ထိခိုက်ဒဏ်ရာ

ဒဏ်ရာရပြီးနောက် ပြန်လည်ထူထောင်ရေး အစီအစဉ်

ရုပ်ပိုင်းဆိုင်ရာ အနာတရ သို့မဟုတ် ထိခိုက်ဒဏ်ရာသည် ယာဉ်တိုက်မှု၊ ထိခိုက်မှု၊ ပြုတ်ကျမှုနှင့် အခြားအကြောင်းတရားများအစရှိသည့် ပြင်ပ အားများကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ကို ထိခိုက်မှုအဖြစ်သတ်မှတ်သည်။

ထိခိိုက်ဒဏ်ရာကြီးမားပါက ကြာရှည်စွာ ဆေးရုံတက်ရခြင်း၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ချို့ယွင်းခြင်း၊ ကိုယ်တွင်းအင်္ဂါများ ဆုံးရှုံးခြင်းနှင့် ရေရှည်မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။  ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသာမက စိတ်ဒဏ်ရာများသည်လည်း စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေးနှင့် ငွေကြေးဆိုင်ရာတို့ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။  ဒဏ်ရာကြီးကြီးမားမားရရှိပြီးနောက် အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် နှင့် ပုံမှန်နေ့စဉ်ဘဝတွင် လုပ်ငန်းဆောင်တာများကို လွတ်လပ်စွာလှုပ်ရှားနိုင်ရန် ပြီးပြည့်စုံသောပြန်လည်ထူထောင်ရေးသည် အရေးကြီးပါသည်။  

ဒဏ်ရာရပြီးနောက် ပြန်လည်ထူထောင်ရေးအစီအစဉ်သည် နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေပြီးဆေးရုံတက်ချိန်ကို တိုတောင်းစေသည်ဟု ဆေးပညာအထောက်အထားများစွာက အတည်ပြုထားပါသည်။  ထိခိုက်ဒဏ်ရာရရှိပြီးနောက် ပြန်လည်ထူထောင်ရေးတွက် ပြီးပြည့်စုံသော ဆေးဖက်နှီးနွယ်အဖွဲ့အစည်းတွင် ရုပ်ပိုင်းဆိုင်ရာဆေးပညာနှင့် ပြန်လည်ထူထောင်ရေးသမားတော်၊ ကိုယ်ကာယကုထုံးပညာရှင်၊ လုပ်ငန်းခွင်ကုထုံးပညာရှင်၊ စိတ်ပညာရှင်၊ ဒဏ်ရာစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးတွင် အထူးပြုထားသော သူနာပြုများပါဝင်သည်။  လူနာအား အကောင်းဆုံး ရလဒ်ရရှိရန် လူနာ၏လိုအပ်ချက်များနှင့် ဆွေမျိုးများ၏စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရာတွင် လူနာ၏အခြေအနေ မတူကွဲပြားမှုကြောင့် တစ်ဦးချင်းစီအကဲဖြတ်ခြင်းနှင့် တစ်ဦးချင်းစီအတွက် သီးသန့်ပြန်လည်ထူထောင်ရေးပရိုဂရမ်ကိုပါ အထူးဒီဇိုင်းထုတ်သင့်ပါသည်။

ထိခိုက်ဒဏ်ရာရပြီးနောက် ပြန်လည်ထူထောင်ရေး 

ထိခိုက်ဒဏ်ရာရပြီးနောက် ပြန်လည်ထူထောင်ရေးသည် ဒဏ်ရာကြောင့် ထိခိုက်ဒဏ်ရာရလူနာ၏ ခန္ဓာကိုယ်စနစ်များစွာကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။  ပြင်းထန်မှုနှင့် ရောဂါလက္ခဏာများပေါ်အခြေခံ၍ ပြန်လည်ထူထောင်ရေးစောင့်ရှောက်မှုကိုလုပ်ဆောင်ပါသည်။

