမ်းများ
ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုပေါ်မူတည်၍ လိပ်ခေါင်းရောဂါကုသမှုအတွက် အိမ်တွင်းကုထုံးမှ ခွဲစိတ်ကုသမှုထိ နည်းလမ်းအမျိုးမျိုးရှိပါသည်။
ကုသမှုနည်းလမ်းများ |
အတွင်းလိပ်ခေါင်းအဆင့် |
ကုသမှု |
ခွဲစိတ်မှုရလဒ် |
ဆေးရုံတက်ရက် |
ဆေးသောက်ခြင်း |
အဆင့် ၁ (သို့) ၂ |
• ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေးများ သောက်ခြင်း • နာကျင်ခြင်း၊ ယားယံခြင်းနှင့် ရောင်ရမ်းမှုတို့ကို သက်သာစေရန် လိမ်းဆေးခရမ်၊ လိမ်းဆေးအဆီ သို့မဟုတ် စအိုထဲထည့်သောဆေးဖြင့် ကုသခြင်း |
• ပြင်းထန်သောနာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ တကြိမ်လျှင်၁၅ မိနစ်ခန့် နေ့စဉ် ၂ – ၃ ကြိမ် ရေနွေးနွေးဖြင့် စအိုနေရာကို ရေနွေးစိမ်ခြင်းသည် အထောက်အကူဖြစ်နိုင်ပါသည်။ • စအိုထဲထည့်သောဆေးကို ၇ ရက်မှ ၁၀ ရက်အထိ ထည့်နိုင်ပါသည်။ • မသက်သာပါက လိုအပ်သော ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ |
– |
ဆေးထိုးခြင်း |
အဆင့် ၂ |
• လိပ်ခေါင်းကျုံ့စေရန် ဆေးထိုးကုသခြင်း • ဆေးထပ်မံထိုးရန် လိုအပ်နိုင်ပါသည်။ |
• ပြင်ပလူနာအနေဖြင့် ကုသမှုဖြစ်သည်။ • အနည်းငယ်ခန့် မသက်မသာဖြစ်မှု ရှိနိုင်ပါသည်။ |
– |
သားရေကွင်းပစ်ကုသခြင်း (Rubber band ligation) |
အဆင့် ၁ – ၃ |
• သေးငယ်သော ရာဘာကြိုးများဖြင့် သွေးလည်ပတ်မှုကို ဖြတ်တောက်ခြင်း • လိပ်ခေါင်းက ၅ ရက်မှ ၇ ရက်အတွင်း သက်သာသွားပါမည်။
|
• ပြင်ပလူနာအနေဖြင့် ကုသမှုဖြစ်သည်။ • အနည်းငယ်ခန့် မသက်မသာဖြစ်မှု ရှိနိုင်ပါသည်။ • ထိရောက်သော ကုသမှုဖြစ်ပါသည်။ |
– |
လေဆာဖြင့်လိပ်ခေါင်းကုသခြင်း (Laser Hemorrhoidoplasty) |
အဆင့် ၂ – ၄ |
• လိပ်ခေါင်းကို ကျုံ့သွားစေရန် လေဆာဖြင့် လိပ်ခေါင်းသွေးကြောဖောင်းများကို ကုသခြင်း
|
• အများစု လက်ခံထားပြီးသော ထိရောက်သောကုသမှု ဖြစ်သည်။ • နာကျင်မှုအနည်းငယ်ရှိနိုင်ပါသည်။ • အချိန်တိုတွင်း ပြန်လည်ကောင်းမွန်လာပါသည်။ |
၂ ည |
ရေဒီယိုလှိုင်းသုံး၍အပူပေးကုသခြင်း (Radiofrequency Coagulation) |
အဆင့် ၂ – ၄ |
• လိပ်ခေါင်းကို ရေဒီယိုလှိုင်းဟုခေါ်သော အထူးစွမ်းအင်ဖြင့် အပူပေးကုသခြင်း |
• အများစု လက်ခံထားပြီးသော ထိရောက်သောကုသမှု ဖြစ်သည်။ • နာကျင်မှုအနည်းငယ်ရှိနိုင်ပါသည်။ • အချိန်တိုတွင်း ပြန်လည်ကောင်းမွန်လာပါသည်။ • ပြင်ပလူနာအနေဖြင့် ကုသမှုဖြစ်သည်။ |
ဆေးရုံတွင် ညအိပ်ရန် မလို (Day surgery) |
လိပ်ခေါင်းဖြတ်ခြင်း (Hemorrhoidectomy) |
အဆင့် ၃ – ၄ |
• လိပ်ခေါင်းဖြတ်ခြင်း
|
• ထိရောက်သောကုသမှုဖြစ်သည်။ • နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ချေနည်းသည်။ |
ဆေးရုံတွင် ညအိပ်ရန် မလို (Day surgery) သို့မဟုတ် ၂ ည ဆေးရုံတက်ရန် လိုအပ်ပါသည်။ |
လိပ်ခေါင်းသွေးကြောထုံးအား stapler ဖြင့် ကုသခြင်း (Stapled Hemorrhoidopexy) |
လုံးပတ်လည် အဆင့် ၃ – ၄
|
• လိပ်ခေါင်းသွေးကြောထုံးအား stapler ဖြင့် ကုသခြင်း |
• နာကျင်မှုအနည်းငယ်ရှိနိုင်ပါသည်။ • အချိန်တိုတွင်း ပြန်လည်ကောင်းမွန်လာပါသည်။ |
၂ ည |
THD ကုထုံးဖြင့် လိပ်ခေါင်းကုသခြင်း (Transanal Hemorrhoidal Dearterialization) |
လုံးပတ်လည် အဆင့် ၃ – ၄ |
• THD ကုထုံးဖြင့် လိပ်ခေါင်းကုသခြင်းသည် လိပ်ခေါင်းသွေးလွှတ်ကြောများကို anoscope မှန်ပြောင်းမှတဆင့် doppler transducer ဖြင့် လိပ်ခေါင်းဆီသို့ သွေးစီးဆင်းမှုကို ကန့်သတ်ရန်အတွက် ချုပ်ရိုးချည်နှောင်ပြီး ကုသခြင်း |
• ခွဲစိတ်ဒဏ်ရာနှင့် ဖြတ်တောက်ခွဲစိတ်မှုမရှိပါ။ • နာကျင်မှုအနည်းငယ်ရှိနိုင်ပါသည်။ • အချိန်တိုတွင်း ပြန်လည်ကောင်းမွန်လာပါသည်။ |
၁ ည |