အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

လိပ်ခေါင်းရောဂါအဆင့်အမျိုးမျိုးအတွက် ကုသမှု

အတွင်းလိပ်ခေါင်းဆိုသည်မှာ စအိုလမ်းကြောင်းရှိ သွေးပြန်ကြောကွန်ယက်များ ဖောင်းလာခြင်း သို့မဟုတ် ရောင်ရမ်းခြင်းဖြစ်သည်။

ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုပေါ်မူတည်၍ လိပ်ခေါင်းရောဂါကုသမှုအတွက် အိမ်တွင်းကုထုံးမှ ခွဲစိတ်ကုသမှုထိ နည်းလမ်းအမျိုးမျိုးရှိပါသည်။

အဆင့် ၁

စအိုအတွင်းပိုင်းတွင်သာ သွေးကြောဖောင်းခြင်းဖြစ်ပြီး ဝမ်းသွားလျှင် သို့မဟုတ် ဝမ်းသွားပြီးနောက် သွေးကျခြင်းရှိကောင်းရှိနိုင်သော်လည်း ပြင်ပမှ မမြင်ရပါ။

အဆင့် ၂

ဝမ်းသွားလျှင် စအိုအပြင်သို့ထွက်လာပြီး ဝမ်းသွားပြီးနောက် အလိုအလျောက် စအိုအတွင်းသို့ ပြန်ဝင်သွားသည်။

အဆင့် ၃

ဝမ်းသွား၊ ချောင်းဆိုး၊ နှာချေ၊ အလေးမလျှင် စအိုပြင်ပသို့ လိပ်ခေါင်းထွက်လာပြီး လက်နှင့်သွင်းလျှင် ပြန်ဝင်နိုင်ပါသည်။

အဆင့် ၄

စအိုပြင်ပသို့ လိပ်ခေါင်းအမြဲထွက်နေပြီး ပြန်သွင်းပါကလည်း မဝင်တော့ပါ။

အန္တရာယ်ရှိနိုင်သောလိပ်ခေါင်း

သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းနှင့်အတူ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးကြောဖောင်းကို ပိနေသော လိပ်ခေါင်းများ

သင့်လျော်သော အစားအသောက်နှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း

ဆေးသောက်ခြင်း

 

ပြင်ပလူနာအနေဖြင့် ဆေးခန်းတွင် ခွဲစိတ်ကုသခြင်း

 

 

ဖြတ်တောက်ခြင်းမပြုလုပ်ဘဲ ကုသခြင်း

(ရေဒီယိုလှိုင်းသုံး၍အပူပေးကုသခြင်း RF COAGULATION၊ လိပ်ခေါင်းကုသခြင်း THD ကုထုံး၊ လေဆာဖြင့်လိပ်ခေါင်းကုသခြင်း LASER HEMORRHOIDOPLASTY၊ လိပ်ခေါင်းသွေးကြောထုံးအား stapler ဖြင့် ကုသခြင်း STAPLED HEMORRHOIDOPEXY)

 

 

 

ခွဲစိတ်ကုသခြင်း

(လိပ်ခေါင်းဖြတ်ခြင်း HEMORRHOIDECTOMY )

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

အူမကြီးနှင့်အစာဟောင်းအိမ် ခွဲစိတ်ကုသမှုဆေးခန်း

ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