1. အရေးပေါ်ပြုစုစောင့်ရှောက်မှုယူနစ်တွင် ပြန်လည်ထူထောင်ရေး

 အရေးပေါ်အခြေအနေတွင်ရှိသော လူနာများသည် ပြင်းထန်သောနောက်ဆက်တွဲများဖြစ်ပွားရန် အန္တရာယ်ပိုများသည်။ ဥပမာ အဆုတ်လုပ်ဆောင်ချက်ကို ထိခိုက်စေသော အသက်ရှူစက်မှတဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ၊ ကြာရှည်စွာ ဆေးရုံတက်ကုသခြင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ သွေးပြန်ကြောများတွင်သွေးခဲများ ဖြစ်ပေါ်ခြင်းကြောင့် ကြွက်သားများ အားနည်းလာသည်။  ဤအရေးကြီးသောအဆင့်တွင် ပြန်လည်ထူထောင်ရေးပန်းတိုင်များသည် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်နှင့် လူနာကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ကောင်းမွန်ရန် ရည်ရွယ်ပါသည်။  ပြန်လည်ထူထောင်ရေးအစီအစဉ်တွင်

  • အဆုတ်ပိုင်းဆိုင်ရာ ကုထုံး
    အဆုတ်ပိုင်းဆိုင်ရာကုထုံးသည် ရင်ဘတ်ကို တီးခေါက်ခြင်း၊ တုန်ခါခြင်း၊ အသက်ပြင်းပြင်းရှူခြင်းနှင့် ချောင်းဆိုးခြင်း အစရှိသည်တို့ပါဝင်သည့် အဆုတ်သို့ လေ၀င်လေထွက် ကောင်းစေရန် ရှင်းထုတ်သည့်နည်းစနစ်တစ်ခုဖြစ်သည်။  အဆုတ်ပိုင်းဆိုင်ရာကုထုံးသည် အသက်ရှူခြင်းလုပ်ငန်းကို လျော့ကျစေသည့် အရည်များကိုဖယ်ရှားပေးပြီး အဆုတ်ကို ချဲ့ကားရန် အားပေးသည်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာကြွက်သားလေ့ကျင့်ရေး
    အသက်ရှူလမ်းကြောင်းဆိုင်ရာကြွက်သားလေ့ကျင့်ရေးသည်တိကျသောလေ့ကျင့်ခန်းများ ဖြင့် အသက်ရှူလမ်းကြောင်းကြွက်သားများ၏ခံနိုင်ရည်နှင့် ကြံ့ခိုင်မှုကို တိုးတက်စေရန် ရည်ရွယ်သည်။

2. နာကျင်မှုကို စီမံခန့်ခွဲခြင်း

ကြွက်သားနာကျင်ခြင်း သို့မဟုတ် အာရုံကြောစနစ်များ နာကျင်ခြင်းကို  အကိုက်အခဲပျောက်ဆေးများအပြင် ပြန်လည်ထူထောင်ရေးနည်းလမ်းများစွာဖြင့် ပြေပျောက်သက်သာစေနိုင်သည်။  ၎င်းတို့တွင်

  • အသက်ရှုလေ့ကျင့်ခန်းနှင့် အပန်းဖြေအနားယူခြင်း
  • နာကျင်မှုသက်သာစေရန် လျှပ်စစ်အာရုံကြောနှိုးဆွပေးခြင်း
  • ကြွက်သားနာများနှင့် ကြွက်သားတောင့်တင်းခြင်းအတွက် အပူ သို့မဟုတ် အအေးဝတ်ကပ်ခြင်း။
  • နာကျင်မှုကို သက်သာစေရန်နှင့် ပြေလျော့စေရန် ဆေးဘက်ဆိုင်ရာ နှိပ်နယ်ခြင်း။

3. အိပ်ရာထဲတွင် လှုပ်ရှားခြင်းနှင့် နေ့စဥ်လေ့ကျင့်မှု၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေခြင်း။

