ဘန်ကောက်ဆေးရုံကြီး၏ အဆုတ်နှင့်ရင်ခေါင်းအထူးကုစင်တာသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ရောဂါရှာဖွေခြင်း၊ ကုသခြင်း ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ဤအဆုတ်စင်တာသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ကုသမှုပေးနိုင်ရန် အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်ကြီးများ၏ ဦးဆောင်မှုအောက်တွင် အသက်ရှူလမ်းကြောင်းရောဂါများကို ထိရောက်စွာကုသမှုပေးနိုင်သော ဆေးဘက်ဆိုင်ရာဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားပါသည်။ ထို့အပြင် ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် နောက်ဆုံးပေါ် ဆေးကုသမှုလမ်းညွှန်ချက်များကိုပေးနိုင်ရန် အဆုတ် နှင့်ရင်ခေါင်းအထူးကုစင်တာမှ စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။
အဆုတ်စင်တာရှိ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းသမားတော်ကြီးများသည် တီဘီရောဂါ၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ၊ အဆုတ်လေအိတ်ရောင်ရောဂါ နှင့် ပန်းနာရင်ကျပ်ရောဂါကဲ့သို့သော နာတာရှည်အဆုတ်ရောဂါအမျိုးမျိုးအတွက် ကုသမှုနည်းလမ်းအမျိုးမျိုးဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသော ရောဂါများ
- အဆုတ်ရောဂါ နှင့် ဓာတ်မတည့်ရောဂါများ
- နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ
- အဆုတ်လေအိတ်များပျက်စီးခြင်း
- အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ လေပြွန်ပြည်တည်နာဖြစ်ခြင်း
- အရေးပေါ်နှင့် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်သည့်အခြေအနေများ
- ရက်ရှည်ချောင်းဆိုးခြင်း
- အဆုတ်ကင်ဆာ
- ပန်းနာရင်ကြပ်ရောဂါ
ရောဂါရှာဖွေသည့်နည်းပညာများ
- အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
- အဆုတ်အသားစယူစစ်ဆေးခြင်း
- အဆုတ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
- ရင်ခေါင်းအတွင်းမှန်ပြောင်းကြည့်၍ရောဂါရှာဖွေကုသခြင်း
- ဝမ်းဗိုက်မှအပေါက်ဖောက်၍မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း
အဆုတ်စင်တာတွင်ကုသမှုပေးလျက်ရှိသော အထူးကုဆရာဝန်များ
- ခွဲစိတ်ကုသမှုလိုအပ်သောရောဂါအခြေအနေများအတွက် အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ဆရာဝန်များ
- ကင်ဆာရောဂါများအတွက် ရောဂါရှာဖွေကုသမှုပေးရန် ကင်ဆာအထူးကုဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်ကြီးများ
- အဆုတ်လုပ်ဆောင်ချက် ပြန်လည်အားကောင်းလာစေရေးအတွက် ဆွေးနွေးလေ့ကျင့်ပေးရန် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီးများ
- ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော အဆုတ်ရောဂါဝေဒနာများကို ကုသမှုပေးနိုင်ရန် ကိုယ်ခံအားဆိုင်ရာရောဂါနှင့် ဓာတ်မတည့်ရောဂါဆိုင်ရာအထူးကုများ