မီးလောင်ဒဏ်ရာများ
မီးလောင်ဒဏ်ရာများကို ပြုစုစောင့်ရှောက်ရန်၊ နာကျင်မှုကို သက်သာရာရစေပြီး ဒဏ်ရာကို တတ်နိုင်သမျှ အမြန်ဆုံးကုသရန် လိုအပ်ပါသည်။ ဘန်ကောက်ဆေးရုံကြီးရှိ Medevac စင်တာသည် အတွေ့အကြုံရှိသော ဘက်ပေါင်းစုံမှ ဆေးဖက်ဆိုင်ရာဝန်ထမ်းများနှင့် အတူ ခေတ်မီစက်ကိရိယာများ နည်းပညာများဖြင့် မီးလောင်ဒဏ်ရာရ လူနာများကို ကနဦးဆေးရုံတက်ချိန်မှစပြီး ဒဏ်ရာများ၏နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် သို့မဟုတ် အမာရွတ်များသေးစေရန်အတွက် ပြုစုစောင့်ရှောက်ရန် အသင့်ရှိနေပါသည်။
မီးလောင်ဒဏ်ရာ အမျိုးအစားများ
အရေပြား၏ မျက်နှာပြင် ထိခိုက်မှုပေါ်မူတည်၍ မီးလောင်ဒဏ်ရာကို အမျိုးအစား ၃မျိုး ခွဲခြားထားသည်။
ပထမဒီဂရီမီးလောင်ဒဏ်ရာ – ၎င်းသည် အရေပြား၏ အပြင်ဘက်အလွှာ (epidermis) ကိုသာ သက်ရောက်မှုရှိသည်။ မီးလောင်တဲ့နေရာသည် နီရဲပြီး ထိမိလျှင် နာကျင်မှုရှိသည်။ ဒဏ်ရာတဝိုက်ရှိ အရေပြားမှာ နဂိုအတိုင်းဖြစ်ပြီးအရည်ကြည်ဖုမရှိပါ။ ၎င်းသည် သူ့အလိုလို ပျောက်ကင်းနိုင်ပြီး အရေပြားယားယံခြင်းမှ ကာကွယ်ရန် ဂရုစိုက်ပြီးလုပ်ဆောင်ရမည်။ ဒဏ်ရာသည် နီမြန်းခြင်း သို့မဟုတ် မည်းမှောင်ခြင်းစသည့် အရောင်များ ဖြစ်ပေါ်တတ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။
ဒုတိယဒီဂရီမီးလောင်ဒဏ်ရာ – ဤဒဏ်ရာအမျိုးအစားတွင်၊ အရေပြား၏နက်ရှိုင်းသောအလွှာ (dermis) ၏တစ်စိတ်တစ်ပိုင်းထိခိုက်သည်။ လူနာသည် ဒဏ်ရာတစ်ဝိုက်တွင် ပြင်းထန်သော ပူလောင်နာကျင်မှုကို ခံစားရသည်။ မီးလောင်သည့်နေရာတွင် အရည်ကြည်ဖု ဖြစ်လာသည်။ အရေပြားကွဲသွားပါက အနီ သို့မဟုတ် ပန်းရောင်အရေပြား၏ နက်ရှိုင်းသောအလွှာတွင် အရည်ကြည်များ စိမ့်ထွက်နေသည်ကို မြင်တွေ့နိုင်သည်။ ပျက်စီးသွားသည့် အရေပြား ကွာကျပြီး ကျန်းမာသောဆဲလ်များဖြင့် အစားထိုးပြီး ဒဏ်ရာကို ပျောက်ကင်းစေပါသည်။ ဒုတိယဒီဂရီ မီးလောင်မှုကို ပြုစုကုသရာတွင် ဒဏ်ရာကို ပုံမှန်သန့်စင်ခြင်း ပါဝင်သည်။ သို့ပေမယ့် ဒဏ်ရာသည် အရမ်းနက်နေလျှင် အမြန်သက်သာစေရန်နှင့် ရောဂါပိုးမွှားများ ဝင်ရောက်မှုမှ ကာကွယ်ရန် ပျက်စီးနေတဲ့နေရာကို ဖယ်ထုတ်ဖို့ လိုအပ်ပါသည်။ မှန်ကန်သော ပြုစုစောင့်ရှောက်မှုသည် တစ်သျှူးများကို ထိခိုက်မှု လျော့နည်းစေပြီး အမာရွတ်ကြောင့် ပြဿနာများဖြစ်နိုင်ခြေကို လျော့နည်းစေသည်။
တတိယဒီဂရီ မီးလောင်ဒဏ်ရာ – အရေပြား၏ epidermis အလွှာနှင့် dermis အလွှာ နှစ်ခုစလုံး ပျက်စီးသွားပါသည်။ ဒဏ်ရာများသည် ကြွက်သားနှင့် အရိုးများအထိ ရောက်ရှိနိုင်သည်။ ဒဏ်ရာသည် ခြောက်သွေ့မာကျောပြီး မီးလောင်သည့်နေရာတစ်ဝိုက်ရှိ သွေးကြောများ ပိတ်ဆို့သွားပါသည်။ ပျက်စီးနေသောအရေပြားကို တစ်သျှူးအမြှေးပါးအသစ်ဖြင့် အစားထိုးပြီးနောက် တဖြည်းဖြည်းထူလာကာ အမာရွတ် (keloid) ကို ဖြစ်ပေါ်စေနိုင်သည်။ အမြှေးပါးသည် ဒဏ်ရာတဝိုက်ရှိ အရေပြားကို ဆွဲငင်နိုင်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်စေပါသည်။ ပျက်စီးနေသောတစ်ရှူးများကို ဖယ်ရှားပြီး အရေပြားကို အလျင်အမြန်ပြန်လည်ကောင်းမွန်လာစေရန် အရေပြား အစားထိုးခြင်းလိုအပ်နိုင်ပါသည်။ ဤဒဏ်ရာအမျိုးအစားကို ပြုစုစောင့်ရှောက်ခြင်းသည် ရှုပ်ထွေးပြီး အတွေ့အကြုံရှိသောဆေးပညာရှင်အဖွဲ့မှ ကိုင်တွယ်သင့်ပါသည်။