အခြေအနေတည်ငြိမ်သောလူနာများအတွက်အိပ်ရာထဲလှုပ်ရှားနိုင်သောလေ့ကျင့်ခန်းများသည် ကိုယ်တွင်းအင်္ဂါများစွာ၏လုပ်ငန်းဆောင်တာများကို သိသိသာသာတိုးတက်စေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေသည်။ ကိုယ်ကာယကုထုံးဆရာ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် အိပ်ရာထဲလှုပ်ရှားနိုင်သောလေ့ကျင့်ရေးတွင် အောက်ပါတို့ပါဝင်သည်။

  • ခန္ဓာကိုယ်အထက်ပိုင်းနှင့် အောက်ပိုင်း လေ့ကျင့်ခန်းများ ဥပမာ ခြေ၊ လက်များကို လှုပ်ရှားမတင်ခြင်း
  • ဘေးဘယ်ညာလူးလိမ့်ခြင်း
  • ကုတင်ပေါ်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းလှုပ်ရှားခြင်း
  • အိပ်နေသော အနေအထားများ ပြောင်းလဲခြင်း

4. လှုပ်ရှားမှုမြှင့်တင်ခြင်း

 လူနာများ စတင်လှုပ်ရှားနိုင်သည်နှင့် လူနာ၏အခန်းအတွင်း လှုပ်ရှားမှုမြှင့်တင်လေ့ကျင့်ခန်းကို ချက်ချင်းဆိုသလိုလုပ်ဆောင်သင့်သည်။ ဥပမာ မတ်တပ်ရပ်၊ ထိုင်၊ လမ်းလျှောက်။  လေ့ကျင့်မှုပြီးနောက် လူနာများအား အထူးကြပ်မတ်ကုသဆောင်မှ ပုံမှန်ကုသဆောင်များသို့ လွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ အကဲဖြတ်ရပါမည်။

5. အစာမျိုချခြင်းလေ့ကျင့်မှု

 လူနာများ အစားအစာများကို ကောင်းမွန်သေချာစွာ မျိုချနိုင်စေရန် စကားအပြောအဆိုနှင့် လုပ်ငန်းခွင် ကုထုံးဆရာများသည် လူနာ၏ အစာမျိုခြင်းဆိုင်ရာ လုပ်ဆောင်မှုနှင့် မျိုချခြင်းဆိုင်ရာ အခြေအနေများကို အကဲဖြတ်ပါသည်။  ၎င်းလေ့ကျင့်ခန်းသည် အများအားဖြင့် အစာမျိုခြင်းဆိုင်ရာ ကြွက်သားများနှင့် အာရုံကြောများ၏ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သည့် လေ့ကျင့်ခန်းများ ပါဝင်ပါသည်။ လေဖြတ်ခြင်း၊ အသက်ရှူစက်ဖြုတ်ပြီးသည့် အခြေအနေ၊ အချိန်တော်တော်ကြာ နှာခေါင်းပိုက်မှတဆင့်အစာကျွေးခြင်း စသည့် အာရုံကြောဆိုင်ရာ အခြေအနေများကြောင့် အစာမျိုချရန်အတွက် အသုံးပြုသည့်ကြွက်သားများကို အားနည်းစေပြီး မျိုချနိုင်စွမ်းကို ချို့ယွင်းသွားစေသောကြောင့် အဆိုပါ အစာရေမျိုလေ့ကျင့်ခန်းများသည် မျိုချစဉ် အသုံးပြုရသည့် ကြွက်သားများ တိုးတက်စေရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။  

