ခွဲစိတ်ကုသမှုစင်တာ

มาตรการตรวจรักษาโรคทางช่องท้องช่วง COVID-19
ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါချိန်အတွင်း ၀မ်းဗိုက်ခွဲစိတ်မှုအတွက် စည်းမျဉ်းစည်းကမ်းများ

ကပ်ရောဂါချိန်အတွင်း အရေးပေါ်ကုသမှုများ

ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါအချိန်တွင် ကြိုတင်ကာကွယ်မှု အစီအမံများနှင့် ရောဂါကူးစက်မှုမရှိစေရန် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများကို တင်းတင်းကျပ်ကျပ် ချမှတ်ထားပါသည်။ ကန့်သတ်ချက်များအချို့ရှိသော်လည်း  အရေးပေါ်အခြေအနေများသည် မည်သူမဆို အချိန်မရွေး မလွဲမသွေဖြစ်ပေါ်နိုင်သည်။ အဖြစ်များဆုံးသော အရေးပေါ်အခြေအနေများအနက် ဝမ်းဗိုက်ရောဂါများသည် လူနာအတွက် ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းရယူရန် လိုအပ်ပါသည်။ ဤအခြေအနေများတွင် ပြင်းထန်သောဝမ်းဗိုက်နာခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ ရုတ်တရက် သည်းခြေအိတ်ယောင်ခြင်း (acute cholecystitis)၊ ရုတ်တရက် မုန့်ချိုအိတ်ယောင်ခြင်း (acute pancreatitis) တို့ပါ၀င်ပါသည်။


သတိပေး ရောဂါလက္ခဏာများ

၀မ်းဗိုက်ပိုင်းဆိုင်ရာ အရေးပေါ်အခြေအနေသည် များသောအားဖြင့် ရုတ်တရက်ဗိုက်အောင့်ခြင်းအခြေအနေနှင့် တွေ့ရတတ်ပါသည်။ ၀မ်းဗိုက်နာသည့်နေရာ သို့မဟုတ် နာသည့်ပုံစံနှင့် ရောဂါလက္ခဏာများသည် ဝမ်းဗိုက်ဆိုင်ရာ မည်သည့်ပြဿနာကြောင့်ဖြစ်နိုင်သည်ကို မှန်းဆနိုင်ပါသည်။ ဥပမာအားဖြင့် 