လူနာများ၏စိုးရိမ်ပူပန်မှုများ
- လူနာများသည် ဒဏ်ရာကို ကုသမှုခံယူရာတွင် ပွန်းခြင်း၊ မီးပူလောင်ခြင်းကြောင့်နာကျင်ခြင်း ကို စိုးရိမ်တတ်ကြသည်။
- ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီး ဆုံးရှုံးသွားမည်ကို စိုးရိမ်ကြသည်။ ဥပမာ လက်၊ ခြေ၊ လက်ချောင်း၊ခြေချောင်း
- ထိခိုက်ဒဏ်ရာ၏ပုံပန်းသဏ္ဌာန် ရုပ်ပျက်ဆင်းပျက်အမာရွတ်ဖြစ်မည်ကို ကြောက်ရွံ့ကြသည်။
- အဖြစ်များသောစိုးရိမ်စရာမှာ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ လူနာများစွာအတွက် အလွန်အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။
မီးလောင်ဒဏ်ရာ ကုသမှုလုပ်ငန်းစဉ်
ဆေးအဖွဲ့သည် ဒဏ်ရာပေါ် မူတည်၍ ဒဏ်ရာ၏ ပြင်းထန်မှု၊ အရွယ်အစားနှင့် အတိမ်အနက်ကို ဆုံးဖြတ်မည်ဖြစ်သည်။ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ဆေးအဖွဲ့သည် လိုအပ်သော ကုသမှုများအားလုံးကို လုပ်ဆောင်ရန် အရေးကြီးပါသည် ။
၎င်းတို့တွင်
- သွေးကြောပြင်ပရှိ အရည်များ ဆုံးရှုံးမှု နှင့် အနာကို ပိုးဝင်ခြင်းမှ ကာကွယ်ရန် အရည်ကိုပြန်လည်ဖြည့်တင်းပေးရမည်။ ရောဂါပိုးကူးစက်ခံရပါက ပျက်စီးသွားသော တစ်သျှူးများကို ဖယ်ရှားပြီး အရေပြားအစားထိုးခြင်းများကို လုပ်ဆောင်ရန် လိုအပ်လာနိုင်သည်။ ၎င်းတွင် မည်သည့်ပြဿနာကိုမဆို စောင့်ကြည့်စစ်ဆေးခြင်းအပြင်ရောင်ရမ်းမှုကိုဖြစ်ပေါ်စေသော ကြွက်သားများပေါ်ရှိ ဖိအားကို လျှော့ချရန် အချိန်မီ ခွဲစိတ်ကုသရန် လိုအပ်သည်။နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် ကိုယ်အင်္ဂါအစိတ်ပိုင်း ဆုံးရှုံးခြင်းမှလဲ ကာကွယ်ရပေမည်။
- အနာကျက်မြန်စေရန် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန် ပရိုတင်းအဟာရဓာတ်များစွာကိုစားသုံးပေးရမည်။ အသက်ရှူစက်တပ်ဆင်ခြင်းသည် တချို့သောလူနာများတွင် ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးမည်ဖြစ်ပြီး၊ သေဆုံးမှုနှုန်းကို လျှော့ချပေးမည်ဖြစ်သည်။
သို့သော် ပထမ ၁ – ၂ ပတ်သည် အလွန်အရေးကြီးပါသည်။ မီးလောင်ဒဏ်ရာများကို စနစ်တကျ ကုသခြင်းနှင့် ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။
မီးလောင်ဒဏ်ရာခွဲစိတ်မှုတွင် ပါဝင်သောနည်းပညာ
မီးလောင်ဒဏ်ရာရလူနာများအား ခွဲစိတ်မှုတွင် အသုံးချသည့်နည်းပညာသည် ပြန်လည်ကောင်းမွန်လာစေရန်နှင့်အမာရွတ်များကို လျှော့ချပေးပါသည်။ ၎င်းတွင်
