ကျန်းမာရေးစစ်ဆေးမှုအတွက် ပြင်ဆင်မှုများ
(၁) ဆေးစစ်ရက်ချိန်းမတိုင်မီ အနည်းဆုံး ၆ နာရီမှ ၈ နာရီထိ အစာနှင့်ရေရှောင်ရန် လိုအပ်ပါသည်။ ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်တွင် အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ စအိုမှ ဆေးရည်ထည့်ပြီး ဓာတ်မှန်ရိုက်ခြင်း (Barium Enema)၊ သို့မဟုတ် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း စစ်ဆေးရန်မပါသော လူနာများတွင် ရေအနည်းငယ်သောက်နိုင်ပါသည်။
(၂) လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် ယူဆောင်လာပါ။
(၃) အမျိုးသမီးများအတွက် ရာသီသွေးသည် ဆီးနမူနာတွင်ပါလာနိုင်သောကြောင့် ဆီးစစ်ရန်အကောင်းဆုံးအချိန်သည် ဓမ္မတာလာပြီး တစ်ပတ်အကြာတွင် ဖြစ်ပါသည်။
(၄) ထိုင်းနိုင်ငံတွင် နေထိုင်သူများအနေဖြင့် Contact Center 1719 မှတစ်ဆင့် ကြိုတင်ရက်ချိန်းယူနိုင်ပါသည်။ ရက်ချိန်းဖျက်လိုလျှင် သို့မဟုတ် ရက်ချိန်းပြောင်းလိုလျှင် Contact Center 1719 သို့ ဆက်သွယ်နိုင်ပါသည်။
* ဆေးရုံမှ အခါအားလျော်စွာ ဈေးနှုန်းများအား ပြောင်းလဲနိုင်ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ
(၁) ယခင်က ဘန်ကောက်ဆေးရုံကြီး၌ ပြသထားသော မှတ်တမ်းများမရှိပါက စာရင်းသွင်းကောင်တာတွင် စာရင်းသွင်းပါ။ စာရင်းသွင်းရန်အတွက် မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် လိုအပ်ပါသည်။
(၂) လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုအတွက် အဆောက်အဦး R ၊ ၅ လွှာသို့ ဆက်သွယ်ပါ။
(၃) မေးခွန်းပုံစံတွင် ကိုယ်ရေးရာဇဝင် အချက်အလက်များ၊ ကျန်းမာရေး အချက်အလက်နှင့် လူနေမှုပုံစံ တို့ကို ဖြည့်စွက်ရပါမည်။
(၄) ကိုယ်အလေးချိန်နှင့် အရပ်အမြင့် တို့ကို တိုင်းတာပါမည်။ မျက်စိစစ်ဆေးမှု ပြုလုပ်ပါမည်။
*ကျန်းမာရေးစစ်ဆေးမှုကုန်ကျစရိတ်အတွက် အဆောက်အဦး R , 5လွှာတွင်ရှိသော ငွေရှင်းကောင်တာတွင် ငွေပေးချေပါ။
* ကိုယ်အလေးချိန်နှင့် အရပ်အမြင့် စသည်တို့ကို တိုင်းတာရပါမည်။ မျက်စိအမြင်ဆိုင်ရာစစ်ဆေးမှုများကိုစစ်ဆေးရပါမည်။
*သွေးစစ်ဆေးမှုများကို လုပ်ဆောင်ရပါမည်။
* စစ်ဆေးမှုရလဒ်ကို ဆရာဝန်မှ သိရှိရမှာဖြစ်ပြီး သိလိုသည်များ၊ မေးခွန်းများကို ဆရာဝန် နှင့်ဆွေးနွေးနိုင်ပါသည်။
မှတ်ချက် : ကျန်းမာရေးစစ်ဆေးမည့် လူနာများအတွက် စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေချိန်အတွင်းအဆာပြေမုန့်များနှင့် သောက်စရာများကို ရရှိနိုင်ပါသည်။