  • ဝမ်းဗိုက်၏ညာဘက်အပေါ်ပိုင်း သို့မဟုတ် ရင်ညွန့်နေရာတွင် ရုတ်တရက် စူးရှသောနာကျင်မှုသည် သည်းခြေအိတ်ရောဂါများ၊ ရုတ်တရက်သည်းခြေအိတ်ယောင်ခြင်း၊ ရုတ်တရက် မုန့်ချိုအိတ်ယောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းမှ ပြင်းထန်သောနောက်ဆက်တွဲပြဿနာအနေဖြင့် အစာအိမ်အနာပေါက်ထွက်ခြင်း တို့ဖြစ်နိုင်ပါသည်။
  • ၀မ်းဗိုက်၏ ညာဘက်အောက်ပိုင်း၌ နာကျင်မှုသည် ပြင်းထန်သောအူအတက်ယောင်ခြင်း၊ အူလမ်းကြောင်းမူမမှန်ခြင်း (irritable bowel syndrome)  အူယောင်ခြင်းနှင့် အူကျွံခြင်းတို့ဖြစ်‌နိုင်‌ပါသည်။
  • အသားဝါခြင်းနှင့် မျက်လုံးဝါခြင်းသည် သည်းခြွေပြွန်များပိတ်ခြင်းကြာင့် အသည်းနှင့် သည်းခြေဆိုင်ရာရောဂါများဖြစ်နိုင်‌သည်ဟု ယူဆနိုင်ပါသည်။ အကယ်၍ ၎င်းတို့ကို မစမ်းသပ်ဘဲ သို့မဟုတ် မကုသဘဲ ထားမည်ဆိုပါက အသက်အန္တရာယ်ရှိလာနိုင်ပါသည်။ ထိုအခြေအနေများတွင် သည်းခြေအိတ်ကျောက်တည်ခြင်း၊
    မုန့်ချိုအိတ်တွင်အကျိတ်ဖြစ်ခြင်း၊ သည်းခြေပြွန်တွင် အကျိတ်ဖြစ်ခြင်း၊ အသည်းအကျိတ်ဖြစ်ခြင်း၊ နှင့် ဘုံသည်းခြေပြွန်ကို ဖိမိစေသော သည်းခြေအိတ်ကျောက်များစွာရှိခြင်း သို့မဟုတ် သည်းခြေအိတ်ကျောက်အရွယ်အစားကြီးခြင်း တို့ပါဝင်ပါသည်။
  • လူနာများသည် ပုံမှန်အတိုင်း ပြင်ပလူနာဌာနတွင် လာရောက်ပြသနိုင်ပါသည်။ သို့သော်လည်း ဆေးရုံမှ ထိတွေ့မှုနေရာအားလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ကန့်သတ်ချက်များနှင့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ချမှတ်ထားပါသည်။  စစ်ဆေးမှု‌သည် ဝင်ပေါက်နှင့် ထွက်ပေါက်များတွင် ရှိပါသည်။
  • ကိုဗစ်သံသယရှိသောလူနာ/ ကိုဗစ်အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သောလူနာများ သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိသောလူနာများအတွက် ဆေးရုံသို့လာရောက်သော အခြားသူများဆီသို့ ရောဂါပိုးကူးစက်မှုမရှိစေရန် သီးသန့် ပြင်ပလူနာဌာနအနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
  • ကျန်းမာရေးစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းတို့ကြောင့် ပါးစပ်၊ နှာခေါင်းမှ အမှုန်အမွှားများ လွင့်စင်ထွက်လာနိုင်ပါသည်။ ထို့ကြောင့် ထိုအမှုန်အမွှားများနှင့် ထိတွေ့မှုမှ ကာကွယ်ရန် သမားတော်များမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို တင်းတင်းကြပ်ကြပ် လိုက်နာကြရပါမည်။ ထို့အပြင် မကြာခဏ လက်ဆေးပြီး ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်အိတ်တို့ကို အချိန်ပြည့်၀တ်ဆင်ထားရန် လိုအပ်ပါသည်။ လူနာများသည်လည်း ကျန်းမာရေးစစ်ဆေးနေချိန်တလျှောက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ရန် လိုအပ်ပါသည်။
  • Telemedicine ဝန်ဆောင်မှုများကို Bangkok Hospital Delivery Services မှတဆင့် အလွယ်တကူ ရရှိနိုင်ပါသည်။ ဘန်ကောက်မြို့တွင် နေထိုင်သူများအတွက် အိမ်အရောက် သွေးဖောက်ပေးခြင်းနှင့် ဆေးဝါးပို့ပေးခြင်း တို့ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
  • ခွဲစိတ်ရမည့်အခြေအနေတွင် လူနာနှင့် မိသားစုဝင်လူနာစောင့်သည် ချမှတ်ထားသော စည်းကမ်းအရ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးရပါမည်။ စစ်ဆေးမှုရလဒ်အရ ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်မည်ဖြစ်ပါသည်။

 


ကိုဗစ် 19 ကပ်ရောဂါချိန်အတွင်း မှန်ပြောင်းဖြင့် ၀မ်းဗိုက်ခွဲစိတ်မှု (Laparoscopic Abdominal Surgery)

မှန်ပြောင်းအသုံးပြု၍၀မ်းဗိုက်ခွဲစိတ်ခြင်းသည် သမားရိုးကျ ခွဲစိတ်မှုထက် သာလွန်ကောင်းမွန်သော အားသာချက်များ ရှိပါသည်။ ထိုးဖောက်မှုနည်းသောခွဲစိတ်မှုတစ်ခုအနေဖြင့် မှတ်ယူထားလို့ရပါသည်။ Laparoscopic Surgery သည် ခွဲစိတ်ဆရာဝန်အား အရေပြားအတွင်း ကြီးမားသောခွဲစိတ်မှုမပြုလုပ်ဘဲ ဝမ်းဗိုက်အတွင်းပိုင်းသို့ ဝင်ရောက်နိုင်စေပါသည်။ ခွဲစိတ်မှုကို 5-12 မီလီမီတာအရွယ် သေးငယ်သော ခွဲစိတ်မှုများမှတစ်ဆင့် တိကျစွာလုပ်ဆောင်နိုင်ပါသည်။ မှန်ပြောင်းအသုံးပြု၍ခွဲစိတ်မှု၏ သိသာထင်ရှားသော အကျိုးကျေးဇူးများမှာ သေးငယ်သော ခွဲစိတ်မှု၊ နာကျင်ခြင်းနည်းပါးစေမှု၊ သွေးဆုံးရှုံးမှုနည်းပြီး ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲပြဿနာများ နည်းပါးစေခြင်း၊  ပြန်လည်နာလန်ထူချိန် ပိုမိုမြန်ဆန်ခြင်း၊ ဆေးရုံတက်ရသည့် အချိန်တိုတောင်းခြင်းနှင့် နေ့စဉ်ဘဝသို့ အမြန်ပြန်လည်‌ရောက်ရှိ‌စေခြင်းတို့ဖြစ်ပါသည်။

