ကျန်းမာရေးစစ်ဆေးခြင်းစင်တာ

လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်း မပြုလုပ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ

  1. ဆေးစစ်ရက်ချိန်းမတိုင်မီ ၄၈ နာရီအတွင်း  အလွန်ကျယ်လောင်သောအသံနားထောင်ခြင်း၊ အလွန်ဆူညံသောအသံရှိရာနေရာသွားခြင်း တို့ကို ရှောင်ကြဥ်ရပါမည်။
  2. ကျန်းမာရေးမစစ်ဆေးမီ ၄၈ နာရီအတွင်း ရေကူးခြင်း၊ တောင်တက်ခြင်းများကိုလည်း ရှောင်ကြဉ်ရပါမည်။
  3. ကျန်းမာရေးမစစ်ဆေးမီ နှစ်ပတ်အတွင်း အအေးမိခဲ့လျှင် ဆရာ၀န်အား အသိပေးပါ။
  4. ကျန်းမာရေးမစစ်ဆေးမီ ၄၈ နာရီအတွင်း လေယာဉ်ဖြင့် ခရီးသွားခြင်းရှိခဲ့လျှင် ဆရာ၀န်အား အသိပေးပါ။

ဓာတုပစ္စည်းအန္တရာယ်များအတွက် ကျန်းမာရေးစစ်ဆေးမှု ပြင်ဆင်ခြင်း

Benzene နှင့် Toluene ဓာတ်စစ်ဆေးမှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း

  • ကျန်းမာရေးမစစ်ဆေးမီ အနည်းဆုံး ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ရပါမည်။
  • ကျန်းမာရေးမစစ်ဆေးမီ အနည်းဆုံး ၅ ရက်အတွင်း ကြာရှည်ခံပစ္စည်းများပါ၀င်သော အစားအသောက်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမည်။

Arsenic ဓာတ်စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

  • ကျန်းမာရေးမစစ်ဆေးမီအနည်းဆုံး ၅ ရက်အတွင်း ပင်လယ်စာ၊ ရေညှိ၊ ဆေးဖက်၀င်အရွက်များ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။
  • ကျန်းမာရေးမစစ်ဆေးမီအနည်းဆုံး ၅ ရက်အတွင်း လက်ဖက်ရည် မသောက်ရပါ။

* ဆေးရုံမှ အခါအားလျော်စွာ ဈေးနှုန်းများပြောင်းလဲနိုင်ပါသည်။

ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ

  1. ယခင်က ဘန်ကောက်ဆေးရုံကြီး၌ ပြသထားသော မှတ်တမ်းများမရှိပါက စာရင်းသွင်းကောင်တာတွင် စာရင်းသွင်းပါ။ စာရင်းသွင်းရန်အတွက် မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် လိုအပ်ပါသည်။
  2. လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုအတွက် အဆောက်အဦး R ၊ ၅ လွှာသို့ ဆက်သွယ်ပါ။
  3. မေးခွန်းပုံစံတွင် ကိုယ်ရေးရာဇဝင် အချက်အလက်များ၊ ကျန်းမာရေး အချက်အလက်နှင့် လူနေမှုပုံစံ တို့ကို ဖြည့်စွက်ရပါမည်။
  4. ကိုယ်အလေးချိန်နှင့် အရပ်အမြင့် တို့ကို တိုင်းတာပါမည်။ မျက်စိစစ်ဆေးမှု ပြုလုပ်ပါမည်။
  5. သွေးစစ်ဆေးပါမည်။ သူနာပြု သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းမှ စစ်ဆေးမှုတစ်ခုချင်းစီအတွက် ကူညီပါမည်။
  6. စစ်ဆေးမှုရလဒ်ကို ဆရာဝန်မှ ဆွေးနွေးပေးမှာဖြစ်ပြီး သိရှိလိုသည်များကို ဆရာဝန်နှင့်ဆွေးနွေး‌နိုင်ပါသည်။

မှတ်ချက်စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေချိန်အတွင်း ကျန်းမာရေးစစ်ဆေးသည့်လူနာများအတွက် အဆာပြေမုန့်များနှင့် သောက်စရာများကို ရရှိနိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ကျန်းမာရေးစစ်ဆေးခြင်းစင်တာ

ပဥ္မမထပ်၊ R Building

နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၃ နာရီ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

ကျန်းမာ

ကျန်းမာ