ထိခိုက်ဒဏ်ရာ

ဘန်ကောက်ဆေးရုံကြီး၏ ထိခိုက်ဒဏ်ရာအထူးကုစင်တာသည် ၂၄ နာရီ အသင့်အနေထားဖြင့် ဒဏ်ရာရလူနာများကို စနစ်တကျ ကုသပေးလျက်ရှိပါသည်။ 

ဝန်ဆောင်မှုများတွင် အရေးကြီးသော ပြုစုစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ထိခိုက်ဒဏ်ရာရလူနာများအတွက် တိကျသေချာသော ခွဲစိတ်မှုမှစ၍ အလုံးစုံ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများအထိ ပါဝင်ပါသည်။  

လူနာများအနေဖြင့် မည်သည့်အချိန်တွင်မဆို အရေးကြီးသောကုသမှုကိုခံယူရန်၊ ခွဲစိတ်ဆရာဝန်များ သို့မဟုတ် အထူးကုဆရာဝန်များကို စောင့်ဆိုင်းရမှုမရှိစေရန် အမြဲပြင်ဆင်ထားပါသည်။

အရေးပေါ်တုံ့ပြန်မှုများအတွက် ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ပံ့ပိုးကူညီမှုအဖွဲ့များသည် သေချာစွာလေ့ကျင့်သင်ကြားထားပြီး အမြဲအသင့်ရှိနေပါသည်။ ထို့အပြင် ဘန်ကောက်ဆေးရုံကြီးသည် ဆေးဘက်ဆိုင်ရာ၊ ဘေးကင်းရေးနှင့် အရည်အသွေးအတွက် JCI နိုင်ငံတကာအသိအမှတ်ပြု ရွှေတံဆိပ်စံနှုန်းများအတိုင်း စောင့်ရှောက်ကုသပေးလျက်ရှိပါသည်။

ထိခိုက်ဒဏ်ရာဆိုင်ရာကုသမှုနှင့် အခြားအထူးပြုဘာသာရပ်ခွဲများအတွက် ဘုတ်အဖွဲ့မှ အသိအမှတ်ပြုခွဲစိတ်ဆရာဝန်များဖြင့် ခွဲစိတ်ကုသပေးလျက်ရှိပါသည်။

  • ထိခိုက်ဒဏ်ရာနှင့် အပူလောင်ခြင်းအတွက် ခွဲစိတ်ကုသမှု
  • အထွေထွေခွဲစိတ်မှု
  • အာရုံကြောဆိုင်ရာခွဲစိတ်မှု
  • အရိုးခွဲစိတ်မှု
  • အရေးပေါ်ဆေးပညာ
  • ရင်ခေါင်းခွဲစိတ်မှု
  • သားဖွားမီးယပ်
  • မေ့ဆေးပညာ
  • အထူးကြပ်မတ်ကုသဆောင်
  • ဓာတ်မှန်ရိုက်ခြင်း
  • အလှအပဆိုင်ရာအစားထိုးပြုပြင်ခွဲစိတ်မှု
  • လက်နှင့် အသေးစားခွဲစိတ်မှု
  • မေးရိုးနှင့် မျက်နှာ ခွဲစိတ်မှု
  • ကလေးခွဲစိတ်မှု
  • မျက်စိပညာ
  • ပြန်လည်အစားထိုးကုသခြင်း
  • သွေးကြောခွဲစိတ်ခြင်း
  • Hyperbaric Oxygen ကုထုံး
  • အူမကြီးခွဲစိတ်မှု
  • အရေးပေါ်ဌာန
  • Surgery Suites (Hybrid OR နှင့် minimally invasive surgery ခွဲစိတ်ဒဏ်ရာအနည်းဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်မှု)

အရေးပေါ်ဌာန

ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားသော လူနာများကို အမြင့်မားဆုံး အရည်အသွေးနှင့် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးဆောင်သော ဌာနဖြစ်ပါသည်။  ခွဲစိတ်လူနာအထူးကြပ်မတ်ကုသဆောင်တွင် ကယ်ဆယ်ရေး ပစ္စည်းကိရိယာအစုံနှင့် စောင့်ကြည့်ခြင်း၊ ပုံရိပ်ဖော်ခြင်းနှင့် အသက်ကယ်ခြင်းဆိုင်ရာ အဆင့်မြင့်စက်ပစ္စည်းများ တပ်ဆင်ထားပါသည်။

ခွဲစိတ်ခန်း

ဘန်ကောက်ဆေးရုံကြီးတွင် အတွင်းလူနာဆောင် ခွဲစိတ်ခန်း ၁၇ ခန်း ထားရှိပြီး အပြင်းထန်ဆုံး ဒဏ်ရာရလူနာများကို ကုသရန်အတွက် အခန်းနှစ်ခန်း ရှိပါသည်။  ကျွန်ုပ်တို့၏ခွဲစိတ်ခန်းများသည် ၂၄ နာရီ ၇ ရက်ပတ်လုံး၊ ၃၆၅ ရက်တစ်နှစ်ပတ်လုံး ဒဏ်ရာရလူနာရောက်ရှိပြီး မိနစ်ပိုင်းအတွင်း အသုံးပြုရန်အတွက် အမြဲအဆင်သင့်ဖြစ်နေပါသည်။

  • ခွဲစိတ်လူနာအထူးကြပ်မတ်ကုသဆောင်
  • အပူလောင်ခြင်းဆိုင်ရာကုသမှုယူနစ်
  • သွေးကြောအထူးကုစင်တာ
  • ကျောရိုးအထူးကုစင်တာ
  • ဓာတ်ခွဲခန်းနှင့် သွေးလှူဘဏ်
  • ၂၄ နာရီ CT scan MRI နှင့် Digital Subtraction Angiography (DSA)
  • Hyperbaric Oxygen ကုထုံး
  • ပြန်လည်သန်စွမ်းရေးစင်တာ

အရေးပေါ်အခြေအနေတွင် ဆက်သွယ်ရန်

Bangkok Trauma Center Tel.  ၁၇၂၄

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