ကိုဗစ် 19 ကပ်ရောဂါကာလအတွင်း ကူးစက်မှုများမှကာကွယ်ရန် ဘန်ကောက်ဆေးရုံတွင် မှန်ပြောင်းအသုံးပြု၍ခွဲစိတ်မှုကို အမြင့်ဆုံး အဆင့်ဖြင့် အထူးကြပ်မတ်ကာ ကူးစက်ထိန်းချုပ်ရေးမူဝါဒ အောက်တွင် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့မှာ :


ပစ္စည်းကိရိယာများနှင့် ခွဲစိတ်ခန်းများ

  • ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း ပြင်ပနေရာများမှရောဂါပိုးမွှားများ ၀င်ရောက်ပြီး ထိတွေ့ကူးစက်မှုမှကာကွယ်ခြင်းနည်းဗျူဟာအနေဖြင့် ခွဲစိတ်ခန်းကို positive pressure လေ၀င်လေထွက်ရရှိအောင် ပြုလုပ်ဖန်တီးထားပါသည်။ တစ်နာရီလျှင် အခန်းတွင်းလေ၀င်လေထွက်လဲလှယ်နေမှုသည် နိုင်ငံတကာစံနှုန်းနှင့်အညီလိုက်နာ၍ပြုလုပ်ထားပါသည်။
  • Electrosurgery မှ ထွက်လာသောမီးခိုးငွေ့များ ၊ လေဆာဖြင့် တစ်သျူးများကိုလောင်ကျွမ်းစေခြင်း (laser tissue ablation) ၊ သို့မဟုတ် အခြားသော ခွဲစိတ်မှုနည်းပညာများကြောင့် မီးခိုးများ ထွက်ပေါ်လာလျှင် ရောဂါပိုးမွှားများနှင့် ရောဂါဖြစ်စေသော အမှုန်အမွှားများကို စစ်ထုတ်ပေးနိုင်သော အထူးဇကာကို အသုံးပြုကာ မီးခိုးငွေ့များကို ကုန်စင်အောင်စွန့်ထုတ်ပေးပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခွဲစိတ်နေစဉ်အတွင်း လူနာနှင့် ကျန်းမာရေး၀န်ထမ်းများကို ဘေးကင်းလုံခြုံစေရန် သေချာစေပါသည်။
  • ခွဲစိတ်ခန်းအတွင်း  အလွန်သေးငယ်လှသော အဏုဇီ၀ပိုးမွှားများပေါက်ပွါးခြင်းမှ ဖိနှိပ်ထိန်းချုပ်နိုင်ရန်အတွက် အခန်းအပူချိန်နှင့် စိုထိုင်းဆကိုလည်း ကောင်းစွာထိန်းညှိထားပါသည်။
  • ခွဲစိတ်မှုမစတင်ခင် ခွဲစိတ်ခန်းသုံးကိရိယာများနှင့် စက်ပစ္စည်းများအားလုံးကို သန့်စင်ထားပြီးပိုးသတ်ထားပါသည်။ ကူးစက်နိုင်သော အမှုန်အမွှားများကို လေ၀င်လေထွက်လုံလောက်မှုရှိသောပမာဏဖြင့် ဖယ်ရှားပြီးနောက်

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ခွဲစိတ်ကုသမှုစင်တာ

ပထမထပ်၊ D Building၊ ဘန်ကောက်ဆေးရုံကြီး

တနလႅာ၊ ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