ဘက်ပေါင်းစုံပြုစုစောင့်ရှောက်မှု
ဘန်ကောက်ဆေးရုံကြီး၏ ခွဲစိတ်ကုသမှုစင်တာသည် ခွဲစိတ်ရုံမျှသာမဟုတ်ဘဲ လူနာများ လိုအပ်သော ပြုစုစောင့်ရှောက်မှုများကိုပါ ပေါင်းစပ်ပြီး ဘက်ပေါင်းစုံစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
အစာအာဟာရလိုအပ်ချက်များအတွက် အာဟာရဗေဒပညာရှင်၊ ခွဲစိတ်မှုအပြီး ပြန်လည်သန်စွမ်းရေးအတွက် ကာယကုထုံးဆရာ အစရှိသဖြင့် ကျွမ်းကျင်ပညာရှင်များက ကူညီဆောင်ရွက်ပေးပါသည်။
ခေတ်မီနည်းပညာများ
ရောဂါများကို ကုသရုံသာမက လူနာများပြန်လည်နာလန်ထူခြင်းနှင့် လူနေမှုဘဝအရည်အသွေး ကောင်းမွန်ရေးသည်လည်း ကျွန်ုပ်တို့၏ ကုသမှုအောင်မြင်မှုပန်းတိုင်ဖြစ်ပါသည်။ နောက်ဆုံးပေါ်နည်းပညာများဖြင့် လူနာအမြန်ပြန်လည်ကောင်းမွန်လာစေရန် ခွဲစိတ်မှုအများစုကို အသေးငယ်ဆုံးခွဲစိတ်ရာဖြင့် ခွဲစိတ်ခြင်း (minimally invasive surgery) အပြင် ERAS ပရိုတိုကောကိုလည်း ကျင့်သုံးပါသည်။
အချို့သောခွဲစိတ်မှုများတွင် ကျွန်ုပ်တို့သည် ဆေးရုံတွင် ခဏတာသာ နေရန် လိုအပ်သောခွဲစိတ်မှု (one day surgery) ကိုလည်း ဆောင်ရွက်ပေးသောကြောင့် လူနာများ ဆေးရုံတွင် ညအိပ်ရန် မလိုအပ်ပါ။
ခေတ်နှင့်အညီ ဆေးပညာအချက်အလက်များကို မွမ်းမံခြင်း
လျင်မြန်စွာပြောင်းလဲနေသော ဤကမ္ဘာကြီးတွင် လူနာများအတွက် အကျိုးရှိစေမည့် နည်းပညာသစ်များနှင့် စောင့်ရှောက်မှုများကို မကြာခဏ မွမ်းမံကြပြီး ကျွန်ုပ်တို့၏ ကျွမ်းကျင်ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်သူများသည်လည်း အရှိန်အဟုန်နှင့်အမှီလိုက်ရန် အသင့်ရှိပါသည်။ စင်တာမှ ဝန်ထမ်းများ၏ ဆေးပညာဆိုင်ရာအသိပညာများအား အမြဲသစ်လွင်နေစေရန် ၎င်းတို့နှင့် သင့်လျော်သော ဆေးဘက်ဆိုင်ရာအစည်းအဝေးများ တက်ရောက်ရန်လည်း စီစဉ်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် အသင်းအဖွဲ့အနေဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပါသည်။
ရှုပ်ထွေးသော သို့မဟုတ် အန္တရာယ်များသော ကျန်းမာရေးအခြေအနေရှိသူ လူနာများအတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံး စောင့်ရှောက်မှုကို ရရှိစေရန် ကျွန်ုပ်တို့အဖွဲ့ အနေဖြင့် ညှိနှိုင်းဆွေးနွေးပွဲများ စီစဉ်ပါသည်။ ဤအစည်းအဝေးသည် ကျွန်ုပ်တို့၏အဖွဲ့ကို တိုးတက်ကောင်းမွန်စေရန် အသိပညာမျှဝေခြင်းလည်းဖြစ်ပါသည်။
LINE CENTER ID: @BHQSurgery