- ရေအားအသုံးပြု၍ခွဲစိတ်ခြင်း (Hydrotherapy) – ဤနည်းပညာသည် ပျက်စီးနေသောတစ်သျှူးများကိုဖယ်ရှားရန် ဖိအားမြင့်ရေ၏သေးငယ်သောဂျက်ကို အသုံးပြုသည်။ ဤနည်းလမ်း၏ အားသာချက်မှာ မပျက်စီးသောတစ်ရှူးများ အထူးသဖြင့် hypodermis အလွှာတွင် ပျက်စီးသွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းစေပြီး အကျိုးဆက်အနေဖြင့် ဒဏ်ရာကို သူ့အလိုလို သက်သာပျောက်ကင်းစေပြီး အရေပြားအစားထိုးကုသမှု လိုအပ်မည်ကို လျော့နည်းစေပါသည်။
- MEEK Micrograft – ဤနည်းလမ်းတွင် အရေပြားအစားထိုးခြင်းအတွက် အရေပြား ဖြတ်တောက်ရခြင်းများပါဝင်သည်။ ၎င်းသည် သမားရိုးကျနည်းလမ်းနှင့် နှိုင်းယှဉ်ပါက အနာ၏ဧရိယာကို ၄ ဆ မှ ၉ ဆအထိ ပိုမိုထိရောက်စွာဖုံးအုပ်နိုင်စေသည်။
- အနာကို ဆေးထည့်ခြင်း – အသုံးပြုထားသော ပတ်တီးအမျိုးအစားသည် အရေပြားကြီးထွားမှုကို အရှိန်မြန်စေပြီး ဘက်တီးရီးယားများကို ဖျက်ဆီးပစ်နိုင်သည့် အထူးစွမ်းရည်ရှိပြီး ဒဏ်ရာကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေပါသည်။ ပတ်တီးစည်းရာတွင် ဆီလီကွန်ပတ်တီးများ၊ အနာလိမ်းဆေး စသည်တို့ပါဝင်ပါသည်။ ယင်းတွင် အနာတစ်ခုစီအတွက် သင့်လျော်သော ပတ်တီးအမျိုးအစားကို ရွေးချယ်ရန်အတွေ့အကြုံရှိ ဆေးအဖွဲ့ရှိရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ
ဘန်ကောက်ဆေးရုံကြီး၏ Medevac Center သည် အတွေ့အကြုံရှိသော ဘက်ပေါင်းစုံမှ ပြီးပြည့်စုံသော ဆေးဘက်ဆိုင်ရာအဖွဲ့နှင့်အတူ ကနဦးဆေးရုံတက်ချိန်မှစ၍ ဒဏ်ရာ၏နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းအထိ ပြုစုစောင့်ရှောက်ရန် အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ခွဲစိတ်ဆရာဝန်များ၊ ကူးစက်ရောဂါအထူးကုများ၊စိတ်ရောဂါအထူးကုများ၊ ပြန်လည်ထူထောင်ရေးဆရာဝန်များ၊ သူနာပြုများ၊ ကိုယ်ကာယပညာရှင်များ၊ ခွဲစိတ်မှုလိုအပ်သည့်ကိစ္စများတွင် မေ့ဆေးဆရာဝန်များမှတဆင့် လူနာများ၏ အပူလောင်ဒဏ်ရာစောင့်ရှောက်မှုကဏ္ဍတိုင်းကို ဂရုတစိုက်ကုသပေးပါသည်။ ပြင်းထန်သော မီးလောင်ဒဏ်ရာများတွင် လူနာအား အပူလောင်ခြင်း ကြောင့်ဖြစ်ပေါ်လာသော ရှော့ခ်အခြေအနေ သို့မဟုတ် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သော အရည်ဖြည့်တင်းပေးခြင်းကဲ့သို့သော ချက်ခြင်းစောင့်ရှောက်မှုပေးနိုင်ရန် သေချာစွာပြင်ဆင်ထားရှိပါသည်။ ထို့အပြင် ကုသရေးလုပ်ငန်းစဉ်တွင် အာဟာရနှင့် ထပ်လောင်းကုသမှုများ ပါ၀င်သည်။ Hyperbaric Oxygen Therapy ကဲ့သို့သော ကုသမှုအားလုံးသည် ပြန်လည်ကောင်းမွန်လာမှုကို မြန်ဆန်စေပြီး တစ်ချိန်တည်းတွင် သေဆုံးမှုနှုန်းကို လျှော့ချပေးခြင်း၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချခြင်း၊ အမာရွတ် (keloids) များကို လျှော့ချပေးမည်ဖြစ်သည်။ ကုသမှုအပြီး ပြုစုစောင့်ရှောက်မှုတွင် လူနာတစ်ဦးစီ ကျန်းမာပြီး ပုံမှန်ဘဝသို့စိတ်ချလက်ချ ပြန်လည်ရောက်ရှိနိုင်သည်ကို သေချာစေရန် ဆရာဝန်ညွှန်ကြားသည့်ရက်ချိန်းအတိုင်း ပြန်ပြရန် လိုအပ်ပါသည်။
မီးလောင်/အပူလောင် ဒဏ်ရာများအတွက် ၁၇၂၄ BDMS MEDVAC CENTER သို့ခေါ်ဆိုပါ။