6. သိမှုဆိုင်ရာသင်တန်း

ပြင်းထန်သောဦးနှောက်ထိခိုက်ဒဏ်ရာများ သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ရသော နာမကျန်းမှုများသည်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေသည်။  ပြင်းထန်သောဒဏ်ရာများကြောင့် အသိဉာဏ်ချို့ယွင်းမှုများသည် ထိခိုက်ခံစားရသူတစ်ဦးနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ရောဂါဖြစ်ပွားခံစားရမှု၏ အဓိကအကြောင်းရင်းများဖြစ်သည်။ သိမြင်မှု၊ နားလည်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာ အနှောက်အယှက်များသည် ပြင်းထန်သော ရောဂါအဆင့်တိုင်းတွင် အဖြစ်အများဆုံး အာရုံကြောဆိုင်ရာ သိမြင်မှုဆိုင်ရာအကျိုးဆက်များဖြစ်သည်။  အကဲဖြတ်ပြီးနောက် အသိဉာဏ်ပိုကောင်းစေရေးလေ့ကျင့်ခန်းများကို လုပ်ငန်းခွင်ကုထုံးပညာရှင်များက တစ်ဦးချင်းအလိုက် ဒီဇိုင်းဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

နာလန်ထူချိန်ကာလအတွင်း ပြန်လည်ထူထောင်ရေး

ယင်းအဆင့်တွင် လူနာများအား လေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ၎င်းတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို အလေးအနက်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။  ကိုယ်ကာယပညာရှင်များနှင့် အကြောအဆစ်ကုပညာရှင်များ၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် လူနာ၏ကိုယ်ကာယကြံ့ခိုင်မှုကို နေ့စဉ်နေ့တိုင်း အကဲဖြတ်စောင့်ကြည့်မည်ဖြစ်သည်။  တစ်ဦးချင်းအလိုက်ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြင်ဆင်သည့်အခါတွင် လှုပ်ရှားမှုကို မြှင့်တင်ပေးသည့် သင့်လျော်သော လေ့ကျင့်ခန်းများ (ဥပမာ  လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ဟန်ချက်ထိန်းခြင်းလေ့ကျင့်ခန်းများ) သည်လူနာ၏ ကိုယ်ကာယစွမ်းရည်နှင့် ကိုက်ညီသင့်ပါသည်။

ဆေးရုံဆင်းရန်ဆောင်ရွက်ခြင်း

ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် လူနာများနှင့် ဆွေမျိုးများထံသို့ လိုအပ်သော အကြံဉာဏ်များ ပေးဆောင်မည်ဖြစ်သည်။  ဆေးရုံမှ မဆင်းမီ အသိပညာပေးခြင်းတွင် နေ့စဉ်လူနေမှုဘဝလမ်းညွှန်မှု၊ လူနေမှုပုံစံပြောင်းလဲခြင်း၊ အာဟာရအကြံပြုချက်နှင့် အိမ်မပြန်မီ ပတ်ဝန်းကျင်အနေအထားပြုပြင်ပြောင်းလဲမှုတို့ ပါဝင်သည်။

အိမ်၌ လုပ်ငန်းခွင်နှင့် လုပ်အားစွမ်းရည်မြှင့်တင်ရေးဒီဇိုင်း 

အရေးကြီးသောအခြေအနေများနောက်တွင် (ဥပမာ လေဖြတ်ခြင်း) လူနာ၏လုပ်နိုင်စွမ်းရည်ကို မကြာခဏထိန်းညှိပေးရပါသည်။ အိမ်တွင် ergonomic ချိန်ညှိမှုများသည် တစ်ပါးသူ၏ အကူအညီမပါဘဲ စွမ်းဆောင်ရည်နှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်းနှင့် နေ့စဉ်ဘဝတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်ပါသည်။  နေအိမ် ergonomics တွင် အဆောက်အအုံ နှင့် ကိရိယာပစ္စည်းများ၊ ဥပမာ လုံလောက်သောအလင်းရောင်၊ သင့်လျော်သောလှေကား သို့မဟုတ် ဆင်ခြေလျှောများနှင့် ပြုတ်ကျမှုမှကာကွယ်ရန်အတွက် ချော်ဒဏ်ခံနိုင်သောအခင်းများသေချာစေရန် ပြောင်းလဲပြင်ဆင်ခြင်းတို့ပါ၀င်သည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သက်ဆိုင်သော ဆရာဝန်များ

ဆရာဝန်အားလုံးကို ကြည့်မည်

ကျန်းမာ

ကျန်းမာ